အကယ်ဒမီ ထွန်းထွန်းဝင်းနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ ထွန်းထွန်းဝင်းနှင့် တွေ့ဆုံခြင်း
October 13, 2016 Asian Fame

9:05 am
အကယ်ဒမီ ထွန်းထွန်းဝင်းနှင့် တွေ့ဆုံခြင်း
In Cover News, Politics

အကယ်ဒမီ ထွန်းထွန်းဝင်းနှင့် တွေ့ဆုံခြင်း

tun-tun-win

ယခုရက်ပိုင်း အတွင်း မြန်မာ ဇာတ်ကားများ နှင့်ပတ်သက်၍ လူမှု ကွန်ရက် စာမျက်နှာများတွင် ဝေဖန် မှုများ မြင့်တက်လျက် ရှိရာ မြန်မာ ဇာတ်ကားများ အရည်အသွေး တိုးတက်ရေးနှင့် ပတ်သက်၍ လိုအပ် သည့် အရာများကို ဝါရင့် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းဝင်း အား တွေ့ဆုံ မေးမြန်း ဖော်ပြလိုက်ပါသည်။

အခု လတ်တလော မြန်မာဇာတ်ကား ဇာတ်ဝင်ခန်း တချို့ မပီပြင်တာ နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြ လာကြတယ်။ အဲဒီအပေါ် ဦးရဲ့ သဘောထားလေး အရင်ဆုံးပြော ပြပေးပါရှင့်။

မြန်မာဇာတ်ကား မကြိုက်တဲ့သူ လည်း ရှိမှာပါ။ အနုပညာရှင်တွေ ကတော့ အကောင်းဆုံး လုပ်နေ ကြတာပါပဲ။ အခြေအနေအရ ရိုက် လိုက်ရတဲ့ ကားတွေလည်း ရှိတယ် အများကြီးပဲ။ လုပ်ရကိုင်ရတာ တင်းကျပ်နေတော့ တချို့ကလည်း ပြီးပြီးရော လုပ်လိုက်ရတဲ့ အပိုင်း တွေရှိတယ်။ ဥပမာ-လေဆိပ် သွား ပို့တဲ့အခန်း၊ သွားကြိုတဲ့ အခန်း ရိုက်ချင်ရင် တစ်လကြို လျှောက်ရ တယ်။ ဘယ်လိုအခန်း ရိုက်မှာလဲ ဆိုတာကအစ အသေးစိတ် တင်ပြ ရတယ်။ အဲဒီတော့ ဒါကိုအသေး အဖွဲလို မြင်လာကြတယ်။ ဖြစ်သလို ပဲ ရိုက်ချလိုက်ရတဲ့ အပိုင်းတွေဖြစ် သွားတော့ ရသလည်း ပေါ့သွား တယ်။ ဒီထက်မက လုပ်နိုင်စွမ်း ရှိသော်လည်း အခြေအနေ အကြောင်း ကြောင်းကြောင့် နိုင်ငံခြားက ပြန် လာရင် အိမ်တန်း ရောက်တယ်။ နိုင်ငံခြား သွားရင်လည်း နိုင်ငံ ခြား တန်းရောက်တယ်၊ အဲဒီလိုနဲ့ပဲ ရိုက်လာကြတယ်။

အတားအဆီးကြားက ကွဲထွက် အောင် လုပ်နိုင်ဖို့ရာမှာ အနုပညာရှင် တွေအတွက် ဘယ်လို အခက်အခဲ တွေ ရှိနေလို့ပါလဲ။

