ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ပုံ နှင့် ပြက္ခဒိန်များ ဂျပန်နိုင်ငံတွင် အရောင်းသွက်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ပုံ နှင့် ပြက္ခဒိန်များ ဂျပန်နိုင်ငံတွင် အရောင်းသွက်
October 26, 2016 Asian Fame

6:11 am
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ပုံ နှင့် ပြက္ခဒိန်များ ဂျပန်နိုင်ငံတွင် အရောင်းသွက်
In International News

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ပုံ နှင့် ပြက္ခဒိန်များ ဂျပန်နိုင်ငံတွင် အရောင်းသွက်

pu-tin

(တိုကျို၊ အောက်တိုဘာ ၂၅)

ရုရှားသမ္မတ ဗလာဒီမီယာပူတင် ပုံပါသည့် ပြက္ခဒိန်များ ဂျပန်နိုင်ငံတွင် အထူးရောင်းကောင်း ကြောင်း သိရသည်။
ဂျပန်နိုင်ငံ တွင် ၂ဝ၁၇ ခုနှစ်အတွက် ပြက္ခဒိန်များ ထုတ်လုပ်ရာဝယ် အပေါ်ပိုင်း အင်္ကျီချွတ်နှင့် မြင်းစီး နေသော ပူတင်၏ ပုံပါသော ပြက္ခဒိန်သည် အရောင်း ရဆုံးဖြစ်နေကြောင်း လော့ဖ် စတိုးဆိုင်ကြီး မှ တာဝန် ရှိသူက ပြောသည်။ ထို့အပြင် ဂျူဒို ကစားနေသော ပူတင်၏ပုံ၊ ခွေးများနှင့် ဆော့ကစားနေသော ပူတင် ၏ ပုံ အစရှိသည် တို့ကိုလည်း ဂျပန်ပြည်သူများက ကြိုက်နှစ်သက်စွာ ဝယ်ယူကြသည်ဟု လော့ဖ်စတိုးဆိုင် မှပြောရေး ဆိုခွင့်ရှိသူ ကိုယူမီယိုကိုကာဝါကဆိုသည်။

”ကျွန်မတို့ဟာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခန့်မှန်း ခဲ့ပေမယ့် ပူတင်ကို ခုလို စိတ်ဝင် စားကြမယ် လို့တော့ မထင်ခဲ့မိဘူး” ဟု သူကပြောပါသည်။

”အမျိုးသမီး ပရိသတ်တွေ ကတော့ ပူတင်ဟာ ကြည့်လို့ အတော်ကောင်းပြီး စတိုင်ကျတယ်လို့ ပြော ကြပါတယ်” ဟုလည်း ကိုယူမီက ပြောပါသေးသည်။ ယင်းပြက္ခဒိန် များကို ရုရှားနိုင်ငံ အစိုးရထံမှ ခွင့်ပြုချက် ရယူ၍ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် အခြေစိုက် ကုမ္ပဏီတစ်ခုမှ အင်္ဂလိပ်နှင့် ဂျပန်ဘာသာစကား အပါအဝင် ဘာသာ ရှစ်မျိုးဖြင့် ကမ္ဘာတစ်ဝန်းသို့ ပုံနှိပ် ဖြန့်ချိခြင်းဖြစ်ပြီး၊ လုပ်ပိုင်ခွင့် ကိုပါ ရောင်းချပေး လျက်ရှိသည်။

PN002
Ref: 2017 Putin calendar proving a hit in Japan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*