ဒီဇင်ဘာ ၁ ရက်တွင် ထိုင်းအိမ်ရှေ့ မင်းသား ဘုရင် အဖြစ် ထီးနန်း ဆက်ခံ ရန်အတွက် ကြိုတင် ပြင်ဆင်နေကြပြီ

ဒီဇင်ဘာ ၁ ရက်တွင် ထိုင်းအိမ်ရှေ့ မင်းသား ဘုရင် အဖြစ် ထီးနန်း ဆက်ခံ ရန်အတွက် ကြိုတင် ပြင်ဆင်နေကြပြီ
November 2, 2016 Asian Fame

5:22 am
ဒီဇင်ဘာ ၁ ရက်တွင် ထိုင်းအိမ်ရှေ့ မင်းသား ဘုရင် အဖြစ် ထီးနန်း ဆက်ခံ ရန်အတွက် ကြိုတင် ပြင်ဆင်နေကြပြီ
In International News

ဒီဇင်ဘာ ၁ ရက်တွင် ထိုင်း အိမ်ရှေ့ မင်းသား ဘုရင် အဖြစ် ထီးနန်း ဆက်ခံ ရန်အတွက် ကြိုတင် ပြင်ဆင်နေ ကြပြီ

exclusive-thailand-making

(ဘန်ကောက်၊ နိုဝင်ဘာ ၁)

ထိုင်းဘုရင်အဖြစ် အိမ်ရှေ့စံ မင်းသား မဟာဝဇီရ လောင်ကွန်း ထီးနန်း ဆက်ခံရန် အတွက် ပြင်ဆင် စီစဉ်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သူ ထိုင်းဘုရင် ဘူ မိဘော အဒူရာဒတ် ၏ ထီးနန်းအ ရိုက်အရာကို သူ၏ သားကြီးဖြစ်သူ အိမ်ရှေ့စံမင်းသားက ဘုရင် အဖြစ် ဆက်ခံခြင်းအား ဒီဇင်ဘာ ၁ ရက် နေ့တွင် ကျင်းပမည်ဖြစ်သဖြင့် ထို သို့ ကြိုတင် ပြင်ဆင်နေခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံ တပ်မတော်မှ အကြီးတန်း အရာရှိကြီး နှစ်ဦးထံမှ သိရကြောင်း ရိုက်တာ သတင်း တစ် ပုဒ်တွင် ရေးသားထားသည်။

”ကြိုတင် ပြင်ဆင်မှုတွေကို ကျွန်တော်တို့ လုပ်နေကြပါပြီ။ ဒီဇင်ဘာ ၁ ရက်နေ့ အတွက်ကို အားလုံး ကြိုတင် ပြင်ဆင်နေကြပါ ပြီ”ဟု အခြားသော တပ်မတော် အရာရှိကြီး တစ်ဦးက ပြောပါသည်။

”ဒါပေမယ့် အချိန်ကာလ သတ်မှတ်ချက်ဟာ အိမ်ရှေ့မင်း သား အပေါ်မှာလည်း တည်နေပါ သေးတယ်” ဟုလည်း သူက ဆက် လက် ပြောကြားပါသေးသည်။

ပုံမှန် အတိုင်းဆိုပါမူ ထီးနန်း အရိုက်အရာ ဆက်ခံခြင်းကို ဘုရင်ကြီး ကွယ်လွန်ပြီး ၇ ရက်မှ ၁၅ ရက်အတွင်း ကျင်းပပြုလုပ် ရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ့က ပြောသည်။

ယခု ဒီဇင်ဘာ ၁ ရက်နေ့ကို ထီးနန်း အရိုက်အရာ ဆက်ခံမည့် နေ့ အဖြစ် သတ်မှတ်ရခြင်းမှာ အိမ် ရှေ့မင်းသား ၏ ပုဂ္ဂလိက စီးပွားရေး ကိစ္စ တစ်ခုဖြင့် ဂျာမနီနိုင်ငံသို့ ခရီး ထွက်နေခြင်းကြောင့်ဖြစ်သည်ဟု တပ်မတော် အရာရှိကြီး တစ်ဦးက ပြောကြောင်း ကိုလည်း ရိုက်တာသ တင်းဌာနမှ သတင်းတွင် ရေးသား ထားသေးသည်။

အိမ်ရှေ့မင်းသားသည် ယခု လအတွင်းတွင် ဂျာမနီနိုင်ငံမှ ထိုင်း နိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

PN-002
ref: Exclusive: Thailand ‘making preparations’ for December 1 succession

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*