ကွမ်းသီးတစ်ပိဿာလျှင် ၅ ကျပ်နှုန်းအခွန်ပေးပြီးမှ မရမ်းချောင်ဂိတ်ကို ဖြတ်သန်းခွင့်ရတဲ့ကိစ္စ လွှတ်တော်မှာမေးမြန်း

ကွမ်းသီးတစ်ပိဿာလျှင် ၅ ကျပ်နှုန်းအခွန်ပေးပြီးမှ မရမ်းချောင်ဂိတ်ကို ဖြတ်သန်းခွင့်ရတဲ့ကိစ္စ လွှတ်တော်မှာမေးမြန်း
September 26, 2018 Asian Fame Media

3:47 pm
ကွမ်းသီးတစ်ပိဿာလျှင် ၅ ကျပ်နှုန်းအခွန်ပေးပြီးမှ မရမ်းချောင်ဂိတ်ကို ဖြတ်သန်းခွင့်ရတဲ့ကိစ္စ လွှတ်တော်မှာမေးမြန်း

1

မော်လမြိုင်၊ စက်တင်ဘာ ၂၆

ကွမ်းသီးတင်ပို့ရောင်းချရာမှာ တစ်ပိဿနာကို ၅ ကျပ်နှုန်းပေးဆောင်ပြီးမှ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခွင့်ရနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ မွန်ပြည်နယ်ရေးမြို့နယ် မဲဆန္ဒနယ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ဒီကနေ့ မွန်ပြည်နယ်လွှတ်တော်မှာမေးခွန်းထုတ်ခဲ့ပါတယ်။

ရေးမြို့နယ်မှာနေထိုင်တဲ့ ခြံစိုက်တဲ့တောင်သူတွေအနေနဲ့ ထွက်ကုန်ဖြစ်တဲ့ ကွမ်းသီးကို ရန်ကုန်အပါအ၀င်အနယ်နယ်အရပ်ရပ်ကိုတင်ပို့ရောင်းချလျက်ရှိရာမှာ ကျိုက်ထိုမြို့ရှိ မရမ်းချောင်ဂိတ်မှာ တားဆီးစစ်ဆေးမှုတွေနဲ့အတူ ပြည်ပကနေတင်သွင်းလာတဲ့ကွမ်းသီးလို့ဆိုပြီး တစ်ပိဿာကို ၅ ကျပ်နှုန်းပေးဆောင်နေရကြောင်း၊ ဒီလိုပေးဆောင်ပြီးမှသာ ဂိတ်ကိုဖြတ်သန်းခွင့်ရတဲ့အတွက် ဒေသခံတွေအတွက် အလွန်နစ်နာကြောင်း ဦးချစ်တင်က ပြောပါတယ်။

ဒေသထွက်ကုန်ကွမ်းသီးလုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာမြို့နယ်မှာ အခွန်ပေးဆောင်ပေးပြီးဖြစ်ပေမယ့် ဂိတ်ကဟန့်တားကောက်ခံနေခြင်းကြောင့် အခွန်နှစ်ကြိမ်ထပ်ဆင့်ပေးဆောင်နေရကြောင်း၊ ကွမ်းသီးတစ်အိတ်မှာ ပိဿာချိန်(၆၀)ခန့်ပါရှိတဲ့အတွက် သူတို့နစ်နာမှုမရှိစေဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဖြေရှင်းပေးမလဲ ဆိုပြီးမေးမြန်းခဲ့ပါတယ်။

ဒီအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လုဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် က ကွမ်းသီး၊ ကွမ်းသီး ခွံကုန်သွယ်မှုအတွက် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ကြောင်း၊ ဒါပေမဲ့ ၀င်ငွေခွန်ဥပဒေပုဒ်မ ၁၅(က)အရ “ထိုဝင်ငွေရရှိချိန်၌ ၀င်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိစေရမည်” လို့ ပြဋ္ဌာန်းပါရှိတာကြောင့် ကွမ်းသီးတင်ပို့ ရောင်းချတဲ့အခါ ၀င်ငွေခွန် (ကြိုတင်ခွန်) ကောက်ခံရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ကွမ်းသီး တစ်ပိဿာကို ငါးကျပ်နှုန်း ပေးဆောင်ရခြင်းဟာ ပြည်တွင်းအခွန်များဦးစီးဌာနကို ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရခြင်းသာဖြစ်ပြီး အဲဒီကြိုတင်ကောက်ခံတဲ့အခွန်ကို အပြီးသတ်စည်းကြပ်မှုပြုလုပ်တဲ့အခါ ပြန်လည်ခုနှိမ်ပေးလျက်ရှိတယ်လို့ သူက ဆိုပါတယ်။

ပြည်ပကနေတရားမ၀င်ဝင်ရောက်လာတဲ့ကွမ်းသီးတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ဒေသခံတောင်သူတွေထိခိုက် နစ်နာမှုမရှိစေဖို့အတွက် ပြည်တွင်းထွက်ကုန်ကွမ်းသီးတွေသယ်ဆောင်ရာမှာ လုပ်ငန်းလိုင်စင်မိတ္တူ၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ကြိုတင်ဝင်ငွေခွန် ပေးဆောင်ထားတဲ့ ပန်းရောင်ပြေစာမူရင်း၊ သက်ဆိုင်ရာကွမ်းသီး လုပ်ငန်းရှင်များအသင်းကနေ ဒေသထွက်ကွမ်းသီးမှန်ကန်ကြောင်း ထောက်ခံချက်မူရင်း စာရွက်၊ စာတမ်း တွေပြည့်စုံမှန်ကန်မှုရှိမှသာ သယ်ဆောင်ခွင့်ပြုပေးလျက်ရှိကြောင်း ၀န်ကြီးကထပ်လောင်းဆိုသွားပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*