ဒေါ်နယ်ထရမ့်အား ဆန္ဒပြမှု အချို့ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဘန်ကောက်မြို့တို့တွင် ပြုလုပ်

ဒေါ်နယ်ထရမ့်အား ဆန္ဒပြမှု အချို့ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဘန်ကောက်မြို့တို့တွင် ပြုလုပ်
January 25, 2017 Asian Fame

2:35 pm
ဒေါ်နယ်ထရမ့်အား ဆန္ဒပြမှု အချို့ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဘန်ကောက်မြို့တို့တွင် ပြုလုပ်

Trump-Protest(ဘန်ကောက်၊ ဇန်နဝါရီ ၂၄)

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်အား ကမ္ဘာတစ်ဝန်းက ဆန့်ကျင် ဆန္ဒပြရေး လှုပ် ရှားမှုသို့ ထိုင်းနိုင်ငံရှိ တက်ကြွလှုပ်ရှားသူ အချို့ ပူးပေါင်း ဆန္ဒပြကြကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်အား ဆန့်ကျင် ဆန္ဒပြမှု တစ်ခုဖြစ်သည့် ‘အမျိုးသမီးတို့၏ ချီတက် ခြင်း’ လှုပ်ရှားမှုတွင် ပါဝင်ပူးပေါင်းသည့် အနေဖြင့် ချင်းမိုင် ရှိ ဥယျာဉ်တစ်ခုတွင် ဆန္ဒ ဖော်ထုတ်ကြခြင်း ဖြစ်သည်။

အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ် စုစုပေါင်း ၃၅ ဦးတို့ စုပေါင်းကာ ဆန္ဒဖော် ထုတ်ကြခြင်း ဖြစ်ပြီး၊ အမေရိကန်နိုင်ငံသား၊ ထိုင်းနိုင်ငံ သား၊ မြန်မာနိုင်ငံသား၊ ဖီဂျီ ကျွန်းနိုင်ငံသားနှင့် အိန္ဒိယ နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။ ထိုင်းတွင်စစ်တပ် က အာဏာသိမ်းပြီး ကတည်းက လမ်းလျှောက် ဆန္ဒပြခြင်း မှန်သမျှကို တားမြစ်ပိတ်ပင် ထားသည့်ကြားမှပင် ယခုကဲ့သို့ ဆန္ဒပြဖော် ထုတ်မှုကို ပြု လုပ် ကြခြင်း ဖြစ်သည်။

”ခုလိုလူစုပြီး ကမ္ဘာ တစ်ဝန်းလှုပ်ရှားမှု တစ်ခုမှာ ပူးပေါင်း ပါဝင်လိုက်တာဟာ အနာဂတ်အတွက် ခြေလှမ်း တစ်ခုဖြစ်လာ မှာပါ”ဟု စည်း ရုံး လှုံ့ဆော်သူ မော်လီဖာ ရာက ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခြင်း အပြင် ဘန်ကောက်ရှိ စားသောက်ဆိုင် တစ်ခုတွင် လည်း အလားတူဆန္ဒ ဖော်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့ ကြသေးကြောင်း သိရသည်။ ဘန် ကောက်မြို့ပေါ်ရှိ Roadhouse BBQ အသား ကင်ဆိုင်တွင် လူစုကြကာ ဆိုင်းဘုတ်များ ပိုစတာများ ကိုင်ဆောင်၍ ဆိုင်ထဲတွင်ပင် ဆန္ဒဖော်ထုတ် ကြခြင်း ဖြစ်သည်။

‘အမျိုးသမီးတို့၏ ချီတက်ခြင်း’ ဆန္ဒ ဖော်ထုတ်မှု ဆိုသည်မှာပြီးခဲ့သည့် သောကြာ နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် အမေရိ ကန်သမ္မတ သစ် ဒေါ်နယ်ထရမ့်၏ အမျိုး သမီး အခွင့်အရေးဆိုင်ရာ မူဝါဒတို့ကို ဆန့် ကျင် တုံ့ပြန်ခြင်း တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း ရှိ အမျိုးသမီးများ ပူးပေါင်းပါဝင်ကြရန် လှုံ့ဆော်သူတို့က လှုံ့ဆော်လျက်ရှိသည်။

PN002
Ref: Chiang Mai and Bangkok Show Solidarity With Women’s March

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*