ဖြစ်ကတတ်ဆန်းထက် အဆင် ပြေအောင် ရိုက်လာတာ များတယ်။ များလာတော့ အရည်အသွေးတွေ ကျပြီး အရေအတွက် တွေပဲ များ လာတယ်။ ခွင့်မပြုတာ၊ တင်းကျပ် တာတွေ များလာတော့ အားမရ ဘူး။ ဇာတ်ကားတွေ က ဆင်တူရိုး မှားတွေ ဖြစ်လာတယ်။ မသဲကွဲ တာတွေ များလာတယ်။ အနုပညာ ရှင်တွေက လုပ်ပြနိုင်စွမ်း ရှိတယ်။ ဒါပေမယ့် လုပ်ပြခွင့် မရှိဘူး။ တကယ် လို့ လုပ်ပြခွင့် ရှိရင် ဘယ်သူမဆို ကြိုးစား ရတော့မယ်။ ကြိုးစားလုပ် ရင်ကောင်းလာမှာပဲ။ အခုက ဒီလိုပဲ တဝဲလည်လည် ဖြစ်နေတော့ ရပါ တယ်၊ ဒီလောက်ပဲ ဆိုတာနဲ့ပဲ ပြီး သွားတယ်။ သူများနိုင်ငံ မှာက ပီပြင် တာ မပြောနဲ့လေ။ ဥပမာ သေနတ် ကိုင်ရတဲ့ အခန်းဆို ကိုင်လို့မရဘူး။ မေးတော့တာပဲ။ ဒီသေနတ်က ဘယ်က ရတာလဲ၊ ဘယ်သူ့ဆီ ကလဲ၊ ဘယ် အချက်ကို အခြေခံတာလဲ စုံ နေတာပဲ။ ဇာတ်ကားထဲမှာ ဓားပြ တိုက်တဲ့ အခန်းက သေနတ် နဲ့ဆို ပေမယ့် ဓားနဲ့တုတ် နဲ့ပဲဖြေရှင်းရိုက် ရတာတွေလည်း ရှိတယ်လေ။ သေနတ် ကိုင်မရတော့ ထစ်ခနဲဆို ဓားနဲ့ပဲ ထိုးရတယ်။ ဓားထိုးတာ များလာ တော့မြန်မာ ဇာတ်ကားကြောင့်ဖြစ် ပြန်ရော၊ တကယ်တော့ အနုပညာ သမားတွေက ပတ်ဝန်းကျင်ကနေ သင်ယူရတာလည်း ရှိတယ်။ လုပ်ပြ ချင်သော်လည်း ဖန်တီးပြလို့ မရ တော့ ဘယ်လိုမှ တိုးတက် လာမှု မရှိဘူး။ အမေရိကန် ဇာတ်ကားနဲ့ မြန်မာ ဇာတ်ကား မယှဉ်နဲ့လေ။ အမေရိကန်တို့ ကိုရီးယားတို့ ဆိုတာ နိုင်ငံတော် အဆင့်က ပံ့ပိုးတာ။ ဒီမှာက ရှိတာနဲ့ ရိုက်ကြတယ်။ နောက်တစ်ခုက သူတို့က ကုန်ကျ စရိတ်တွေ အများကြီး ခံနိုင်တယ်။ ဒီမှာကရှိတာနဲ့ လုပ်ကြတယ်။ ပြီးတော့ သူတို့မှာ လုပ်ပြခွင့်ရှိတယ်။ အနု ပညာရှင်တွေက ဖန်တီးပြချင်စိတ် ရှိသော်လည်း ကွဲထွက်နိုင်အောင် တော် ရုံနဲ့တော့ ဘယ်လိုမှမရဘူး။ ကိုးရီးယား ကားတွေလိုပဲ ရိုက်ပြနိုင်တယ် ထား ဒီမှာ ခွင့်ပြုမှာ မဟုတ်ဘူး။

