ကိုယ့်အားကိုယ်ကိုး ရပ်ရွာအကျိုး အကုန်အားကိုးကြသည်

ကိုယ့်အားကိုယ်ကိုး ရပ်ရွာအကျိုး အကုန်အားကိုးကြသည်
October 19, 2016 Asian Fame

5:13 am
ကိုယ့်အားကိုယ်ကိုး ရပ်ရွာအကျိုး အကုန်အားကိုးကြသည်
In Cover News

ကိုယ့်အားကိုယ်ကိုး ရပ်ရွာအကျိုး အကုန်အားကိုးကြသည်

feature2

ည ၈နာရီ နောက်ပိုင်းဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့တွင် လူထုပါဝင်သည့် ရပ်ရွာအခြေပြု လုံခြုံရေးအဖွဲ့များကို တွေ့နေရသည်။ယခင်ကတစ်ဖွဲ့နှစ်ဖွဲ့လောက်သာတွေ့နေရာမှ ယခုဆိုလျှင် တစ်ရပ်ကွက်ထဲမှာပင် သုံးလေးဖွဲ့ရှိလာသည်အထိ ဖြစ်လာသည်။ ထို့ကြောင့် ယခုရက်ပိုင်းရန်ကုန်၏ညများအကြောင်းကို ပြောပြရ မည်ဆိုလျှင်ရပ်ရွာအခြေပြုလုံခြုံရေး အဖွဲ့များမှာ ချန်ထားမရသည့် အကြောင်းအရာတစ်ခု ဖြစ်လာချေ တော့၏။ဘယ်နေရာတွင် လူသတ်သွားသည်၊ ဘယ်နေရာတွင် ပစ္စည်းလု သွားသည်ဆိုသော နေ့စဉ်ဖြစ်ပျက် နေကြ ထိတ်လန့်နေရမှုကို ထိုအဖွဲ့ တို့က တစ်ပိုင်းတစ်စဖသိမ့်ပေး နေသည်ဟု ထိုအဖွဲ့တို့ရှိရာရပ်ကွက် တို့မှပြည်သူအချို့က ဆက်တိုက် ပြောနေကြသည်ကိုလည်း ကြားနေ ရသည်။

”အခုတလော အိပ်ရတာ စိတ်လုံခြုံနေတယ်လို့ ခံစားနေရတယ်” ”အိပ်လိုက်ရင် တစ်ချိုးတည်းပဲ” ဟု ဒေါ်လှက ပြောပါသည်။အသက် ၆ဝကျော် အရွယ်ရှိနေပြီဖြစ်သော ဒေါ်လှသည် ဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် ၁ဝ ရပ်ကွက်တွင် နေထိုင်သူတစ် ဦးဖြစ်ကာ Facebook ပေါ်မှမှုခင်း သတင်းများကို ဖတ်ရှုရင်း ညတိုင်လျှင်ကောင်းစွာအိပ်မရဘဲ လန့်လန့် နိုးနေသူတစ်ယောက်ဖြစ်သည်။ ကြောက်ရွံ ထိတ်လန့်စရာကောင်းသည့်အသတ်ခံရပုံများကို ဝေဝေဆာဆာတင်နေသော Facebook User တို့ကြောင့် လိုသည်ထက်ပို၍ ကြောက်နေခဲ့ရသူတစ်ယောက်ဆိုလည်းမမှားဟု ဒေါ်လှကသူ့အကြောင်း ရှင်းပြသည်။

