SME လုပ်ငန်းများ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်နွှယ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

SME လုပ်ငန်းများ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်နွှယ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
March 8, 2017 Asian Fame

4:14 pm
SME လုပ်ငန်းများ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်နွှယ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

HEZ
ရန်ကုန်၊ မတ် ၆

မြန်မာနိုင်ငံရှိ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ဆက်နွှယ်ရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများဟု ရည်ညွှန်းပါက စက်မှုလုပ်ငန်းများကိုသာ ထင်မြင်နေကြပြီး မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ သော နိုင်ငံဖြစ်သောကြောင့် အမှန်တကယ်နိုင်ငံ၏ အနေ အထားနှင့် လိုက်ဖက်ညီစေရန် လယ်ယာကဏ္ဍနှင့် ဆက်နွှယ်ရန် လိုအပ်နေခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတ အိမ်တော်၌ မတ်လ ပထမပတ်အတွင်းကပြုလုပ်သော အစည်းအဝေးပွဲတွင် ပြောဆိုခြင်းဖြစ်ပြီး SME များသည် နေရာဒေသ အနှံ့အပြားတွင် တည်ရှိနေခြင်းကြောင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို ကျေးလက်ဒေသအထိ ပေးနိုင်စွမ်းရှိသည့်အပြင် ကျေးလက်ဒေသက မြို့ပြသို့ ပြည်တွင်းပေါင်း စည်း အခြေချမှုအား ဖြစ်ပေါ် စေသော မလိုလားအပ်သည့် မြို့ပြကျယ်ပြောမှုကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သုံးသပ်ပြောကြားသည်။

” SME တွေကို တည်ထောင်တဲ့အခါမှာ ကျွန်မတို့ နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုတာကို မေ့လို့မရပါ ဘူး။ SME ဆိုရင် တော်တော်များကို ထူထောင်ရာမှာ စိုက် ပျိုးရေးလုပ်ငန်းနဲ့ ဆက်နွှယ် တယ်လို့ မထင်ကြဘူး။ စီးပွား ရေးလုပ်ငန်းဆိုတာကို စိုက်ပျိုးရေးနဲ့ မဆက်နွှယ်ဘူး၊ စက်မှု လက်မှုနဲ့ဆက်နွှယ်တယ်လို့ ထင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ၂၁ ရာစု ကမ္ဘာ့ရဲ့ စားသောက်ကုန်များ လိုအပ်ချက်အပေါ်အခြေခံပြီးတော့ ကျွန်မတို့ရဲ့ SME ဟာ ဘယ်လို တိုးတက်နိုင်မလဲ၊ အခြားနိုင်ငံတွေရဲ့ SME တွေထက် ဘယ်လိုအင်အား များနိုင်မလဲ၊ တွန်းအားရှိနိုင်မလဲဆိုတာကို အဓိကထားပြီးတော့ ကျွန်မတို့ရဲ့ အတတ်ပညာရှင်များ၊ အသိပညာရှင်များက အကြံပြုစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ထို့အပြင် SME များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးဆောင်ရွက်ရန်နှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုထားသည်။

SME များအားထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းသွားစေရန် တစ်နိုင်ငံလုံးတွင် စုစုပေါင်းရုံးခွဲ ၅၃ ရုံးဖွင့်လှစ်ထားရှိပြီး SME ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ပံ့ပိုးပေးနိုင်ရန်အတွက် SME Development Law ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သော်လည်း SME Agency များကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်နေကြောင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် SME Member အရေအတွက် စုစုပေါင်း ၅၉၆၉၄ ဦးရှိပြီး SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငွေကြေး၊ လျှပ်စစ်၊ လုပ်သာကိုင်သာရှိသည့် သင့်တော်သော အခွန်အကောက်၊ Credit Guarantee တို့ကို အသုံးပြုနိုင်အောင် ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ကတိပေးပြောဆိုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*