ရခိုင်ပြည်နယ် အမျိုးသား အဆင့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲအတွက် ဆုံးဖြတ်မှုများ ပြုလုပ်နေ

ရခိုင်ပြည်နယ် အမျိုးသား အဆင့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲအတွက် ဆုံးဖြတ်မှုများ ပြုလုပ်နေ
May 16, 2017 Asian Fame

4:54 pm
ရခိုင်ပြည်နယ် အမျိုးသား အဆင့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲအတွက် ဆုံးဖြတ်မှုများ ပြုလုပ်နေ

(ရန်ကုန်၊ မေ ၉)

ရခိုင်ပြည်နယ်တွင် အမျိုးသား အဆင့် အကြိုနိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် ရရှိရေးနှင့် ပက်သက်ပြီး ရခိုင် အမျိုးသား ပါတီက အစည်းအ ဝေး တစ်ခုပြုလုပ်ကာ ဆုံးဖြတ်သွား မည်ဖြစ်သည်။

”နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ ခွင့်ရအောင် ဘယ်လို လုပ်သွားမလဲ ဆိုတာကို အစည်းအဝေး လုပ်ပြီး ဆုံးဖြတ် သွားပါမယ်”ဟု ရခိုင်အမျိုး သားပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင် ပြည်စိုးက ပြောသည်။

ယင်းအစည်းအဝေးကို မေလ ၈ ရက်နေ့မှ ၁ဝ ရက်နေ့အထိ ပြု လုပ်သွားမည် ဖြစ်ပြီး ပါတီဗဟိုကော် မတီဝင် များနှင့် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။

ရခိုင်အမျိုးသား အဆင့် အကြို နိုင်ငံရေး ဆွေးနွေးပွဲကို ပြုလုပ်နိုင် ရန်အတွက် ရခိုင်ပြည်နယ် အတွင်း ခရိုင်ငါးခုနှင့် ရန်ကုန်တို့၌ ခရိုင်အ လိုက်ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ သည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကို ကျင်း ပခွင့် မရရှိသေးသော်လည်း ကျင်းပ ခွင့် ရရှိသည့်အခါ အဆင်သင့်ဖြစ် စေရန် အတွက် အကြိုဆွေးနွေးပွဲ ကို ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးခိုင်ပြည်စိုး ကပြောသည်။

”နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပခွင့်ရအောင် လုပ်သွားမယ်။ မရရင်တော့ ကျွန်တော် တို့အတွက် မရေမရာ ဖြစ်သွားနိုင်ပါတယ်” ဟု ၄င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် အခြေအနေ မတည်ငြိမ်ဟု ဆိုကာ အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) က ကျင်းပခွင့်မပြုခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသား အဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ အကြို ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် အကြောင်းအရာ များဖြင့် ဆွေးနွေးသွားမည် ဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေး ရေးဆွေးနွေးပွဲ ကျင်းပခြင်း၊ အမျိုး သားအဆင့်ဘုံ သဘော တူညီချက် များမရှိဘဲ ဒုတိယအကြိမ် ကျင်းပမည့် ပင်လုံ ညီလာခံကို တက်ရောက်ပါ ကလည်း အကျိုးတစ်စုံ တစ်ရာ ရရှိ မည်မဟုတ်ကြောင်း ဦးခိုင်ပြည်စိုး က ပြောသည်။

ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖော်ဆောင် ရေးကော်မတီကို ရခိုင်အမျိုးသား ပါတီ၊ ရခိုင်ပြည်နယ် လွတ်မြောက် ရေးပါတီ၊ ရခိုင် အရပ်ဘက်အဖွဲ့အ စည်းများမှ အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*