”ခုတော့ လန့်နိုးလည်း ငါတို့ လမ်းရှေ့မှာ လုံခြုံရေးအဖွဲ့ ရှိနေတာပဲ။ ဘယ်သူခိုး၊ ဘယ်လူသတ်သမားက လာရမှာလဲ။ သေတောင်သွားဦးမယ်”ဟုရယ်မောကာပြောရင်း သူတို့ရပ်ကွက်က ရပ်ရွာအခြေ ပြုအဖွဲ့ကင်းတဲရှိရာ နေရာကိုလက်ညှိုးထိုးပြသည်။ မီးလင်းထိန်နေအောင် ထွန်း ထားသည့်တာလပတ်မိုးထားသော ထိုတဲကို အချို့က ကင်းတဲဟု ခေါ် ကြသည်။ ”ကျွန်တော်တို့ မြို့နယ်ထဲမှာ တော့ ဒီလုပ်ငန်းက အတိုင်းအတာ တစ်ခုထိအောင်မြင်တယ်”ဟု ဆိုသည့် လှိုင်သာယာမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်ဦးမြတ်မင်း သူက သူ၏မဲဆန္ဒနယ်တွင် ရပ်ရွာအခြေပြု လုံခြုံရေးအဖွဲ့ ၉ဝ ထက် မနည်းရှိသည်ဟုလည်း ပြောသည်။ ထိုအဖွဲ့များက ရပ်ကွက်၊ လမ်းတို့ကို သေချာစောင့်ကြည့်နေကြ သဖြင့် ခိုးဆိုးနှိုက်များအနားမကပ် ရဲဘဲ နီးစပ်ရာမြို့နယ်များသို့ ရှောင် တိမ်းသွားကြကြောင်း၊ ထို့အတွက် နီးစပ်ရာမြို့တို့ကလည်း ထိုအဖွဲ့ များဖွဲ့ပြီး စောင့်နေရသည်ဟု ¤င်းကဆက်ပြောသည်။

ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ”ရပ်ရွာအခြေ ပြု ရဲလုပ်ငန်းစဉ်များကို နေ့ညမ ပျက် လှည့်ကင်းများနဲ့ ဇွန်လ၁၄ ရက်နေ့ကနေစပြီး အကောင် အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ကနဦး လေးမြို့နယ်ကို ပိုင်းလော့ပ ရော့ဂျက်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယ ၈မြို့နယ် ကိုလည်း ဆောင်ရွက်နေသလို၊ အောက်တိုဘာလ ၁ ရက်နေ့ကစ ပြီး နောက်ထပ် ၈ မြို့နယ် စီမံ ဆောင်ရွက်နေပါတယ်”ဟု ရှင်းပြ သည်။

နိုင်ငံအတွင်း မှုခင်းအဖြစ်အများဆုံးနေရာ

ရန်ကုန်တိုင်းသည် တစ်နှစ် လုံးစာ အမှုစာရင်းချုပ်ရန် ၂ လခွဲ ကျော် လိုနေသေးသော်လည်း မှုခင်းဖြစ်ပွားနေမှုက ပြီးခဲ့သည့် ၂ဝ၁၅ တစ်နှစ်လုံးစာထက် အမှုပေါင်း ၆၄ဝဝ ကျော် များနေသည့် ဒေသတစ်ခုဖြစ်သည်။ ရန်ကုန်မြို့တော်ဝန် ရုံးထိုင် ရာ နေရာနှင့် တစ်လမ်းသာ ကွာ သည့် ရန်ကုန်မြို့လယ် ၃၅ လမ်း မှာပင်လူသတ်မှုက ဖြစ်နေ၍ ရာဇဝတ်မှု ထူပြောနေသည့်တိုင်း တစ်တိုင်း၊ မြို့တစ်မြို့ဟုဆိုလျှင် လည်း မမှားပေ။ လူဦးရေ ၇ သန်း ကျော်နေထိုင်နေ၍ လူဦးရေ အချိုးအစားအလိုက် အမှုဖြစ်နှုန်းက လိုက်များနေမည်ဟု ဆိုနိုင်သော် လည်း လိုအပ်ချက်ရှိနေသည့် ရဲ အင်အားကြောင့် လူထုပါသည့် ရပ်ရွာအခြေပြု လုံခြုံရေးအဖွဲ့များက ဝိုင်းကူနေရသည့် အခြေအ နေဆိုက်လာခဲ့သည်။

