နစ်မြုပ် အမြန် ရေယာဉ်ပေါ်မှ အသက်ရှင် ကျန်ရစ်သူများကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၃ဝဝ နှင့် ခေါင်းစွပ်ပါ အနွေးထည် အထည် ၃ဝဝ လှူဒါန်း

နစ်မြုပ် အမြန် ရေယာဉ်ပေါ်မှ အသက်ရှင် ကျန်ရစ်သူများကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၃ဝဝ နှင့် ခေါင်းစွပ်ပါ အနွေးထည် အထည် ၃ဝဝ လှူဒါန်း
October 19, 2016 Asian Fame

5:36 am
နစ်မြုပ် အမြန် ရေယာဉ်ပေါ်မှ အသက်ရှင် ကျန်ရစ်သူများကို ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၃ဝဝ နှင့် ခေါင်းစွပ်ပါ အနွေးထည် အထည် ၃ဝဝ လှူဒါန်း
In Local

နစ်မြုပ် အမြန်ရေယာဉ်ပေါ်မှ အသက်ရှင် ကျန်ရစ်သူ များကို ကမ္ဘောဇ အနာ ဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၃ဝဝ နှင့် ခေါင်းစွပ်ပါ အနွေး ထည် အထည် ၃ဝဝ လှူဒါန်း

kbz

(စစ်ကိုင်း၊ အောက်တိုဘာ ၁၈)

နစ်မြုပ်အမြန် ရေယာဉ်ပေါ် တွင် လိုက်ပါ သွားသည့် ခရီးသည် များအတွက် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေး ရှင်းက ငွေကျပ်သိန်း ၃ဝဝ နှင့် ခေါင်း စွပ်ပါ အနွေးထည် အထည် ၃ဝဝ လှူဒါန်းကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ ရက် နေ့နံနက် ၄ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ် တွင် ဟုမ္မ လင်းမှ မုံရွာသို့ စုန်လာသည့် အောင်စိုးမိုးကျော် အမြန်ရေ ယာဉ်(၂) သည် ကနီမြို့နယ်၊ မိ ချောင်းတွင်း ကျေးရွာ အနီးတွင် နစ်မြုပ်ခဲ့ရာ ယင်းဖြစ်စဉ် တွင် အ သက်ရှင် ကျန်ရစ် သူများကို ကင်း တိုက်နယ် ဆေးရုံ နှင့် မိချောင်း တွင်း၊ ကယ်ဆယ်ရေး စခန်းတွင် စောင့်ရှောက် ထားကြောင်း၊ အသက် ရှင်ကျန်ရစ်သူများ အတွက် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင် ဒေးရှင်းက စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ထံ သို့ အောက်တိုဘာ ၁၆ ရက်က အ လှူငွေကျပ် သိန်း ၃ဝဝ နှင့် ခေါင်း စွပ်ပါ အနွေးထည်အထည် ၃ဝဝ အား သွားရောက် လှူဒါန်းခဲ့သည်။

နစ်မြုပ်သွားသော အမြန်ရေ ယာဉ်ပေါ်တွင် ကျောင်းဆရာမ များ၊ ဆရာဝန်များ၊ အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်း သူများ၊ အစိုးရ ဝန်ထမ်းများနှင့် ကလေးငယ် များလည်း ပါဝင် ကြောင်းသိရှိရပြီး အသက်ရှင် ကျန် ရစ်သူ ၁၅၉ဦး ပြန်လည် တွေ့ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ်အလင်း တန်း မြန်မာ ဖောင်ဒေးရှင်း (BFM)သည် ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း ၏ ဦးဆောင်မှုဖြင့် ပြည်ပနိုင်ငံများ တွင် ဒုက္ခမျိုးစုံ ရင်ဆိုင် ကြုံတွေ့ နေကြရသော မြန်မာနိုင်ငံသား များကို အမိ မြန်မာနိုင်ငံ သို့ ပြန် လည် ခေါ်ဆောင်ရေး အတွက် စေ တနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှု များဖြင့် လည်း ကောင်း ကူညီဆောင်ရွက်လျက် ရှိရာ ၂ဝ၁၃ ခုနှစ်မှ ယနေ့အထိ ပြည်ပ (အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ) နိုင်ငံများ ရောက် မြန်မာ နိုင်ငံသား ဒုက္ခသည် များကို အမိ မြန်မာနိုင်ငံသို့ MAI စင်းလုံးငှား လေယာဉ်များဖြင့် စရိတ်ငြိမ်း အခ မဲ့ ပြန်လည် ခေါ်ဆောင် ပေးလျက် ရှိပြီး ရန်ကုန်မှ နေရပ် အပြန် ခရီး စရိတ်ငွေကျပ် တစ်သိန်းစီ ကို လည်း ထောက်ပံ့ပေးခဲ့သည်။

ဖောင်ဒေးရှင်းသည် လာနီ ညာရာသီဥတုကြောင့် အအေးလွန် ကဲနိုင်သည့် ဒေသများရှိ တိုက်ပွဲ ရှောင်စခန်း များမှ ပြည်သူများနှင့် ရဟန်း သံဃာတော်များ၊ သီလရှင် များ၊ ကျောင်းသား ကျောင်းသူများ အတွက် အမေရိကန် ဒေါ်လာ(၂)သန်းကျော် တန်ဖိုးရှိ ခေါင်းစွပ်ပါ အနွေးထည် အထည် ၂ဝဝဝဝဝ ကို ပြည်ပမှ မှာယူခဲ့ပြီး သက်ဆိုင် ရာ ဒေသ အသီးသီးသို့ စဉ်ဆက်မ ပြတ် လှူဒါန်းလျက် ရှိကြောင်း သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*