‘သူ့နဂို ဥပဒေတွေအရ ဆောင်ရွက်လို့ရတာကို ဒီဥပဒေမှာ ထပ်ပြီးပြဋ္ဌာန်းတာက မဖြစ်သင့်ဘူး။ ဒီဥပဒေ ပြဋ္ဌာန်းထားတာကိုက မမှန်ဘူး …’

‘သူ့နဂို ဥပဒေတွေအရ ဆောင်ရွက်လို့ရတာကို ဒီဥပဒေမှာ ထပ်ပြီးပြဋ္ဌာန်းတာက မဖြစ်သင့်ဘူး။ ဒီဥပဒေ ပြဋ္ဌာန်းထားတာကိုက မမှန်ဘူး …’
November 16, 2016 Asian Fame

7:17 am
‘သူ့နဂို ဥပဒေတွေအရ ဆောင်ရွက်လို့ရတာကို ဒီဥပဒေမှာ ထပ်ပြီးပြဋ္ဌာန်းတာက မဖြစ်သင့်ဘူး။ ဒီဥပဒေ ပြဋ္ဌာန်းထားတာကိုက မမှန်ဘူး …’
In Cover News, Crime

per

Eleven Media Group ၏ အမှုဆောင်အရာရှိချုပ်နှင့်၊ The Daily Eleven နေ့စဉ်သတင်းစာ၏ အယ်ဒီတာချုပ်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူဖမ်းဆီးကာတရားစွဲဆိုခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၆၆(ဃ)ကိုရော၊ အရေးယူခြင်းကိုပါ ဝေဖန်ပြောဆိုမှုအမျိုးမျိုး ပလူပျံအောင် ပေါ်ထွက်လာကြသည်။ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ လက်ရှိအာဏာရပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်း၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်း၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့နှင့်အတူ နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်များဖြစ်ကြသည့် စာရေးဆရာ ကျော်ဝင်းနှင့် စာရေးဆရာ နောင်ကျော်တို့၏ အမြင်များကို တင်ပြလိုက်ပါသည်။

ဦးဉာဏ်ဝင်း
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ကျွန်တော့်အမြင်ကတော့ ဒီပုဒ်မက ပြင်ရပါမယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေကိုထပ်ပြီး ပြင်ဆင်ရေးဆွဲထားတာ ဖြစ်နေတယ်။ ဒါကြောင့် သူ့နဂိုဥပဒေတွေ အရ ဆောင်ရွက်လို့ရတာကို ဒီဥပဒေမှာ ထပ်ပြီး ပြဋ္ဌာန်းထားတာက မဖြစ်သင့်ဘူး။ ဒီဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးဆိုတာတွေနဲ့ သွား ငြိ/မငြိကတော့ အရမ်းကျယ်ပြန့်သွားပါ လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီဥပဒေ ပြဋ္ဌာန်းထားတာကိုက မမှန်ဘူးလို့ သတ်မှတ်ပြီးသားပါ။

စာရေးဆရာ ဦးကျော်ဝင်း

အချုပ်ပြောရင်တော့ ကျွန်တော့်အနေနဲ့က အစိုးရအနေနဲ့ ဒီကိစ္စကိုမကိုင်စေချင်ဘူး။ အထူးသဖြင့် အစိုးရကို ပြောတာ။ ပုဂ္ဂလိကပိုင်းတွေ ပြောတာ မပြောတာ တော့ ကျွန်တော် သိပ်စိတ်မဝင်စားဘူး။ အထူးသဖြင့် လူထုက ရွေးချယ်တင် မြှောက်လိုက်တဲ့ အစိုးရအနေနဲ့ ဒီလို မီဒီယာနဲ့ ထိပ်တိုက်တွေ့တယ် ဆိုတာတော့ မကောင်းဘူး။ အစိုးရအနေနဲ့ အမှုအရ နိုင်ရင်နိုင်မယ်။ ဒါပေမယ့် နိုင်ငံရေးအရ ရှုံးသွား နိုင်တယ်။

ဦးစောလှထွန်း(ပြည်သူ့လွှတ်တော်
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ်ရေးကော်မရှင်)