ရပ်ရွာအခြေပြုလုံခြုံရေးအဖွဲ့တွေ ဘယ်နှဖွဲ့လောက်ရှိနေပြီလဲ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်၊ အမှတ်(၁ဝ) ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးအောင်မြင့်က ”ရပ်ကွက်အခြေပြုကိုစတင်လုပ်ဆောင်တာကတော့ ၉ လပိုင်းကနေ စတင်လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ပြောသည်။ ရန်ကုန်တိုင်း နယ်လုံဝန်ကြီး ကရပ်ရွာအခြေပြု ရဲလုပ်ငန်းစဉ်ကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က စပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့ နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်သာ ယာ မြို့နယ်နှင့် သန်လျင်မြို့နယ် တို့တွင် လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။ ယင်းနောက်သြဂုတ်လ ၁ရက် နေ့မှစကာ သာကေတ၊ ဒဂုံမြောက်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဒလ၊ တွံတေး၊အင်းစိန်၊ မင်္ဂလာဒုံ တို့ကို ပါ ထပ်တိုးချဲ့လိုက်ပြီး အောက်တို ဘာလမှစကာ နောက်ထပ် ၈မြို့နယ် ထပ်လုပ်ဦးမည်ဟုပြောသည်။ ထို့ကြောင့် ရပ်ရွာအခြေပြုအဖွဲ့များ ထိုမြို့နယ်တို့တွင် ခပ် စိပ်စိပ်ရှိသွားပြီဟု သူကဆိုသည်။

သူတို့အဖွဲ့တွေ ဘာလုပ်ကြသလဲ

ယခုအဖွဲ့များသည် ကြားဖူး နေကျအဖွဲ့များဖြစ်သည့် စွမ်းအား ရှင်အဖွဲ့များကဲ့သို့ တက်ြ<ွကသူနှင့် နိုင်ငံရေးလုပ်သူများကို အာဏာ ပိုင်များဖမ်းဆီးနိုင်ရန်သတင်း ပေး၊ စောင့်ကြည့်နေရသည်မျိုး မဟုတ်ဘဲ လူထုကိုဒုက္ခပေးမည့် သူတို့ကို စောင့်ကြည့်တားဆီးရသည့် လုပ်ရပ်ကို လုပ်ကြသည့်အဖွဲ့များ ဖြစ်သည်။ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး အောင်မြင့်က ”ကျွန်တော်တို့က တော့ တပင်ရွေထီးလမ်းတစ် လျှောက်ကို တာဝန်ယူလုပ်ဆောင် ပါတယ်။ လမ်းတစ်လျှောက်မှာအခုလို ရပ်ကွက်အခြေပြုအဖွဲ့  ၅ ဖွဲ့ရှိပါတယ်။ အုပ်စု တစ်ဖွဲ့မှာ တစ်ညကို ၇ ယောက်စီ တာဝန်ယူ ဆောင်ရွက်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဦးစီးဆောင်ရွက်ပါတယ်။ ရဲတပ်ဖွဲ့ ကတော့ ၁ နာရီကိုတစ်ခါ တစ်ပင်ရွေထီးလမ်း တစ်လျှောက် ကင်းလှည့်ဆောင် ရွက်ပါတယ်”ဟု ပြောသည်။ ကင်းလှည့် ရဲတပ်ဖွဲ့သည်မသင်္ကာစရာ လူစိမ်းတစ်ဦးဦး တွေ့ပါက ¤င်းတို့အဖွဲ့ထံဖုန်းဆက် ၍ ရပ်ကွက်က လူဟုတ်၊ မဟုတ် မေးမြန်းခြင်းတို့လုပ်သည်ဟု ပြော သည်။

