လာမည့်ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ သန်းခန့် ပြည်ပတင်ပို့နိုင်ရန်လုပ်ဆောင်မည်

လာမည့်ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ သန်းခန့် ပြည်ပတင်ပို့နိုင်ရန်လုပ်ဆောင်မည်
April 5, 2017 Asian Fame

12:12 pm
လာမည့်ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ သန်းခန့် ပြည်ပတင်ပို့နိုင်ရန်လုပ်ဆောင်မည်

Pathein (2)

အောင်ပြည့်စုံ
နေပြည်တော်၊ ဧပြီ ၎

လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် ဆန်တန်ချိန်(၂)သန်းအထိ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ ကို ပြည်ပတင်ပို့မှု မြင့်တက်စေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုပမာဏတန်ချိန် စုစုပေါင်း ၁ ဒသမ ၆ သန်း ရရှိခဲ့သည်။

ယခင်ဘဏ္ဍာနှစ်အတွင်းက နိုင်ငံ ပေါင်း ၅၄ နိုင်ငံကို ဆန်တင်ပို့နိုင်ခဲ့ပြီး နိုင်ငံပေါင်း ၃၃ နိုင်ငံကို ဆန်ကွဲတင်ပို့နိုင်ခဲ့ သည်။ ယခု ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ သန်းအထိ တင်ပို့နိုင်စေရန်လုပ်ဆောင် နေခြင်းဖြစ်သည်။ ”ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပုံမှန် ဆန်တင် ပို့တဲ့ နိုင်ငံက ၃၃ နိုင်ငံ၊ ဈေးကွက်အသစ်က ၂၁ နိုင်ငံထပ်ရရှိခဲ့တာပါ။ ဆန်ကွဲဆိုရင် လည်း ပုံမှန်တင်ပို့တဲ့နိုင်ငံက ၁၁ နိုင်ငံနဲ့ ဈေးကွက်အသစ်က ၂၂ နိုင်ငံအထိ ရရှိခဲ့ တာကိုတွေ့ရပါတယ်။ အခုဘဏ္ဍာနှစ်မှာ တော့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ သန်းအထိ တင်ပို့နိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

အစိုးရအနေနှင့်စီးပွားရေးမူဝါဒ ၁၂ရပ် ကို ချမှတ်ဆောင်ရွက်သည့်နေရာတွင် လယ်ယာထွက်ကုန်များ ပြည်ပဈေးကွက်ကို အဆင့်အတန်းမြင့်စွာ ထိုးဖောက်တင်ပို့နိုင် ရေးအတွက် ဦးစားပေးအကောင်အထည် ဖော်လျက်ရှိသည်။ ထို့ကြောင့် အစိုးရ သက်တမ်း ပထမတစ်နှစ်ကာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့ရောင်းချနိုင်မည့် ဈေးကွက်သစ်နိုင်ငံများကို ရှာဖွေပေးနိုင် ခဲ့သည်။ ဆန်နှင့်ဆန်ကွဲတင်ပို့ရန်အတွက် ဈေးကွက်သစ်ရရှိခဲ့သည့်နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု အပါအဝင် ဥရောပနှင့်တောင်အာဖရိကတိုက်ရှိ နိုင်ငံ အများစု ပါဝင်ခဲ့သည်။

၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှအမေရိကန် ဒေါ်လာသန်းပေါင်း ၂၇ဝဝ ကျော်အထိ တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း ပြည်ပပို့ကုန် ပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်အထိရှိ နေခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုများအပါအဝင် လယ်ယာ ထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန် ဒေါ်လာသန်း ၃၅ဝဝ အထိရရှိရန် ခန့်မှန်းထားပြီး ဆန်နှင့်ဆန်ကွဲတန်ချိန်ကို ၂ သန်း အထိ တင်ပို့နိုင်စေရန် ရည်ရွယ်ဆောင်ရွက် နေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*