ဧရာဝတီတိုင်းရှိ လယ်ယာမြေများ ခရုကိုက်ဖြတ်စားသောက်မှုဒဏ် ခံစားနေရ

ဧရာဝတီတိုင်းရှိ လယ်ယာမြေများ ခရုကိုက်ဖြတ်စားသောက်မှုဒဏ် ခံစားနေရ
November 23, 2016 Asian Fame

6:06 am
ဧရာဝတီတိုင်းရှိ လယ်ယာမြေများ ခရုကိုက်ဖြတ်စားသောက်မှုဒဏ် ခံစားနေရ
In Bussiness

paddy-field-hez-copy

မှူးအိမ်ဇော်
ကျိုက်လတ်၊ နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်း အတွင်းရှိ မြို့ နယ်အချို့တွင် စိုက်ပျိုးထားသော လယ်ယာမြေများတွင် စပါးဖျက် ခရုများကို မနှိမ်နင်းနိုင်သော ကြောင့် လယ်ပျက်စီးမှုများနှင့် ကြုံ တွေ့နေရကြောင်း ဒေသခံလယ် သမားများထံမှ သိရသည်။

စိုက်ပျိုး လယ်ယာမြေများနှင့် ပျိုးစပါး စိုက်ခင်းများကို ခရုများ၏ ကိုက်ဖြတ်စားသောက်မှုမှာ ယခင် နှစ်များက မွန်ပြည်နယ်ရှိမြို့နယ် အချို့တွင် ခံစားရသော်လည်း ယခု နှစ်များတွင် ဧရာဝတီတိုင်းအတွင်း ရှိ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘို ကလေး၊ မအူပင်၊ ဝါးခယ်မ စသည့် ဒေသများသို့ ရောက်ရှိလာ၍ လယ်ယာမြေပျက်စီးမှုများကို ကြုံ တွေ့နေရခြင်း ဖြစ်သည်။

”အဲ့ဒီခရုတွေရဲ့ ပေါက်ဖွားနှုန်း က ဥမြုံတစ်ခုမှာ ထောင်နဲ့ချီပြီး ပါတယ်။ အဲ့ဒါကြောင့် ဥမြုံကို ဖျက်ဆီးပြီးကာကွယ်လို့တော့ ရပါ တယ်။ အဲ့ဒီခရုကျနေတဲ့ နေရာ တွေမှာ ပျိုးပင်တွေ ငယ်တဲ့အချိန် မှာ ဖျက်ဆီးခံရတယ်။ ပျိုးပင်ရင့် သွားရင်လည်း အပင်ပေါ်တက်ဥ တယ်။ ပျိုးပင်ငယ်တဲ့အချိန်ဖျက် ဆီးရင် တစ်ကွင်းလုံးပြန်စိုက်ရတာ။ ပြန်စိုက်လည်း ပြန်ကိုက်တာပဲ” ဟု ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဦး က ပြောသည်။

လတ်တလောတွင် လယ်သမား များအနေဖြင့် ရွှေခရုဥများကို ဘဲ များလွှတ်၍ စားသောက်စေခြင်း နည်းဖြင့် ကာကွယ်နေပြီး လက်ဖြင့် ကောက်ယူပြီး ဥမြုံများကို ချေမွ ဖျက်ဆီးခြင်းများပြုလုပ်၍ လယ်ယာ များကို ကာကွယ်နေရကြောင်း ကျိုက်လတ်မြို့နယ် စပါးစိုက် လယ် သမားများထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုက်လတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညိုက ”ခရုတွေဝင်ရောက်လာတော့ စပါး စိုက်ခင်းတချို့ပျက်ကုန်တယ်။ ကျွန် တော်ကတော့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်း ပြီး ဒီကိစ္စကိုဖြေရှင်းဖို့ လုပ်ဆောင် နေပါတယ်”ဟုပြောသည်။

ရွှေခရုခေါ်အဆိုပါ (Pomacea canaliculata Lamarck) ခရုကို လူတို့စားသုံးရန်အတွက် ၁၉၈ဝ ပြည့်နှစ်များအတွင်းက တောင် အမေရိကမှ အာရှတိုက်သို့ စတင် တင်သွင်းခဲ့သည်။ ထို့နောက် ရွှေ ခရုသည် ဖိလစ်ပိုင်၊ ကမ္ဘောဒီး ယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ
တို့တွင် ပျံ့နှံ့လျက်ရှိပြီးစပါး၏ အဓိက ဖျက်ပိုးတစ်မျိုး ဖြစ်လာကာ ယခုအခါ မွန်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ရှိ စပါးစိုက်ခင်းများထံ ပျံ့နှံ့လာ ခြင်းဖြစ်သည်။

အဆိုပါ ခရုများကို ကာကွယ် နှိမ်နင်းရန်အတွက် အရေးကြီး သော အချိန်သည် ရွှေ့ပြောင်းစိုက် ပျိုးသော စပါးများအတွက် ပထမ ၁ဝ ရက်အတွင်းနှင့် တိုက်ရိုက်အ စေ့ချစိုက်ပျိုးသော စပါးများအ တွက် ပထမ ၂၁ ရက်တို့ဖြစ်ကြ သည်။ ထိုကာလနောက်ပိုင်းတွင် စပါးပင်၏ ကြီးထွားမှုသည် ရွှေခရု ၏ ဖျက်ဆီးမှုထက် ပိုမိုကြီးမား ကြောင်း စိုက်ပျိုးပင်ဖျက်ပိုးမွှား များနှင့် ပတ်သက်၍ ကျွမ်းကျင်သူ များက ဆိုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*