”အိမ်ရှေ့တွေမှာ အချိန်မတော် အခါမတော် ဂစ်တာတီး သီချင်းဆိုတာမျိုး၊ နောက်ပြီး မသင်္ကာစရာမျိုး၊ မူးလဲနေတာမျိုး၊ ရမ်းကား နေတာမျိုးစတဲ့ အဲ့ဒါမျိုးတွေကိုတွေ့ လာမှာဆိုရင်တော့ ကျွန်တော် တို့ ရပ်ကွက်အခြေပြုစခန်းလေး တွေကို ဖုန်းဆက်အကြောင်းကြား ပါတယ်။ အဲ့ဒီလိုဆက်သွယ်လာ တဲ့အခါရပ်ကွက်အခြေပြုအဖွဲ့ အစည်းတွေက ရဲတပ်ဖွဲ့နှင့်သွား ရောက်ကာ တချို့သောလူကို သူ့ နေအိမ်ကို ပြန်လည်ပို့ပေးခဲ့ပါ တယ်။ အချို့သော ရမ်းကားတဲ့လူ၊ပြောဆိုမရသော လူမျိုး၊ ပြစ်မူ ကျူးလွန်တဲ့လူတွေဆိုရင်တော့ ရဲ တပ်ဖွဲ့ကနေဥပဒေအရဆက်လက် ဆောင်ရွက်ပါတယ်”ဟု ဦးအောင် မြင့်က ရှင်းပြသည်။ည ၇နာရီ၊ ၈နာရီတွင်အခြေ ပြုအဖွဲ့ရှိရာနေရာတွင် လူစုကြပြီး ည ၁ဝ နာရီ အချိန်လောက်တွင် လှည့်ကင်းလုပ်ကြပြီဟု သူကဆိုသည်။

လူငယ်၊ လူရွယ်တွေ
လာပူးပေါင်းကြတယ်

ရပ်ရွာ အခြေပြုလုံခြုံရေးအဖွဲ့ ထဲတွင် ပါဝင်လှုပ်ရှားနေသူ ကိုလှ သိန်းက ယခုဆိုလျှင် အဖွဲ့ထဲ လူ ငယ်လူရွယ်များ ယခင်ကထက်ပိုမို ပူးပေါင်းလာကြသည်ဟုဆိုသည်။ လစာလည်းမရ။ နေ့ တွက်လည်း မပေးသည့် တိုင်အောင်စိတ်ပါ ဝင် စားသဖြင့် သူတို့လုပ်နေကြ ကြောင်း အဖွဲ့ခေါင်းဆောင်က ပြောသည်။အသက် ၄ဝ အရွယ် ကလေး ၄ ယောက်ရှိ ပျံကျလက်သမား အလုပ်လုပ်ကိုင်နေသူ ¤င်းက ရပ် ရွာကောင်းကျိုးအတွက် ငွေမရလည်း လုပ်နေမည်ဟု ပြောသည်။သူတို့အဖွဲ့တွင် လူငယ် ၇ ဦး ရှိသည်ဟု ဆိုသည်။

”ဒါက သိပ်လည်းအပန်းကြီး တဲ့ အလုပ်တော့လည်း မဟုတ်ဘူး လေ။ ဘာလို့လဲဆိုတော့ တစ်ပတ် မှ တစ်ရက်တည်းလုပ်ပေးရတာကိုး။ အချိန်ကတော့အရမ်းကြီးအတိ အကျတော့သတ်မှတ်မထားပါဘူး။ ကျွန်တော်ညနေဘက် အလုပ်က ပြန်လာတယ်။ အိမ်မှာ ရေမိုးချိုး၊ ထမင်းစားပြီး ကင်းတဲကိုသွားတယ်။လူစုံပြီဆိုရင် ရပ်ကွက်ထဲကို စပတ် တယ်။ လမ်းအတော်လေးအကြိမ်ရေများများပတ်ပြီးပြီဆိုရင် ကင်းတဲ မှာပြန်စောင့်တယ်။ မနက်စောစောအလုပ်သွားရမယ့်သူတွေက စော စောလုပ်ပြီး အရင်အိပ်ကြတယ်။ နောက်ကျလို့ရတဲ့သူတွေနဲ့ တစ် လှည့်စီပေါ့။ အားလုံးကလည်းကိုယ်စီအလုပ်တွေနဲ့ဆိုတော့လေ။ ကျွန်တော်ကတော့ သိပ်တော့ကိစ္စ မရှိဘူး။ ရိုးနေပြီ အဲဒီလိုမျိုး အိပ် ရတာ။ မနက်လေးနာရီလောက်ဆို သိမ်းကြတယ်ဗျာ။ပြန်ရောက်ရင် အိမ်မှာ ခဏအိပ်။ အလုပ်သွားစရာ ရှိရင်သွား။ ခဏအိပ်ရတာကတော့ သိပ်တော့ မဆန်းတော့ဘူး”ဟု ကိုလှသိန်းက ပြောပြသည်။သူတို့အဖွဲ့ လမ်းတစ်လျှောက် စစ်ဆေးစဉ် မှောင်ရိပ်ခိုနေသူများ၊ အချိန်မတော် ချိန်းတွေ့နေကြသည့် အတွဲများ၊ မူးယစ်ရမ်းကားနေသူ များအများဆုံးတွေ့ခဲ့ရပြီး ပြောဆို ၍မရပါက ရဲလက်ထဲသာဖုန်းဆက် အပ်လိုက်ရသည်ဟု နောက်ထပ် စေတနာ့ဝန်ထမ်းလူငယ်တစ်ဦးက ဆိုသည်။

