ရဲမှူးချုပ်သူရစန်းလွင်ကို ရာထူးမှ ထုတ်ပယ်

ရဲမှူးချုပ်သူရစန်းလွင်ကို ရာထူးမှ ထုတ်ပယ်
May 2, 2018 Fame Asian

4:55 pm
ရဲမှူးချုပ်သူရစန်းလွင်ကို ရာထူးမှ ထုတ်ပယ်

31764699_1777129408997683_283481499532001280_n

နေပြည်တော်၊ မေ၂

ရခိုင်ပြည်နယ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးဟောင်း ရဲမှူးချုပ်သူရစန်းလွင်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဒုတိယရဲချုပ်(၂) ရဲမှူးချုပ်အောင်နိုင်သူ ဥက္ကဌအဖြစ်ဆောင်ရွက်သော ရဲတရားရုံးက ရဲမှူးချုပ်သူရစန်းလွင်ကို စစ်ဆေးပြီး ယခကဲ့သို့ရာထူးမှထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတရားရုံး၏ စစ်ဆေးချိန်မှာ ၃လနီးပါးခန့်ကြာမြင့်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ရဲမှူးချုပ်သူရစန်းလွင်တာဝန်ယူနေသော အမှတ်(၁)လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ မှူးရုံး ကွပ်ကဲရေးမှူး နေရာတွင် အမြန်လမ်းရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးကြီးဇော်ထွန်းအောင်ကို ရဲမှူးချုပ်ရာထူးတိုးပေးကာ အစားထိုး တာဝန်ပေးအပ်ထားသည်ကိုတွေ့ရသည်။

ရဲမှူးချုပ်သူရစန်းလွင်သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် အောက်တိုဘာလ ကမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအဖြစ်မှ နေပြည်တော်အခြေစိုက် အမှတ်(၁)လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ မှူးရုံး ကွပ်ကဲရေးမှူးအဖြစ်သို့ ပြောင်းရွှေ့တာဝန်ယူခဲ့သူဖြစ်သည်။

ရကဖ(၁) ကွပ်ကဲရေးမှူး တာဝန်ယူနေစဉ်အတောအတွင်းမှာပင် ၎င်းရခိုင်ပြည်နယ်နယ်ခြားစောင့်အကြီးအကဲအဖြစ် တာဝန်ယူစဉ်ကာလက နယ်ခြားစောင့်စခန်း၃၀ကျော် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သတ်၍ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးခြင်းကိုခံခဲ့ရသည်။

ယင်းနောက် သက်/ချုပ် လုပ်ခံခဲ့ရပြီး၊ရဲတရားရုံး၏ စစ်ဆေးမှုကို ခံခဲ့ရသည်ဟု သိရသည်။

ထိုအတောအတွင်း ရကဖ(၁) ကွပ်ကဲရေးမှူး တာဝန်မှလည်း ယာယီဖယ်ရှားခံခဲ့ရသည်။

ရဲမှူးချုပ်သူရစန်းလွင် မတိုင်ခင် နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် တာဝန်ယူခဲ့ဖူးသူ ရဲမှူးချုပ် မောင်မောင်ခိုင်မှာလည်း နယ်ခြားစောင့်စခန်း၉ခု တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သတ်၍ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးခြင်းကိုခံခဲ့ရပြီး ရဲတရားရုံးမှ ထောင်ဒဏ် (၃)နှစ်ချမှတ်ခြင်းခံခဲ့ရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးတာဝန်ကို မန္တလေးအခြေစိုက် အမှတ်(၃)လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ မှူးရုံးကွပ်ကဲရေးမှူးဟောင်း ရဲမှူးချုပ်မြင့်တိုးက အစားထိုးတာဝန်ယူလျှက်ရှိသည်။

MTA
Photo- Reuters

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*