လက်ရှိ ဒီဥပဒေအရတော့ လိုနေတာအမှန်ပဲ။ ပြစ်ဒဏ်ချမှတ်မှုကလည်း တစ်တန်းတည်းဖြစ်နေတယ်။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့လည်း ဒီပုဒ်မကို ပြင် ဆင်ဖို့ ဆွေးနွေးပြီးပါပြီ။ ဒါပေမယ့် ကျွန် တော်တို့က အကြံပေးတဲ့အဖွဲ့ ဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရက တာဝန်ပေးလာရင် တော့ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဒီပုဒ်မက ဥပဒေပြုတုန်းက အားလုံးကိုခြုံငုံပြီး စဉ်း စားခဲ့တာဆိုတော့၊ ပြီးတော့ ဒီအမှုက ရဲ အရေးပိုင်တဲ့အမှု ဖြစ်သွားတော့ အာမခံ တွေ ဘာတွေ ပေးလို့မရတော့ဘူးဖြစ်သွားတယ်။ ဒီဥပဒေက အဓိက အသရေဖျက်တာကို ကာကွယ်ထားတာ ဖြစ်နေတယ် ပေါ့နော်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ နိုင်ငံသားအခွင့်အရေးဆိုတဲ့အထဲမှာတော့ အသရေဖျက်တဲ့သူကို ကာကွယ်ထားတာမပါတဲ့အတွက် သွားငြိနေတာမျိုးတော့ မရှိပါဘူး။

ဦးနေဘုန်းလတ်
(ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ်)

တကယ်တမ်းကျတော့ နည်းပညာသုံးတဲ့ သူတွေအတွက် သီးခြား Cyber Law ဆိုတာမျိုးရှိသင့်တယ်။ နည်းပညာကိုသုံးပြီး အသရေဖျက်တာတွေ၊ အနိုင်ကျင့်တာတွေ၊ ငွေညှစ်တာတွေ စတာတွေအတွက် ဒီ Telecom Law ထဲမှာ မထည့်သင့်ဘူး။ Telecom Law ဆိုတာ Telecom အော်ပရေတာတွေနဲ့ပဲ အဓိကသက်ဆိုင်တဲ့ဥပဒေ ဖြစ်သင့်တယ်။ ဆိုတော့ ဆိုက်ဘာဥပဒေ ဆိုတာမျိုးကိုဆွဲပြီး ဒီဘက်က ၆၆ (ဃ) လိုမျိုး ပုဒ်မမျိုးကို ဟိုဘက်ထဲကို ဆွဲသွင်းသင့်တယ်။ ကျွန်တော်တော့ အဲဒီလိုပဲ ဖြစ် စေချင်တယ်။ အခုလောလောဆယ် Cyber Law ဆိုတာ မပေါ်ခင်တော့ ၆၆ (ဃ) ကို ပြင်ဆင်သင့်တယ်။ ပြင်တယ်ဆိုရင်တော့ အာမခံမရတဲ့ ကိစ္စပေါ့။ အာမခံပေးသင့်တယ်။ နောက်တစ်ခုက ကြားလူ Third Person ကဆွဲတဲ့ကိစ္စပေါ့။ ခံရရင်ခံရတဲ့လူက မဟုတ်ဘဲနဲ့ အခြားလူကဆွဲတဲ့အခါမှာ သွားဖမ်းတယ်ဆိုတဲ့အနေအထားပေါ့။ အဲဒီ နှစ်ချက်ကတော့ တော်တော်လေးအဆင် မပြေဘူး။ ဒါကိုပဲ ဆက်သုံးနေမယ်ဆိုရင်တော့ ဒီအချက်တွေကို ပြင်ဆင်သင့်တယ်။ နောက်တစ်ခုက တိုင်လိုက်ပြီးတာနဲ့ ချက်ချင်းသွားမဖမ်းသင့်ဘူး။ တိုင်လိုက်ပြီဆိုရင် ဒီအကောင့်ဟာ ခံရတဲ့သူသုံးနေတာလား သေချာစိစစ်ပြီးမှ ဖမ်းသင့်တယ်။ ဒါတွေက အတုလုပ်လို့ရတယ်လေ။ ဓာတ်ပုံနဲ့နာ မည်နဲ့ယူပြီး အတုလုပ်ပြီး လျှောက်ဆဲနေ ရင် အဲဒါကိုတိုင်လိုက်ရင် အလုပ်ခံရတဲ့သူကိုပဲ လာဖမ်းမှာပဲ။ အဲဒါတွေကိုလည်း ရဲဌာနက စိစစ်ပြီးမှဖမ်းသလားဆိုတော့ အခုချိန်ထိတော့ အဲဒီလိုဖမ်းတာမျိုးမဟုတ် ဘူး။ ဆိုတော့ ဒါက အချိန်မရွေးလူတိုင်း ဒုက္ခရောက်သွားနိုင်တယ်။ တကယ်တမ်း နောက်ပိုင်းမှာ အတိုင်ခံရတယ်ဆိုရင် ဒီ အကောင့်ဟာ တကယ်တမ်းသုံးနေတာ လားဆိုတာအရင် စိစစ်ပြီးမှ ဖမ်းဆီးတာ မျိုးလုပ်သင့်ပါတယ်။ ဖမ်းဆီးရင်လည်း အာမခံပေးတာမျိုး အချုပ်ပြင်ပကနေ တရားရင်ဆိုင်လို့ရတာမျိုး ဒါမျိုး လုပ်သင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင်တော့ ဘာလုပ်လဲဆိုတော့ ကျွမ်းကျင်သူတွေရဲ့ ထင် မြင်ယူဆချက်တွေကို တောင်းတဲ့ဟာမျိုး တွေလုပ်လေ့ရှိတယ် တရားသူကြီးက မဆုံးဖြတ်ခင်မှာ။ ဒီမှာတော့ ဒါမျိုးတွေ မရှိသေးဘူး။ ဆိုက်ဘာဥပဒေ ရေးတဲ့အခါ မှလည်း တကယ်နားလည် ကျွမ်းကျင်သူ တွေနဲ့ တိုင်ပင်ပြီး နည်းဥပဒေတွေပါဆွဲသင့် တယ်။ ၆၆ (ဃ) ဆိုရင်လည်း ပြဿနာက နည်းဥပဒေမရှိတဲ့ ပြဿနာပေါ့။ ဆိုတော့ ဘယ်လိုဟာမျိုးကို သက်သေအဖြစ်ယူမှာ လဲ။ ဘယ်လိုအချက်မျိုးကို ပြစ်ဒဏ် ဘယ်လောက်ချသင့်လဲ။ ဘယ်လိုကိစ္စဆိုရင် တော့ အသရေဖျက်မှုမြောက်လဲ။ ဘယ် လိုကိစ္စဆိုရင်တော့ ၆၆(ဃ) မြောက်လဲ စတာတွေအတွက် တိကျတဲ့စကားလုံး ဖွင့် ဆိုချက်မရှိဘူးဖြစ်နေတယ်။ နည်းဥပဒေ လိုနေတာပေါ့။ ဒီဥပဒေကို ဆက်သုံးနေ မယ်ဆိုရင်လည်းတိကျတဲ့ နည်းဥပဒေဆွဲ သင့်ပါတယ်။

