၇ နှစ်တာ ကာလအတွင်း ၂ဝ၁၆ ခုနှစ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် လူသေဆုံး မှု အများဆုံးနှစ် ဖြစ်

၇ နှစ်တာ ကာလအတွင်း ၂ဝ၁၆ ခုနှစ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် လူသေဆုံး မှု အများဆုံးနှစ် ဖြစ်
January 11, 2017 Asian Fame

10:44 am
၇ နှစ်တာ ကာလအတွင်း ၂ဝ၁၆ ခုနှစ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် လူသေဆုံး မှု အများဆုံးနှစ် ဖြစ်

18-copy

နေပြည်တော်၊ ဇန်နဝါရီ ၉

ရန်ကုန်-မန္တလေး အမြန်လမ်း ၌ဖြစ်ပွားသော ယာဉ်မတော်တဆမှု အခြေအနေသည် နှစ်စဉ်တိုးလာနေပြီး၊၂ဝ၁၆ခုနှစ်သည် လူသေ ဆုံး မှု အများဆုံးနှစ် ဖြစ်ခဲ့သည်။

အမြန်လမ်း စတင်ဖွင့်လှစ် သည့် ၂ဝဝ၉ခုနှစ် မတ်လမှ စတင် ရေတွက်ပါက ယင်းနှစ်ကို ၇ နှစ် တာ ကာလအတွင်း လူသေဆုံးမှု အများဆုံးဟု ဆိုရမည်ဖြစ်သည်။

capture

၂ဝ၁၆ ခုနှစ်၌ အမြန်လမ်း ပေါ်၌ လူပေါင်း ၁၆၇ ဦး သေဆုံး ခဲ့ရသည်။ ထိုပမာဏသည် အမြန် လမ်း စဖွင့်သည့် အချိန်မှ ၂ဝ၁၂
နှစ်ကုန်ပိုင်းအထိဖြစ်ခဲ့သော လူ သေဆုံးမှုထက်ပင် များနေသည်ကို တွေ့ရသည်။

ထိုသို့ ယာဉ်မတော်တဆမှု ကြောင့် သေဆုံးရမှုတွင် လူစီး ယာဉ်ငယ်နှင့် စီးနင်းခွင့်မပြုသည့် ဆိုင်ကယ်တို့ကြောင့် ဖြစ်သည့် ယာဉ် မတော်တဆမှုက အများဆုံး ဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း ထုတ်ပြန်ထားမှုတွင် ဆိုင်ကယ်ကြောင့်ဖြစ်သည့် ယာဉ် မတော်တဆမှု၏ သေဆုံးအရေအ တွက်မှာ ၃၉ ဦးရှိခဲ့ပြီးတစ်နှစ်အ တွင်း ဖြစ်စဉ်ပေါင်း ၁ဝဝ ရှိခဲ့သည်ဟု တပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

၂ဝ၁၅  ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဆိုင်ကယ်စီးနင်းမှုကြောင့် ယာဉ် မတော်တဆမှု ၄၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၂ဦး ပိုမိုများပြား လာကြောင်း ရဲမှတ်တမ်းတွင် ဖော် ပြထားသည်။

ထိုပမာဏကို မြင့်တက်လာ သည့် ယာဉ်မတော်တဆမှုဟု တာ ဝန်ရှိသူတို့က သဘောထားမှတ် ချက်ပေးခဲ့သည်။

လူစီးယာဉ်ငယ်၊Light Truckု တို့ကြောင့်ဖြစ်သည့်ဖြစ်စဉ်ကလည်း ဆိုင်ကယ်ကြောင့်ဖြစ်သည့် ဖြစ်စဉ် ထက်ပိုနေပြီး ထိုနှစ်ခုပေါင်း လိုက် ပါက ဖြစ်စဉ်ပေါင်း ၅၅၆ ခု၊ သေ ဆုံးသူပေါင်း ၁ဝ၂ ဦးရှိခဲ့ကြောင်း လည်း ၄င်းကဆိုသည်။

၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ခုနှစ် ထိုနှစ်နှစ်ကို နှိုင်းယှဉ် ကြည့်ပါက လည်း ၂ဝ၁၆ ခုနှစ်၌ဖြစ်ခဲ့သော ယာဉ်မတော်တဆမှုသည်၂ဝ၁၅ ခုနှစ် ကထက် ၁၉၁ မှုပိုခဲ့သည်။ သေ ဆုံးမှုတွင်လည်း ၄၃ ဦးပိုခဲ့သည်။

ထို့ကြောင့် ၂ဝ၁၆ ခုနှစ်သည် ၂ဝ၁၅ ခုနှစ်ထက် ယာဉ်မတော် တဆမှု (၆၄ ဒသမ၂၄ရာခိုင်နှုန်း) ပိုမို ဖြစ်ပွားခဲ့သည်ဟု ဆိုနိုင်သည်။ အလားတူ ခရီးသွားပြည်သူ ၄၃ ဦး ပိုမိုသေဆုံးခဲ့သဖြင့် သေနှုန်း ရာခိုင်နှုန်းကိုလည်း (၃၄ ဒသမ ၆၈ ရာခိုင်နှုန်း) ပိုမို သေဆုံးခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။

၂ဝ၁၆ ခုနှစ်အတွင်းခရီးသည် တင်  Express ယာဉ် မတော်တဆ ဖြစ်ပွားမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ် ပါက လျော့နည်းသွားခဲ့ပြီး ယခင် ကဆိုလျှင် ယင်းကြောင့် သေဆုံး ရမှုမှာ အဆင့်(၃)တွင် ရှိခဲ့သည်။ ယခုနှစ်တွင် အဆင့်(၄)နေရာ၌ ရှိသွားသည်။ သို့သော်လည်း သေ ဆုံးမှုမှာ ၂၄ ဦးရှိခဲ့သည်။ ယခင် နှစ်ကဆိုလျှင် ၄၁ ဦး သေခဲ့သည်။

”သတ်မှတ်မိုင်နှုန်းထက် ပို မောင်းတာတွေ၊ အိပ်ငိုက်တာတွေ၊ ယာဉ်ကြံ့ခိုင်မှု မရှိတာတွေ၊ ယာဉ် စည်းကမ်း လမ်းစည်းကမ်း မလိုက် နာတာတွေကြောင့် ဖြစ်တာပိုများ လာတာ တွေ့ရပါတယ်”ဟု တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

အမြန်လမ်းပေါ်၌ ဖြစ်ခဲ့သော ယာဉ်မတော်တဆဖြစ်စဉ်များထဲ တွင် ခွင့်မပြုသည့် ကုန်တင်ယာဉ် ကြောင့်ဖြစ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ကာ ထိုဖြစ်စဉ်တွင် လူသေဆုံးမှု ရှိခဲ့သည်ကို တွေ့ရသည်။

ထို့ကြောင့် နှစ်အားလုံးပေါင်း လိုက်လျှင် အမြန်လမ်း၌ သေခဲ့ ရသူသည် ၇ဝဝ နီးပါးရှိသွားပြီဖြစ် သည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*