အမှုတွေ လျော့သွားပြီလား

လက်ရှိအချိန်အထိ ရပ်ကွက် များအတွင်း ရပ်ရွာအခြေပြုလုံခြုံ ရေးအဖွဲ့များ လှည့်လည်စစ်ဆေး စဉ် ကြီးကြီးမားမားမှုခင်း ဖြစ်စဉ် တို့ကို မပြုလုပ်ခင်ကြိုတင်ဖမ်းမိခဲ့ ခြင်းမရှိသေးဘဲ မူးယစ်ရမ်းကား နေမှုနှင့် ခိုးမှုများကိုသာ တားဆီး နိုင်သေးကြောင်း ရဲမှတ်တမ်းများ အရသိရသည်။ ရန်ကုန်နယ်လုံဝန်ကြီး ကိုယ်တိုင် လွှတ်တော်၌ ယခုကဲ့သို့ လုပ် ငန်းစဉ်များ လုပ်နေသော်လည်း အမှုများက လျော့ပါးမှု မရှိသေး သည်ကို တွေ့နေရသည်ဟု လွှတ် တော်ကိုယ်စားလှယ်တို့ကို ရှင်း လင်းခဲ့သည်။

”ဘာဖြစ်လို့ မြေပြင်မှာ မှုခင်း တွေဖြစ်နေသလဲ မေးနိုင်ပါတယ်။စီမံချက်ပါအတိုင်း ကျန်တဲ့ လုပ် ငန်းစဉ်အားလုံးကို ရာနှုန်းပြည့် ကျွန်တော်တို့ဆောင်ရွက်နိုင်ခြင်းမရှိသေးလို့သာလျှင် မြေပြင်မှာ မှု ခင်းများ ဖြစ်ပွားနေရခြင်းဖြစ်ပါ တယ်”ဟု ဝန်ကြီးက ဆိုသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး အောင်မြင့်က ”အခုလို ရပ်ကွက် အခြေပြု လုပ်ဆောင်နေတာက တော့ သူတို့တွေ မလုပ်ဆောင်နိုင် အောင် ဟန့်တားရုံလောက်ပဲရှိပါ တယ်။ တပင်ရွေထီးလမ်းတစ် လျှောက်မှာ ကားတွေထားတာရှိ ပါတယ်။ အရင်ကဆိုရင် ကားတွေက ဘတ်ထရီအိုးတွေ ဖြုတ်ခိုး တာတွေရှိပါတယ်။အခုကတော့ ရပ်ကွက် အခြပြုလေးတွေရှိတော့ အဟန့်အတား ဖြစ်သွားပါတယ်။ ကားသမားတွေကလည်း ရပ်ကွက် အခြေပြုရှိတဲ့ နေရာတွေမှာပဲ ကားတွေထားလာကြတယ်။ အဲ့လိုအခြေပြုအဖွဲ့ထားတာတောင် ကားပေါ်က ပစ္စည်းခိုးဖို့အတွက် လုပ် ဆောင်တဲ့သူတွေရှိနေသေးတယ်” ဟု ပြောလေသည်။

မင်းသုအောင်၊ ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*