ရခိုင်ပြည်နယ် အတွက် ကူညီထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင် လာသည့် မလေးရှား နိုင်ငံမှ သင်္ဘောဖြင့် လိုက်ပါလာကြသော စေတနာ့ ဝန်ထမ်းများအား လိုအပ်သည် များကို သင်္ဘောပေါ် တွင် လေ့ကျင့်ပေး

ရခိုင်ပြည်နယ် အတွက် ကူညီထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင် လာသည့် မလေးရှား နိုင်ငံမှ သင်္ဘောဖြင့် လိုက်ပါလာကြသော စေတနာ့ ဝန်ထမ်းများအား လိုအပ်သည် များကို သင်္ဘောပေါ် တွင် လေ့ကျင့်ပေး
February 8, 2017 Asian Fame

11:08 am
ရခိုင်ပြည်နယ် အတွက် ကူညီထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင် လာသည့် မလေးရှား နိုင်ငံမှ သင်္ဘောဖြင့် လိုက်ပါလာကြသော စေတနာ့ ဝန်ထမ်းများအား လိုအပ်သည် များကို သင်္ဘောပေါ် တွင် လေ့ကျင့်ပေး
Nautical Aliya သင်္ဘော မလေးရှားနိုင်ငံ ပို့ကလန် ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၃ ရက်နေ့ က ဆိုက်ကပ်စဉ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာဂျစ်ရာဇတ် အား စေတနာ့ ဝန်ထမ်း များနှင့် အတူတွေ့ရစဉ်။ (Photo - MOHD RASFAN ^ AFP)

Nautical Aliya သင်္ဘော မလေးရှားနိုင်ငံ ပို့ကလန် ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၃ ရက်နေ့ က ဆိုက်ကပ်စဉ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာဂျစ်ရာဇတ် အား စေတနာ့ ဝန်ထမ်း များနှင့် အတူတွေ့ရစဉ်။ (Photo – MOHD RASFAN ^ AFP)

(အန်ဒမန်၊ ဖေဖော်ဝါရီ ၇)

‘Food Flotilla For Myanmar’ ဟူသည့် လူသားချင်း စာနာထောက် ထား အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် အတွက် ကူညီထောက်ပံ့ရေး ပစ္စည်း များ တင်ဆောင် လာသည့် မလေး ရှားနိုင်ငံမှ ‘Nautical Aliya’  သင်္ဘောဖြင့် လိုက်ပါလာကြသော စေတနာ့ ဝန်ထမ်းများ အား ဖြစ်လာ နိုင်ဖွယ် ရှိသည့် အခြေအနေ အရပ် ရပ်အတွက် ယင်းသင်္ဘောပေါ်တွင် ပင် လေ့ကျင့်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်မှု များဝယ် အရေးပေါ် သူနာပြုစုခြင်း၊ မီးသတ် ခြင်းနှင့် သတိမေ့သွားသူ တို့ကိုပြုစု ခြင်းတို့လည်း ပါဝင်သည်ဆို၏။

‘Nautical Aliya’  သင်္ဘောကို အသက် ၄၂ နှစ် အရွယ်ရှိ ကပ္ပတိန် မိုဟာမက် ဖီယာဒေါ့စ် ဖိုင်ဆယ်က ဦးဆောင် မောင်းနှင်လာခြင်းဖြစ် ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန် သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်မည် ဖြစ်ကြောင်း ခန့်မှန်းထားသည်။

Cover-(1)စေတနာ့ ဝန်ထမ်း များအား ယင်းတို့၏ လုံခြုံရေး အတွက် ည ၁ဝ နာရီကျော်လျှင် ပင်မကုန်း ပတ်ပေါ်သို့ တက်ခွင့် မပေး ထား ကြောင်း ကပ္ပတိန် က ဆိုသည်။

ယခု ကဲ့သို့ လေ့ကျင့်မှုများ ကြောင့် မည်သို့သော ဖြစ်ရပ်ကို ကြုံ ရပါစေ အရေးပေါ် အခြေအနေ အတွက် ကြိုတင် ပြင်ဆင် ပြီးသား နှင့် အသင့် ဖြစ်နေမည် ဖြစ်ကြောင်း မလာယာ ဆေး တက္က သိုလ် မှ နှလုံး အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ရာဂျာ အာမင် ကလည်း ပြောပါသည်။

သင်္ဘောပေါ်ဝယ် အစားအ သောက်၊ ဆေးဝါး၊ အဝတ်အထည် ၊ စောင် အစ ရှိသည့် ပစ္စည်းများ တန်ချိန် ၂၃ဝဝ ခန့်တင်ဆောင် လာပြီး၊ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ စေတနာ့ ဝန်ထမ်း ၁၉၅ ဦးလိုက်ပါ လာကြောင်း သိရသည်။ ယင်း စေတနာ့ ဝန်ထမ်းများဝယ် ဆေး ဘက်ဆိုင်ရာ၊ လူ့စွမ်းအား အရင်း အမြစ်ဆိုင်ရာ နှင့် နိုင်ငံတကာ မီဒီ ယာသမားများ အပြင် မလေးရှား နိုင်ငံနှင့် အခြား နိုင်ငံများမှ NGO အဖွဲ့ဝင် များ ပါရှိကြသည်။

PN002
REF: ‘Food flotilla for Myanmar’: Volunteers ready for any eventuality

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*