ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်သူများ စည်းကမ်းမလိုက်နာပါက တရားစွဲခံရမည်

ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်သူများ စည်းကမ်းမလိုက်နာပါက တရားစွဲခံရမည်
November 16, 2016 Asian Fame

4:34 am
ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်သူများ စည်းကမ်းမလိုက်နာပါက တရားစွဲခံရမည်
In Cover News, Crime, Health, Slider
ဓာတ်ပုံ - အောင်နိုင်စိုး

ဓာတ်ပုံ – အောင်နိုင်စိုး

စိုင်းလမင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၅

ပြည်တွင်း စားသောက်ကုန်ထုတ်လုပ် သူများသည် သတ်မှတ်စည်းကမ်းချက်များ ကို မလိုက်နာပါက လာမည့်နှစ်မှစကာ အရေးယူတော့မည်ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်း ရရှိသည်။

စားသောက်ကုန် ထုတ်လုပ်ပါက ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန (FDA ) ထောက်ခံချက်၊ လိုင်စင်ပေး သည့်ဌာန၏လိုင်စင်အမှတ်၊ ထုတ်လုပ်သည့် ရက်နှင့် သက်တမ်းကုန်ဆုံးရက် စသည် တို့ပါရှိရမည်ဖြစ်ပြီး အဆိုပါအချက်များ မပါပါက ကုန်ပစ္စည်းများကို ဦးစွာသိမ်း ဆည်းမည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်လုပ်ဆောင် မည်ဖြစ်ကြောင်းFDA  ညွန်ကြားရေးမှူးချုပ် ဒေါက် တာသန်း ထွဋ်က ပြောသည်။

”တချို့လည်း ဒီ အတိုင်း စည်းမဲ့ ကမ်းမဲ့ ထုတ်နေကြတာ ဖြစ်ပါ တယ်။ အားလုံး နားလည် အောင် သတင်းစာထဲ ကနေ ကြေညာပေးတယ်၊ သတိပေးတယ်။ ဇန်နဝါရီ လ ၁၅ ရက်နောက်ပိုင်းမှာ ဈေးကွက်တွေမှာ ဒါတွေတွေ့ရင် ဖမ်းဆီးထိန်းသိမ်းမှာဖြစ်ပါ တယ်။ အဲ့ဒါကိုမှ မလိုက်နာရင်တော့ ဥပဒေအရ အရေးယူသွား မှာဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

နိုဝင်ဘာလ ၁၅ရက်နေ့ကနေပြည်တော် ရှိGrand Amara ဟိုတယ်တွင် ကျင်းပ သော စားသောက်ဆိုင် များနှင့် လမ်းဘေး စား သောက်ဆိုင်များတွင် အစား အသောက်ဘေးရန် ကင်းရှင်းပြီး ကျန်းမာရေး နှင့်ညီညွတ်စွာ ပြင်ဆင် ရောင်းချနိုင်ရေး အသိ ပညာပေးပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ် သည်။

ပထမအဆင့် ကုန် ပစ္စည်းများ သိမ်းမည်ဖြစ်ပြီး မလိုက်နာပါက ထုတ်လုပ်သူကိုပါ  ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

”အစားအသောက် ဥပဒေ ရှိတယ်၊ ဆေးဝါးဥပဒေ ရှိတယ်၊ ပြဋ္ဌာန်းထားပြီး သားပဲ။ သူကျူးလွန်တဲ့ ပြစ်မှုအပေါ် မူတည်ပါတယ်။ လူတိုင်းကိုထောင်ချဖို့ မဟုတ် ပါဘူး။ သူကျူးလွန်တဲ့ ပြစ်မှုအပေါ် မူတည်ပြီးတော့ သွားမှာဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

ပြည်တွင်းထုတ်ကုန်များကို ဖမ်းဆီး ထိန်းသိမ်းရာတွင် FDA တစ်ခုတည်း လုပ်ဆောင်မည်မဟုတ်ဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင် စသည့်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများလည်း ပါဝင်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

အစားအသောက်၊ ဆေးဝါးနှင့် လူသုံး ကုန်ပစ္စည်းများကို ကြပ်မတ်ကွပ်ကဲသည့် ကိစ္စများ အရှိန်မြှင့်ရန်FDA ကို အစိုးရက လမ်းညွှန်ထားပြီးဖြစ်ရာ စစ်ဆေး အရေး ယူမှုများကို အရှိန်မြှင့်လုပ်ဆောင်သွား တော့မည်ဖြစ်ကြောင်း ဒေါက်တာသန်းထွဋ် က အောက်တိုဘာလအတွင်းက ပြောကြား ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*