ပြည်သူများ စိုးရိမ်နေကြသည့် ကျောက်မီးသွေးစက်ရုံ ရန်ကုန်တွင် တည်ဆောက်ရန် ခွင့်ပြုမည်မဟုတ်

ပြည်သူများ စိုးရိမ်နေကြသည့် ကျောက်မီးသွေးစက်ရုံ ရန်ကုန်တွင် တည်ဆောက်ရန် ခွင့်ပြုမည်မဟုတ်
October 20, 2016 Asian Fame

8:56 am
ပြည်သူများ စိုးရိမ်နေကြသည့် ကျောက်မီးသွေးစက်ရုံ ရန်ကုန်တွင် တည်ဆောက်ရန် ခွင့်ပြုမည်မဟုတ်
In Bussiness

ပြည်သူများ စိုးရိမ်နေကြသည့် ကျောက်မီးသွေးစက်ရုံ ရန်ကုန်တွင် တည်ဆောက်ရန် ခွင့်ပြုမည်မဟုတ်

ဖြိုးထက်အောင်
ရန်ကုန်၊ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး အ တွင်း ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက် ခွင့်ပြုမည်မဟုတ်ဟု လျှပ်စစ်၊ စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်နီလာ ကျော်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော ဒုတိ ယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်း အဝေး (ဒသမနေ့)တွင် ကျောက် တန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူ၏

”ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်း ကျေးရွာတွင် ပြည်သူများ စိုးရိမ် လျက်ရှိသော ကျောက် မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံ တည် ဆောက်ခြင်းကို ခွင့်ပြုရန် အစီအ စဉ်ရှိမရှိ” မေးခွန်းနှင့်ပတ် သက်၍ ဒေါ်နီလာကျော်က ထိုသို့ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

”ရန်ကုန်တိုင်းဒေသကြီး အစိုး ရ အဖွဲ့အနေနဲ့ အခုပြည်သူများ စိုးရိမ်နေကြသလို ကျောက်မီးသွေး စက်ရုံတည်ဆောက်ဖို့ကို ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ၄င်းက ပြော ကြားခဲ့သည်။

ကျောက်တန်းမြို့နယ်၊ ဇွဲဘာ ကုန်းကျေးရွာတွင် လှူဒါန်းခဲ့သော ရေကန်အလှူရှင်ကို ဂုဏ်ပြုသည့် ပွဲတွင် ဒေသခံများကို ကုမ္ပဏီ တာဝန်ရှိသူများက အင်္ဂလိပ်ဘာ သာဖြင့်ရေးထားသော ပုံစံစာရွက် ၌ လက်မှတ်ရေးထိုးရန် တောင်း ဆိုခဲ့ကြောင်း၊ တချို့က မသိ၍ ထိုးခဲ့မိကြောင်း၊ ယခုအခါ ထို ဒေသခံများက ၄င်းတို့ထိုးခဲ့သော လက်မှတ်များသည် ကျောက်မီး သွေးစက်ရုံဆောက်ရန် ထောက်ခံ ချက်များဖြစ်သွားမည်ကို စိုးရိမ် နေကြကြောင်း ဒေါ်သက်သက်မူက ဆက်ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*