တရားဝင် ခွင့်ပြုထားသော အကြွေစေ့ ဂိမ်းဆိုင်များ စာရင်း အတိအကျ ထုတ်ပြန်ပေးမည်ဟု ရန်ကုန်တိုင်း အစိုးရ ပြော

တရားဝင် ခွင့်ပြုထားသော အကြွေစေ့ ဂိမ်းဆိုင်များ စာရင်း အတိအကျ ထုတ်ပြန်ပေးမည်ဟု ရန်ကုန်တိုင်း အစိုးရ ပြော
April 26, 2017 Asian Fame

11:27 am
တရားဝင် ခွင့်ပြုထားသော အကြွေစေ့ ဂိမ်းဆိုင်များ စာရင်း အတိအကျ ထုတ်ပြန်ပေးမည်ဟု ရန်ကုန်တိုင်း အစိုးရ ပြော

(ရန်ကုန်၊ ဧပြီ ၂၄)

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရားဝင် ခွင့်ပြုထားသော အကြွေ စေ့ဂိမ်းဆိုင်များ စာရင်းကို နေရာ အတိအကျဖြင့် ထုတ်ပြန်ပေးသွား မည်ဟု ရန်ကုန်တိုင်း အစိုးရက ပြောသည်။

”တရားမဝင် ခွင့်ပြုထားတဲ့ ဂိမ်းဆိုင်တွေ ခွင့်ပြုထားတယ် ဆိုရင် ဒါဟာ ချက်ချင်း ဖမ်းရမှာဖြစ်တဲ့ အ တွက် အရေးယူဖို့ ကိစ္စကို ကျွန် တော်တို့ စဉ်းစားရပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်စိုး ကပြော သည်။

ဧပြီလ ၂၄ ရက်နေ့က ပြုလုပ် သော ရန်ကုန်တိုင်း ဒေသကြီးလွှတ် တော်တွင် ပန်းဘဲတန်း မြို့နယ် မဲ ဆန္ဒနယ်အမှတ် (၁)လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်း အတွင်းရှိ ဂိမ်းဆိုင် များတွင် မည်သည့် လောင်းကစား စက်များသည် တရားမဝင် စက်များ ဖြစ်သည်ကို အမျိုးအစား သတ်မှတ် ဖော်ပြတားဆီးရန် အစီအစဉ် ရှိ- မရှိ၊ လုပ်ငန်းလိုင်စင်ရယူထားသူ များအား ပြဿနာ တစ်စုံတစ်ရာ ပေါ်လာလျှင် အရေးယူ ဆောင်ရွက် နိုင်ခြင်း ရှိ-မရှိ မေးမြန်းခဲ့ရာ ဝန် ကြီးက ထိုသို့ ဖြေကြား ခဲ့ခြင်းဖြစ် သည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီအနေဖြင့် လုပ် ငန်းလိုင်စင် ချထားပေးသည့် လုပ် ငန်းသာ ဆောင်ရွက်ခြင်း ဖြစ်ပြီး အရေးယူသည့် အပိုင်းကို သက် ဆိုင်ရာ အုပ်ချုပ်ရေးဌာနများက  အရေးယူရကြောင်း၊ တချို့ဂိမ်းဆိုင် များသည် တရားဝင် ခွင့်ပြုထားခြင်း ရှိ မရှိကို မြို့နယ်များ အတွင်း ကွင်းဆင်းစစ်ဆေးမှသာ သိရှိနိုင် မည်ဖြစ်ကြောင်း ဦးမောင်မောင်စိုး က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ဂိမ်းဆိုင် ၄၃ ဆိုင်ကိုသာ တရားဝင် ခွင့်ပြုချက် ဖြင့် စိစစ်ကာ လုပ်ငန်း လိုင်စင်တိုး ပေးနေပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ လမှစ၍ ဂိမ်းဆိုင်များကို ခွင့်ပြုမှု ရပ်နားထားခြင်းဖြစ်သည်။ ၂ဝ၁၃ ခုနှစ်မှစ၍ ကလေးများ စိတ်အပန်း ဖြေစရာ အဖြစ် ဂိမ်းဆိုင်များ ကိုခွင့် ပြုထားသော်လည်း နောက်ပိုင်း တွင်လောင်းကစား အသွင်ဆောင် လာ၍ ပြင်းထန်စွာ အရေးယူနေ ကြောင်း၊ လိုင်စင်ဖြင့် လုပ်ကိုင်နေ သော ဂိမ်းဆိုင် များမှာ တာမွေမြို့  နယ်နှင့် ပန်းဘဲတန်း မြို့နယ်တို့တွင်  အများဆုံး ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး တင်အောင်ထွန်းက အောက် တိုဘာလ ၂၅ ရက်နေ့က တိုင်း လွှတ်တော်တွင် ဖြေကြားထား သည်။ ၁၉၈၆ ခုနှစ်လောင်းကစား ဥပဒေအရ လောင်းကစားရန် ကြံ ရွယ်၍အသုံးပြုသော ဂိမ်းစက် များမှာ လောင်းကစား ကိရိယာတွင် အကျုံးဝင်ပြီး လောင်းကစားအိမ် ဖွင့်လှစ်ခြင်း (သို့မဟုတ်)တည် ထောင်ပါက ပုဒ်မ ၉ အရ အနည်း ဆုံးထောင်ဒဏ် ၁နှစ်၊ အများဆုံး ၃နှစ်၊ ထပ်မံကျူးလွန်ပါက ငွေ ဒဏ်နှင့် အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရ သည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*