စာရေးဆရာ ဦးနောင်ကျော်

မီဒီယာနဲ့လူထုကို ဖိနှိပ်တဲ့ ဘယ်ဥပဒေမျိုးကိုမဆို ကျွန်တော်အနေနဲ့ ဆန့်ကျင်ပါတယ်။ ဒီလောက်ဆို လုံလောက်ပါတယ်။ အကုန်လုံးကို ခြုံငုံမိမယ်ထင်ပါတယ်။

ဦးနေမျိုးထွန်း
(ထန်းတပင်မဲဆန္ဒနယ်၊
ပြည်သူ့လွှတ်တော်
ဥပဒေကြမ်းကော်မတီဝင်)

တစ်ခုတော့ရှိတာပေါ့။ လက်ရှိဖြစ်နေ တဲ့ပြဿနာက အွန်လိုင်းပေါ်မှာ ဖြစ်သွားတာပါ။ ဒါကို စည်းမဲ့ကမ်းမဲ့ မဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရပါမယ်။ မထင် ရင် မထင်သလို လက်နက်သဖွယ် အသုံးချ ရင် မကောင်းဘူး။ ဒီ ၆၆ (ဃ)ကို ဖျက် တော့ မဖျက်သင့်ဘူး။ ဒါပေမယ့် နည်းဥပ ဒေလုပ်ထုံး လုပ်နည်းနဲ့ စနစ်တကျ စည်းကမ်းရှိအောင် လုပ်ရပါမယ်။ အမုန်းစကား ပြောတာလား၊ ဝေဖန်တာလား၊ ပြဿနာ ဖြစ်စေချင်တာလား ဆိုတာကို အသေးစိတ် လုပ်ရပါမယ်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*