မိုဘိုင်းဖုန်းမှတဆင့် မိမိအိမ်တွင်အသုံးပြုနေသည့်မီတာ ယူနစ်ကိုအလွယ်တကူ ကြည့်ရှုနိုင်မည့် AMI စနစ်အား ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စတင်အကောင်အထည်ဖော်မည်

မိုဘိုင်းဖုန်းမှတဆင့် မိမိအိမ်တွင်အသုံးပြုနေသည့်မီတာ ယူနစ်ကိုအလွယ်တကူ ကြည့်ရှုနိုင်မည့် AMI စနစ်အား ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စတင်အကောင်အထည်ဖော်မည်
November 9, 2017 Asian Fame

12:31 pm
မိုဘိုင်းဖုန်းမှတဆင့် မိမိအိမ်တွင်အသုံးပြုနေသည့်မီတာ ယူနစ်ကိုအလွယ်တကူ ကြည့်ရှုနိုင်မည့် AMI စနစ်အား ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စတင်အကောင်အထည်ဖော်မည်

23434989_1614698905259052_2655500308642212397_nနေပြည်တော် နိုဝင်ဘာ (၉)

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အချို့တွင် အဝေးထိန်းစနစ်ဖြင့် မီတာယူနစ်ဖတ်ပြီး ဓါတ်အားခကျသင့်ငွေ ကိုကောက်ခံနိုင်မည့် Advanced Metering Infrastructure (AMI)စနစ်ကို ပြောင်းလည်းကျင့်သုံးသွားရန်
စီစဉ်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။ ၎င်းစနစ်တွင် မိမိမိုဘိုင်းဖုန်းမှ မိမိအိမ်တွင်အသုံးပြုနေသည့်မီတာယူနစ်ကို(၂၄)နာရီကြည့်ရှုစစ်ဆေးနိုင်ပြီး ချိန်ဆအသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါစနစ်အရ မီတာဖတ်စာရေးများဖြင့် လိုက်လံပြီးမီတာယူနစ်များကို တွက်ချက်ကောက်ခံမှုအစား အလိုလျောက်တွက်ချက်ကောက်ခံ သွားသည့်အတွက် မှားယွင်းမှုများ၊မသာမာသည့်နည်းများဖြင့် မီတာခိုးယူသုံးစွဲမှုများအပြင်မီတာမသမာမှုများပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ဒေါပုံမြို့နယ်မှာရှိတဲ့ မီတာတွေကို (AMI)စနစ်စတင်ပြောင်းလဲ ကောက်ခံခဲ့ပါတယ်။လူတွေကလည်းသဘောကျကျပါတယ်၊အရင်လို မီတာလာဖတ်တဲ့စာရေးတွေကို မှားဖတ်လားဆိုတဲ့သံသယမျိုးမရှိတော့သလို မိမိတို့မိုဘိုင်းဖုန်းကနေသုံးသလောက်မီတာယူနစ်ကို အချိန်မရွေးစစ်နိုင်တယိ။မီတာဆောင်တဲ့နေရာမှာလည်း ရုံးလာစရာမလိုဘဲ mobile bankingနဲ့အလွယ်တကူပေးချေနိုင်ပါတယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ဆိုသည်။

အလိုလျှောက်မီတာဖတ်သည့် အဝေးထိန်းစနစ်ကို ပြောင်းလဲလိုက်သည့်အတွက် မီတာခကောက်ခံသူနှင့်မီတာသုံးစွဲသူများအကြားသံသယကင်းစွာဖြင့် မိမိတို့အသုံးပြုသည့်မီတာယူနစ်များအတိုင်း တိကျစွာ အလွယ်တကူ ပေးချေနိုင်တော့မည်ဖြစ်သည်။ (AMI)စနစ်သို့ ပြောင်းလည်းအသုံးပြုရာတွင် လျှပ်စစ်မီးသုံးစွဲသူများမှ ထပ်မံ၍ ငွေကြေးကုန်ကျရန်မလိုဘဲ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ လက်ရှိတပ်ဆင်ထားသည့် Offsite Meter Reading(OMR)မီတာများကို (AMI)စနစ်သို့ ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။ (AMI)စနစ်ဖြင့် မီတာယူနစ်ပြောင်းလဲ ကောက်ခံခြင်းများကို ရန်ကုန်တိုင်းအတွင်းရှိ တောင်ဥက္ကလာပနှင့်ရွှေပေါက္ကံ မြို့နယ်များကိုပါ တိုးချဲ့ဆောင်ရွက်သွားရန်စီစဉ်နေကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*