ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ထိုင်းအသင်း နဲ့ ယှဉ်ပြိုင်မယ့် မြန်မာ ပရိတ်သတ် များအတွက် MFF မှလက်မှတ်စောင်ရေ(၂၀၀၀)နဲ့ မြန်မာအသင်းဂျာစီများကို ဦးရာလူစနစ်ဖြင့် ဝေဌသွားမည်။

ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ထိုင်းအသင်း နဲ့ ယှဉ်ပြိုင်မယ့် မြန်မာ ပရိတ်သတ် များအတွက် MFF မှလက်မှတ်စောင်ရေ(၂၀၀၀)နဲ့ မြန်မာအသင်းဂျာစီများကို ဦးရာလူစနစ်ဖြင့် ဝေဌသွားမည်။
August 25, 2017 Fame Asian

5:46 pm
ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ထိုင်းအသင်း နဲ့ ယှဉ်ပြိုင်မယ့် မြန်မာ ပရိတ်သတ် များအတွက် MFF မှလက်မှတ်စောင်ရေ(၂၀၀၀)နဲ့ မြန်မာအသင်းဂျာစီများကို ဦးရာလူစနစ်ဖြင့် ဝေဌသွားမည်။

21078401_1811360335791607_480339766185903205_n

နေပြည်တော် သြဂုတ် ၂၅

ဆီးမီးဖိုင်နယ် ပွဲစဉ်အဖြစ် မနက်ဖြန် မှာယဉ်ပြိုင် ကစားကြမယ့် ထိုင်းအသင်း နဲ့မြန်မာအသင်း တို့ရဲ့ပွဲစဉ်အတွက် မန်မာပရိတ်သတ် (၆၀၀၀)စာ လက်မှတ် ခွဲတမ်းရရှိခဲ့ပြီး မလေးရှား စံတော်ချိန် မနက်(၈:၀၀)နာရီမှာ စတင်ရောင်းချ ပေးသွားမယ် လို့သိရပါတယ်။ စတင် ယှဉ်ပြိုင်ကစားကြမယ့် အချိန်ကတော့ မြန်မာစံတော်ချိန် နေ့လည် (၂:၃၀)ဖြစ်ပါတယ်။

ရရှိထားတဲ့ လက်မှတ်ခွဲတမ်း ကနေ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လက်မှတ်စောင်ရေ (၂၀၀၀) ဝယ်ယူ ထားပြီး မြန်မာ ပရိတ်သတ် များကို ဦးရာလူ စနစ်နဲ့ အခမဲ့ ဝေငှ သွားမှာဖြစ်ပါတယ်။ ကွင်းထိုင်ခုံ လက်မှတ်အပြင် မြန်မာ အသင်း ဝတ်ဆင်ယှဉ်ပြိုင်မယ့် ဂျာစီများ ကိုလည်း ဝေငှ သွားမယ်လို့ သိရပါတယ်။

မြန်မာဘောလုံးချစ် ပရိတ်သတ်တွေ အနေနဲ့ ထိုင်းအသင်း နဲ့ ပွဲစဉ်ကို လာရောက် အားပေးကြတဲ့အခါ ဆလာရန်း ကွင်းရဲ့ ဝင်ပေါက်မှာ လက်မှတ်နဲ့ ဂျာစီတွေဝေငှ မှာဖြစ်လို့ ပွဲချိန်မတိုင်ခင် စောပြီး လာကြဖို့တော့လိုပါတယ်။

ထိုင်းအသင်းကို ယှဉ်ပြိုင် ကစားမယ့် မြန်မာအသင်း ရဲ့နည်းပြ ဂတ်ဇက်ဆီ ကတော့ “ကျနော်တို့ အသင်းက နားရက် အပြည့်အဝ ရရှိထားပြီး အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်၊ ထိုင်းအသင်းကလည်း အသင်းကောင်း တစ်သင်းဖြစ်လို့ နှစ်သင်းလုံး အတွက် ခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာမှာပါ၊ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေ အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှု နဲ့စွမ်းဆောင်ရည်ပါ အပြည့်အဝ ရှိနေတဲ့ အတွက် ပြိုင်ဖက်တွေကို အကောင်းဆုံး ရင်ဆိုင်သွားနိုင်မှာပါ၊ ဗိုလ်လုပွဲမှာတော့ အိမ်ရှင် မလေးရှားကို ရှောင်နိုင်ရင် အကောင်းဆုံးပေါ့”လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ထိုင်းအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲ တတ်ဖို့ ယုံကြည်ချက် အပြည့်ရှိနေတယ် လို့လဲ တိုက်စစ်မှုး အောင်ကောင်းမာန် က ပြောခဲ့ပါ တယ်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*