12:04 pm
WSK ၊ PHA
ရန်ကုန် ၊ မေ ၁
ရန်ကုန်မြစ်အတွင်း ပြေးဆွဲသွားမည့် ရေကြောင်းတက္ကစီကို မေလတတိယပတ်တွင် စတင်ပြေးဆွဲပေးသွားတော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့မှအတွင်းရေးမှူးဒေါက်တာ မောင်အောင်က ပြောသည်။ ထိုသို့ပြေးဆွဲရာတွင်ရေကြောင်း တက္ကစီ လက်မှတ်ခဈေးနှုန်းများ ကို ခရီးစဉ်အပိုင်းအလိုက်သတ်မှတ် မည်ဖြစ်ပြီး လတ်တလောလျာ ထားချက်အရ ခရီးစဉ်အစအဆုံးအတွက် လက်မှတ်တစ်စောင်လျှင် ကျပ် ၃ဝဝ နှုန်းသတ်မှတ်ရန် လျာထားကြောင်း ၎င်းကဆိုသည်။ ယင်း ရေကြောင်းတက္ကစီကို လှိုင်မြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ် ချောင်းတို့တွင်ပြေးဆွဲသွားမည် ဖြစ်သည်။
ပြေးဆွဲရာတွင် လှိုင်မြစ်၊ ရန်ကုန်မြစ်တစ်လျှောက် လှိုင်သာယာမှ ပန်းဆိုးတန်းအထိ ပြေး ဆွဲမည့်ခရီးစဉ်၌ ဆိပ်ကမ်း ၇ ခု၊ ငမိုးရိပ်ချောင်း တစ်လျှောက်တွင် ပြေးဆွဲမည့် ခရီးစဉ်တွင် ဆိပ်ကမ်း ၁၁ ခု ပါဝင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ သိရသည်။လှိုင်မြစ်နှင့် ရန်ကုန်မြစ် ကြောင်းတစ်လျှောက်တွင် ခရီးသည် ၅ဝ မှ ၁ဝဝ ကြား တင်ဆောင်နိုင် သည့် ရေယာဉ်များဖြင့် ပြေးဆွဲမည် ဖြစ်ပြီး ငမိုးရိပ်ချောင်းတစ်လျှောက် တွင် ခရီးသည် ၃၅ ယောက်မှ ၆ဝ ကြား တင်ဆောင်နိုင်မည့် ရေယာဉ် များဖြင့် ပြေးဆွဲသွားမည်ဟု ယင်း အဖွဲ့မှ သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေး အတွက်ဟုဆို၍ တင်ဒါခေါ်ခဲ့သွေျှာအေနမွှထေင စီမံကိန်းကို ၂ဝ၁၆ နိုဝင်ဘာ ၂ဝ ရက်နေ့မှ စတင်၍ လျှောက်လွှာများ ရောင်းချခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် ပိတ်သိမ်းခဲ့သည်။ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီနှစ်ခုသာရှိခဲ့ပြီး ထိုအထဲတွင် တင့်တင့် မြန်မာကုမ္ပဏီလီမိတက်မှ တင်ဒါအောင်ခဲ့ခြင်းဖြစ်သည်။ Water Taxi ပြေးဆွဲမည့် သင်္ဘောများကို သြစတြေးလျ၊ ဂျော်ဒန်၊ ထိုင်းနိုင်ငံတို့မှ ဝယ်ယူထားခြင်းဖြစ်ပြီး ပထမအဆင့် (Face-1) အဖြစ် သင်္ဘော ၂၅စင်း မှ ၃၅ စင်းအကြား ဝယ်ယူထားကြောင်း တင့်တင့်မြန်မာကုမ္ပဏီလီမိတက်မှ သိရသည်။ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သည် ရေကြောင်းတက္ကစီပြေးဆွဲနိုင်ရေးအတွက် မြစ်ကြောင်း တစ်လျှောက်ရှိ ဆိပ်ကမ်းတည်ဆောက်မည့်နေရာများကို ၂ဝ၁၆ ဇူလိုင်လက စတင်လေ့လာ ခဲ့ခြင်းဖြစ်သည်။