ဆူပူမှုဖြစ်ပွားခဲ့သော ကြည့်မြင်တိုင် စံပြငါးဈေး အလုပ်သမား ပြဿနာ ပြေလည်ပြီ

ဆူပူမှုဖြစ်ပွားခဲ့သော ကြည့်မြင်တိုင် စံပြငါးဈေး အလုပ်သမား ပြဿနာ ပြေလည်ပြီ
January 6, 2017 Asian Fame

5:04 pm
ဆူပူမှုဖြစ်ပွားခဲ့သော ကြည့်မြင်တိုင် စံပြငါးဈေး အလုပ်သမား ပြဿနာ ပြေလည်ပြီ

dscn2817-copy

ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၂

အလုပ်သမားများထံမှ နေ့စဉ် ကောက်ယူသည့်ငွေကြေး တိုးမြှင့်လိုက် သဖြင့် ဆူပူမှုဖြစ်ပွားခဲ့သော ကြည့်မြင် တိုင် စံပြငါးဈေးငါးေ တာင်းဌာန အ လုပ်သမားပြဿနာ ညှိနှိုင်း ပြေလည် သွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည်  ဈေးတွင် ငါးတောင်းထမ်းအလုပ် လုပ် ကိုင်ရန်အတွက် ယခင်က တစ်ရက်လျှင် ဈေး၏ အလုပ်သမားေ ခါင်းများထံသို့ အလုပ်သမားတစ်ဦးလျှင် ငွေကျပ် ၆ဝဝ ပေးနေရာမှ ၂ဝ၁၇ ခုနှစ်  ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်၍ ၁ဝဝဝ ပြောင်း လဲ ကောက်ခံလိုက်ရာ ဈေးရှိ အလုပ်သမား များက မကျေနပ်သဖြင့် ယင်းနေ့မှာပင် ကန့်ကွက်၊ ဆူပူမှုများပြုလုပ်ခဲ့ကြသည်။

ယင်းအတွက် ဇန်နဝါရီလ ၂ ရက် နေ့၌ ဈေးရှိ အလုပ်သမား ကြီးကြပ်ရေး မှူးများ၊ စုဖွဲ့မှူးများ၊  ခေါင်းဆောင်များနှင့် အလုပ်သမား များကြား တွေ့ဆုံညှိနှိုင်း ခဲ့ကြရာ နောက်ဆုံးတွင် တစ်ရက် ငွေ ကျပ် ၈ဝဝ ပေးသွင်းရန် နှစ်ဖက်သဘော တူညီခဲ့ကြပြီး ပြဿနာ ပြေလည် ခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရ သည်။

”ပထမတစ်ရက်ကို ငါးတောင်းထမ်း မယ့် အလုပ်သမားတစ်ဦးက ၆ဝဝ ပေး ရတယ်။ အဲဒီကနေ ကျွန်တော်တို့ကို အ ကြောင်းလည်း မကြားဘဲ ဗြုန်းဒိုင်းဆို ပြီး ၁ဝဝဝ ပြောင်းကောက်တယ်။ ဒါ ကြောင့် အလုပ်သမားတွေက ဆူပူကြ တာပါ။ ခုတော့ နှစ်ဖက် ညှိနှိုင်းပြီး   နောက်ဆုံး ၈ဝဝ နဲ့ အဆင်ပြေသွားပါ တယ်” ဟု အဆိုပါ ငါးဈေးတွင် ငါး တောင်းထမ်းသည့် အလုပ်သမားတစ် ဦးဖြစ်သူ ကိုစိုးထွန်းက   ပြောသည်။

ယင်းအလုပ်သမားများ နေ့စဉ် ငါး တောင်းထမ်းရန်အတွက် ပေးရသည့် ငွေ ၈ဝဝ ကျပ်မှာ ငါးတောင်းကြေး ၇ဝ ကျပ်၊ ရန်ပုံငွေကြေး ၃ဝဝ ကျပ်၊  စုငွေ ကြေး ၁၆ဝ ကျပ်၊ အလုပ်သမားများနှင့် သက်ဆိုင်သော အုပ်ချုပ်မှုကြေး ၂၇ဝ ကျပ်တို့ဖြစ်ကြောင်း သိရ သည်။

”စစချင်းကတော့ ညှိလို့မရဘူး။ ဒါ ပေမယ့် အလုပ်သမားတွေဘက်က လည်း ၁ဝဝဝ တော့ မပေးနိုင်ဘူး လုပ် ကြတဲ့အတွက် နောက် ဆုံး ကြီးကြပ် ရေးမှူးဘက်ကနေ ၂ဝဝ လျှော့ပေးပြီး ၈ဝဝ ဖြစ်သွားတာ” ဟု အဆိုပါဈေးရှိ အလုပ်သမားသမဂ္ဂမှEC အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဝင်းအေးက ဆိုသည်။

ရန်ပုံငွေကြေးအဖြစ် ထည့်သွင်း ထားသည့် စုငွေများသည် အလုပ်သမား များ အခြေအနေ အကြောင်းတစ်စုံတစ် ရာကြောင့်  အလုပ်ပြန်လည် ထွက်သွား ပါက  ပြန်လည်ထုတ်ပေးရန် စုဆောင်း ထားသည့် ငွေကြေးဖြစ်ကြောင်း သိရ သည်။

အလုပ်သမားများ၏ အထက်တွင် အုပ်ချုပ်ရေးပိုင်း၌  စုမှူး ဌာနစိတ်မှူး/ ကြီးကြပ်ရေးမှူး/ စောင့်ရှောက် ရေးမှူး စသည့် ခေါင်းဆောင် ၁၂ ဦး ရှိကြောင်း လည်း သိရသည်။

ကြည့်မြင်တိုင် စံပြငါးဈေး ငါး တောင်းဌာနတွင် လက်ရှိ အလုပ်သမား ၅၆ဝ ခန့် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*