အမြန်လမ်းများတွင် တယ်လီမက်ထရစ် စနစ် တပ်ဆင်ထားသော ယာဉ်များသာ မောင်းနှင်ခွင့်ရမည်

အမြန်လမ်းများတွင် တယ်လီမက်ထရစ် စနစ် တပ်ဆင်ထားသော ယာဉ်များသာ မောင်းနှင်ခွင့်ရမည်
October 13, 2016 Asian Fame

9:17 am
အမြန်လမ်းများတွင် တယ်လီမက်ထရစ် စနစ် တပ်ဆင်ထားသော ယာဉ်များသာ မောင်းနှင်ခွင့်ရမည်
In Cover News

အမြန်လမ်းများတွင် တယ်လီမက်ထရစ် စနစ် တပ်ဆင် ထားသော ယာဉ်များသာ မောင်းနှင်ခွင့် ရမည်

popular-choice

အမြန်လမ်းများတွင် တယ်လီမက်ထရစ် စနစ် တပ်ဆင်ထားသော ယာဉ်များသာ မောင်းနှင်ခွင့်ရမည် တယ်လီမက်ထရစ်စနစ် မတပ်ဆင် ထားသော ယာဉ်များကို အမြန် လမ်းမကြီးတွင် မောင်းနှင် ခွင့်ပြုတော့မည်မဟုတ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲမှူး ရန်နောင်ဝင်း က ပြောသည်။ ထိုစနစ် တပ်ဆင်ရန် စီစဉ်ရခြင်းမှာ အမြန် လမ်းမကြီးပေါ်တွင် ယာဉ်မတော် တဆမှုများ မဖြစ်ပွားစေရန် နှင့် သတ်မှတ် မိုင်နှုန်း အတွင်းမောင်းနှင်ရန် အတွက်ဖြစ် ကြောင်း၊ အမြန် လမ်းမကြီးတွင် ပြေးဆွဲ နေသော ခရီးသည်တင် ယာဉ်များ၊ ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုထားသော သတ်မှတ် ကုန်တင်ယာဉ်များ အားလုံးကို တယ်လီမက်ထရစ် စနစ် တပ်ဆင်မောင်း နှင်ရန် ညွှန်ကြားထားကြောင်း၊ ထိုစနစ်ကို တပ်ဆင်မှသာ ယာဉ်များ၏ သတ်မှတ်အရှိန် နှုန်း တိုင်းတာမှုများကို လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စနစ်နှင့် ပတ်သက်၍ ရဲမှူး ရန်နောင်ဝင်းက ”ဥပမာ တယ်လီ မက်ထရစ် စနစ် တပ်ဆင်ထားတဲ့ ကားတစ်စီး ကို ကျွန်တော်က မောင်းမယ်ဆိုပါစို့။ ၁၁၅ ကို ရောက်တဲ့ အချိန်မှာ ကီလို ၁ဝဝ နဲ့ မောင်း နှင်တယ်ထား၊ ကျွန်တော်တို့ရဲ့ Control စင်တာမှာ ကားကီလို ၁ဝဝ နဲ့ မောင်းနှင် နေတယ် ဆိုတာ ဖော်ပြပါတယ်။ သတ်မှတ် ချက်ထက် ကျော်ပြီးတော့ ၁ဝ၁ နဲ့ မောင်း တယ်ဆိုပါစို့။ Control စင်တာက တာဝန် ကျဝန်ထမ်းတွေက တယ်လီမက်ထရစ် Device ကနေ ကျွန်တော့် ကားဆီကို ဆက် သွယ် အကြောင်းကြားမှာ ဖြစ်ပါတယ်။လူကြီးမင်း မောင်းနှင်တဲ့ ယာဉ်မှာ သတ်မှတ် ကီလိုထက် ပိုမောင်းနေတာဖြစ်တဲ့ အတွက် သတ်မှတ် ကီလိုအတွင်း မောင်းနှင်ပေးရန် ဆိုပြီး အကြောင်းကြားမှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။ ထိုသို့ သတိပေး အကြောင်းကြားမှုကို မလိုက်နာပါက သက်ဆိုင်ရာ အမြန်လမ်း ရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူ သွားမည်ဖြစ် ကြောင်းလည်း ၄င်းက ပြောသည်။ ”တယ်လီမက်ထရစ် တပ်ဆင်ထားတဲ့ ယာဉ်က အမြန်လမ်းမှာ ပြေးဆွဲတဲ့အချိန် သတ်မှတ် ကီလိုမီတာထက် ကျော်လွန်ပြီး တော့ မောင်းနှင်ပြီ ဆိုရင် ယာဉ်မောင်းနေ ချိန် တစ်မိနစ် ဆိုရင် တယ်လီမက်ဒရစ် Devic Control စင်တာကနေ သတိပေးပါ တယ်။ အရှိန်လွန် မောင်းနှင်တာ မဟုတ်ဘဲ နဲ့ ကုန်းဆင်းသော် လည်းကောင်း၊ ယာဉ် ကျော်တက်ချိန်တွင် လည်းကောင်း ယာဉ် ကိုကျော်တက် လိုက်တာ ဖြစ်တဲ့အတွက် ကီလို အနည်းငယ် ကျော်သွားတာပေါ့။ ၁ဝဝ ကီလို သတ်မှတ် ထားသော်လည်း ကီလို အနည်းငယ် ကျော်သွားတာပေါ့။ ၁ဝ၁ ကီလို ၁ဝ၂ ကီလို ၁ဝ၅ ကီလို ကျော် သွားတာပေါ့။ သူ့ရဲ့အချိန်သည် တစ်မိနစ် ပါ။ သုံးမိနစ်ကနေ ငါးမိနစ်ကို ကျော်လွန် မောင်းနှင်နေမယ် ဆိုရင် သတိလှမ်းပေးပါ့ မယ်။ လိုက်နာမှု မရှိရင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကနေ အရေးယူ မှုတွေ ပြုလုပ် သွားမှာပါ” ဟု ၄င်းကပြောသည်။ ထို့အပြင် တယ်လီမက်ထရစ် တပ်ဆင် ထားသော ယာဉ်များ စက်ချို့ယွင်းပါက လိုအပ်သည့် အခွင့်အရေး ပေးသွားမည်ဖြစ် ကြောင်းလည်း သိရသည်။ ”တယ်လီမက်ထရစ် တပ်ဆင်ထား သောယာဉ်သည် စက်ချို့ယွင်းပြီး ရပ်တန့် နေတယ်။ ထားပါတော့ ရပ်တန့်လို့ မရတဲ့ နေရာမျိုးမှာ ရပ်တန့်ထားတယ် ဆိုရင် ဒီလို အခြေအနေမျိုးမှာ တာဝန်ကျ ဝန်ထမ်း တွေက အကြောင်းကြား လှမ်းမေးမှာဖြစ် ပါတယ်။ ကူညီဖို့ လိုအပ်ရင် သက်ဆိုင်ရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကို အကြောင်း ကြားပြီး ကူညီမှုဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။ လက်ရှိတွင် ယာဉ် ၁၇ဝဝ ကျော်အထိ တယ်လီ မက်ထရစ်စနစ် တပ်ဆင်ပြီးသော် လည်း အိမ်စီးကား များတွင် တပ်ဆင်မှု မရှိသေးကြောင်း ¤င်းထံမှသိရသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*