အဲဒါဆို ဇာတ်လမ်းတွေ ထူးထူး ခြားခြား ကွဲမထွက်တာ ဆင်ဆာ ကြောင့်လည်း ပါတယ်ပေါ့။

ဆင်ဆာဆိုတာ မထားနဲ့တော့။ ဒါပေမယ့် မူဝါဒတော့ ချပေးထား။ ဘယ်လို အချက်တွေက ဘယ်လို ဆိုတာကို ချပေး။ မူဘောင်ကနေ ရိုက်မယ်။ ဘောင်ကျော်ရင် အဲဒီ ဇာတ်ကား ပိတ်သင့် ပိတ်ပစ်လိုက်။ ဒါပေမယ့် မူဝါဒလည်း တင်းကျပ် ပိတ်လှောင်နေအောင် မချနဲ့။ အခု က ရိုက်တော့ စာကလေးပဲ ဟိုလူ ကခေါင်းနုတ် နောက် တစ်ယောက် ကအမြီးနုတ် နဲ့ ကိုယ်ထည်ပဲ ကျန် တော့ ကြည့်တဲ့သူက ဝေဖန်တော့ တာပေါ့။

အခု မြန်မာ့ရုပ်ရှင် နဲ့ပတ်သက်ပြီး လွှတ် တော်မှာ ဆွေးနွေးနေတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒါတွေ အပေါ်ရော ဘယ်လိုမြင်ပါ သလဲရှင့်။

လွှတ်တော်မှာ အခုဆွေးနွေး ကြတယ်။ ဥပမာ ခိုးကူးတွေဖမ်း တာ ဝိုင်းအော်ကြတယ်။ ကျွန်တော် တို့ သတင်း ရတယ်၊ ချက်ချင်းသွား ပြီး မစစ်ဆေးနိုင်ဘူး။ ရဲခေါ်ရ တယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပါရ မယ်။ လူက စုတော့ အဲဒီတော့ ခိုး ကူးတဲ့သူက သတင်းရတာ နဲ့ အေး ဆေးလေ။ တကယ်လည်း ရောက် ရော သတင်းကြားတာနဲ့ ဘာမှမ ဆိုင်တော့ဘူး။ အကာအကွယ်ပေး တဲ့ လူကပေးနေတော့ ခက်တယ်။ ကျွန်တော် နိုင်ငံခြားက မိတ်ဆွေ တ စ်ယောက်ဆီ သွားလည်တုန်းက သူ့သမီးလေး ၁၁ နှစ်ပဲ ရှိသေး တယ်။ သူကြည့်နေတဲ့ ဇာတ်ကား လေးကြိုက်လို့ ဦးကိုကူးပေးပါလား လို့ အမှတ်မထင် ပြောလိုက်မိတယ်။ ကလေးက ချက်ချင်း ပြန်ပြောတယ် ကူးပေးလို့မရဘူး။ သမီးကူးပေး ရင် ဥပဒေ ချိုးဖောက်ရာ ကျမှာပေါ့တဲ့။ ကျွန်တော် အရမ်းရှက် သွားတယ်။ တို့ မြန်မာတွေကျတော့ အဲဒီလို စိတ်မရှိဘူး။ အဲဒီတော့ တိုးတက် ဖို့ဆိုတာ တော်တော်ကို ကြိုးစားရ ပါမယ်။ နောက်နိုင်ငံခြားလို ၁၈နှစ် အောက်မကြည့်ရ ကန့်သတ်ထား ရင် ၁၈ နှစ်အောက်တွေလည်း လုံးဝ မကြည့်ဘူး။ အဲဒီလိုရော ကျွန်တော်တို့ နိုင်ငံက လူတွေ လုပ်နိုင် မလား။ သူများ နိုင်ငံက စည်းကမ်း ရှိတယ်။ ကျွန်တော်တို့ဆီ မှာတော့ မြန်မာကားဆို အဲဒီလို ကန့်သတ် ချက် မရှိဘူး။ နောက်လေးနှစ်ဆို ရုပ်ရှင် နှစ်တစ်ရာ ပြည့်တော့မယ်။ အခုချိန်ထိ စမ်းတဝါးဝါးပါပဲ။

ထူးထူး မေးမြန်းတင်ဆက်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*