ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အမြန်ဆုံး ပြင်ဆင်ရန် သုံးသပ်ချက် လွှတ်တော်သို့ တင်ပြထား

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အမြန်ဆုံး ပြင်ဆင်ရန် သုံးသပ်ချက် လွှတ်တော်သို့ တင်ပြထား
February 22, 2017 Asian Fame

12:01 pm
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အမြန်ဆုံး ပြင်ဆင်ရန် သုံးသပ်ချက် လွှတ်တော်သို့ တင်ပြထား
ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့က စီစဉ်သည့် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး လက်ကမ်းစာရွက်များကို မြို့ရောနယ်ပါမကျန် ဖြန့်ဝေခဲ့သည်(ဓာတ်ပုံ - ကိုစိုးသီဟ)

ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့က စီစဉ်သည့် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး
လက်ကမ်းစာရွက်များကို မြို့ရောနယ်ပါမကျန် ဖြန့်ဝေခဲ့သည်(ဓာတ်ပုံ – ကိုစိုးသီဟ)

စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ

ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ ‘ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ကို  အမြန်ဆုံး   ပြင်ဆင်ရေး သုံးသပ်အကြံပြုချက်’ ကို ပြည်သူ့လွှတ်တော်သို့ တင်ပြ ထားကြောင်း အဆိုပါကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဝင်းက ပြော သည်။

”ပုဒ်မ ၅ဝဝ ထဲမှာလည်း အ သရေဖျက်ရင် ထောင်နှစ်နှစ်ထိ ချ မယ်လို့ ပါတယ်။ အခု ဆက်သွယ် ရေးဥပဒေကျတော့မှ သုံးနှစ်ဖြစ်   နေတယ်။ သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဆိုရင် အာမခံမပေးနိုင် ဘူးဆိုပြီးတော့ ရေးထားတယ်။ ရေးထားတော့ ပြဿနာက ဘာ ပြဿနာလဲ ဆိုတော့ အာမခံ မပေး နိုင်တဲ့ ပြဿနာက နံပါတ် ၁ ပဲ။ အသေရေဖျက်တာချင်း အတူတူ ကို ဒီဥပဒေကျတော့မှ သုံးနှစ်ဖြစ် တာဆိုတော့ ဒါက ကွဲလွဲချက်ကြီး တစ်ခုဖြစ်နေတယ်။ အဲ့ဒါတစ်ချက်။  နောက်တစ်ခါ ဒီလို တစ်ယောက်နဲ့ တစ်ယောက် အဲ့ဒီလိုသာလုပ်နေ မယ်ဆိုရင် ရန်တွေများလာမယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကော် မတီအနေနဲ့ကတော့ အမြန်ဆုံးပြင် ဆင်နိုင်ဖို့ သုံးသပ်အကြံပြုချက်တစ် ရပ် ကို ပြည်သူ့လွှတ်တော်ကို တင်ပြ ထားတယ်။ ပြည်သူ့လွှတ်တော်က ပြင်မပြင်ကတော့ စောင့်ကြည့်ရမှာ ပေါ့”ဟု လမ်းမတော်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်သည့် ၄င်းက ပြောသည်။

ထိုသို့ ပြင်ဆင်ရာတွင် ဆက် သွယ်ရေးဥပဒေပုဒ်မ တစ်ခုလုံးအား ပြင်ဆင်မည်မဟုတ်ဘဲ အသေရေ ဖျက်မှုပါသော စကားလုံးကို သာ ပြင်ဆင်ရန် တင်ပြထားခြင်းဖြစ် ကြောင်း ၄င်းက ပြောသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ အမြန်ဆုံးပြင်ဆင်ရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ မောင် ဆောင်းခက ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ”ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ နိုင်ငံသား များ၏ မူလအခွင့်အရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးကော်မတီ ဥပဒေကြမ်းကော် မတီအပါအဝင် စတဲ့ ကော်မတီ ၅ ခုနဲ့ တွေ့ဆုံစဉ်မှာ အမြန်ဆုံးပြင် ဆင်ဖို့ ပြောတယ်။ ပြင်တဲ့အခါမှာ လည်း ပညာရှင်တွေရဲ့ အကြံÓဏ် တွေလည်း ယူမယ်လို့ ပြောတယ်”ဟု ဆိုသည်။

 ပုဒ်မ ၆၆(ဃ)တွင် ”ဆက်သွယ် ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အ ထက်ပြု ခြင်း၊ မတရား တားဆီးကန့်ကွက် ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့် ယှက်ခြင်း၊ မလျော် သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” ဟု ပြဋ္ဌာန်းထားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကြောင့် ဇန်နဝါရီလ ဒုတိ ယအပတ်အထိ တရားရုံးမှ တရား စွဲဆိုမှုပေါင်း ၄၉ မှုအထိ ရှိကြောင်း ဆက်သွယ်ရေးဥပဒေပုဒ်မ အမြန် ဆုံးပြင်ဆင်ရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*