ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးစက်သော်လည်း ဈေးမြင့်တက်

ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးစက်သော်လည်း ဈေးမြင့်တက်
November 3, 2016 Asian Fame

4:45 am
ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးစက်သော်လည်း ဈေးမြင့်တက်
In Bussiness

ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးစက်သော်လည်း ဈေးမြင့်တက်

business-copy

မှူးအိမ်ဇော်
ရန်ကုန်၊ အောက်တိုဘာ ၃၁
ဘတ်(စ်)ကားကြီးများ အပ်နှံပါက လူ စီးယာဉ်စလစ် ပြန်လည်ထုတ်ပေးမည်ဆို သည့် သတင်းတစ်ရပ် ထွက်ပေါ်ခဲ့ပြီး စလစ်ဈေး တန်းများ ပြန်လည်ကျဆင်းခဲ့ သော်လည်း ရက်အတန်ကြာလာသောအ ခါ အခြေအနေတစ်စုံတစ်ရာ မထူးခြားသ ဖြင့် စလစ်ဈေး တန်းများ ပြန်လည်မြင့် တက်လာခဲ့ကြောင်း ကားဝယ်ရောင်းလုပ် ကိုင်သူများက ပြောသည်။
ထို့အပြင် နှစ်ကုန်ခါနီးပြီဖြစ်၍ အပ် ကုန်စနစ်ကားများ သတ်မှတ်ချက်အလိုက် ဆောင်ရွက်ရမည့် ကာလနီးလာပြီး လက် ရှိယာဉ်ေ ဟာင်း အပ်နှံစလစ်ဈေးတန်းမှာ လည်း ၁ဝ၇ သိန်း၊ ၁ဝ၈ သိန်းခန့် ပြန် လည် ဖြစ်ပေါ်နေသဖြင့်လည်းကောင်း၊ ပြည်ပ   မော်တော် ယာဉ် လေလံ ဈေးနှုန်း၊ ယန်းဈေးနှုန်းလည်း တက်နေသဖြင့်လည်း ကောင်း၊ ပြည်တွင်းနိုင်ငံခြား ငွေလဲလှယ် နှုန်းများ၊ ကားဈေးကွက် အတွင်း အသစ် ထပ်မံ တင်သွင်းခြင်းမရှိဘဲ ရောက်ပြီး ကားများသာလှည့်လည် အရောင်းအဝယ် လုပ်နေကြကြောင်းလည်း သိရသည်။
အောက်တိုဘာလကုန်ပိုင်းခန့် ရန် ကုန်ကားဈေးကွက်၏ အခြေအနေမှာ ကားလေးများ အနည်းငယ် အရောင်းအ ဝယ်ရှိသော်လည်း အက္ခရာနိမ့် ကားလေး များသာ အရောင်းအဝယ်ဖြစ်ပြီး စလစ် ကပ်ကားများနှင့် အင်ဂျင်ပါဝါကြီးကား များမှာ အဝယ်နည်း အမေးနည်းပြီး လိုင်း ပေါ်ရှိ ကားများပင် အဝယ်အေးလာ ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်ဈေးကွက်အတွင်း အက္ခရာတစ်တန်း၊ နှစ်တန်းနိမ့် ရန်ကုန် လိုင်စင်ပေါက် ကားလေးများနှင့် နယ် ဒေသများရှိ ရန်ကုန် လိုင်စင်ကားများသာ အရောင်းအဝယ်ဖြစ်နေကြပြီး အက္ခရာမြင့် ကားသစ်များထဲတွင် ရန်ကုန်အနီးတစ် ဝိုက်မြို့များရှိ နယ်လိုင်စင်နှင့် လူအသုံးများ ကားအချို့ဖြစ်သော ဟွန်ဒါဖစ်၊ ပရို ဘောက်၊ အေဒီဗင်၊ ကိုရိုလာဆလွန်းအချို့ အဝယ်ရှိကြောင်း အငှားယာဉ် ဈေးကွက် ထဲတွင် အသုံးများ အကြမ်းခံသော ပရို ဘောက်ကားများ သိန်း ၁၃ဝ အထက် အရောင်းအဝယ်ရှိကာ ဈေးတန်း မာလာ ကြောင်း သိရသည်။
”အမေးတွေပဲ များပြီး သိပ်ပြီး အ ရောင်းအဝယ်မဖြစ်ဘူး။ ဒါပေမယ့် ဈေးက တော့ ၂ဝ၊ ၃ဝ လောက်အထိ တက်လာ တာမျိုး တွေရှိ တယ်”ဟု ကားဈေးကွက် ကျွမ်းကျင်သူ ကိုသက်လင်းဦးက ပြော သည်။
လာမည့်နှစ်အတွက် ကားမူဝါဒများ မထုတ်ပြန်ရသေးသော်လည်း မှန်းခြေဖြင့် လည်းကောင်း၊ အကြားသတင်းဖြင့်လည်း ကောင်း မှန်းဆ၊ တွက်ဆနေကြကာ လတ် တလော ယခင်ပုံစံအတိုင်း ကြိုမသွင်း၊ ကြို ကောက်မထားရုံ သာမက စလစ်များလည်း လိုမှသာ   ပေါက်ဈေးအတိုင်း ဝယ်ယူလာပြီး ကားဈေးကွက်အတွင်း တင်သွင်းကာ စီး နင်းပြီးသား အလယ်အလတ်ဈေးရှိသည့် ကား အချို့သာ အရောင်းအဝယ် ရှိတော့ ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*