သူတို့အမြင်

သူတို့အမြင်
March 30, 2017 Asian Fame

3:29 pm
သူတို့အမြင်

-------ကြားဖြတ် ရွေးကောက်ပွဲကား ရက်ပိုင်း အတွင်းတွင်ပင် ကျင်းပတော့မည်။ သို့ရာတွင်၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်း ကလောက် ပြည်သူတွေ တက်တက်ကြွကြွ စိတ်ဝင်တစား မရှိဟု ဆိုသူတွေက ဆိုကြသည်။ မဲဆွယ်စည်းရုံးကြ သူများဘက်မှလည်း ထိုနည်းနှင်နှင် ပင် အေးတိအေးစက် ရှိနေသည်ဟုလည်း ဆိုကြပြန်၏။ ၂ဝ၁၂ တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်စားလှယ်လောင်းတစ်ဦး အဖြစ် ပါဝင် ယှဉ်ပြိုင်ခြင်းကြောင့်လည်း ပြည်သူတို့ ပိုမို တက်ကြွခြင်း ဖြစ်နိုင်သော်ငြား ယခု ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်၍မူ ယခုလိုအချိန် အထိ သွေးအေးနေကြခြင်းသာ သေချာ လျှင်တော့ အခြား အကြောင်းအချက် များ ရှိကောင်းရှိနိုင်ပေသည်။ ထို့ကြောင့် ယခု ကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တာဝန်ရှိသူ အချို့၊ ပြည်သူ အချို့နှင့် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့တို့၏ အမြင်များကို တင်ပြလိုက်ရပါကြောင်း။

ဦးကျော်ဆန်းဝင်း
ပြည်နယ်ရွေးကောက်ပွဲအရာရှိ
ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ

ကယားပြည်နယ်ထဲမှာ  ကြား ဖြတ် ရွေးကောက်ပွဲက တစ်နေရာ ပဲ ကျင်းပမှာပါ။ ကျင်းပမယ့်နေ ရာကလည်း ဖရူဆို မြို့နယ် မဲဆန္ဒ နယ် အမှတ် (၁) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် နေရာမှာဖြစ် တယ်။  ယှဉ်ပြိုင်မယ့် ပါတီကလည်း ပါတီ ၃ ခုတည်းဆိုတော့ ဒီဘက် မှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီး စိတ်ဝင်စားမှု ဟာ အထွေ ထွေ ရွေးကောက်ပွဲလောက် မတက် ကြွဘူး ဖြစ်နေတယ်။ မဲစာရင်း တွေ လာကြည့်တဲ့ အနေအထားက လည်း နှစ်ကြိမ်လုံးကိုမှ ၅ဝ ရာခိုင်နှုန်း လောက်ပဲ ရှိနေတာကို မှတ်တမ်း တွေအရ သိရ တယ်။ ဒါ့ကြောင့် ခြုံ ငုံပြောရရင် ဒီဘက်ဒေသမှာ ကြား ဖြတ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ဟာ တော်တော် နည်း နေတယ် လို့ ပြောလို့ရတယ်။ ကိုယ်စားလှယ် လောင်းတွေရဲ့ မဲဆွယ်မှု အနေအ ထားကလည်း ပြင်းပြင်းထန်ထန် မဟုတ်ဘဲနဲ့ အေးအေးဆေးဆေး ရှိနေတာကိုလည်း တွေ့နေရတယ်။ ဒီဘက်ရဲ့ မဲဆန္ဒရှင် ပြည်သူစာ ရင်းက ၉၅ဝဝ ကျော်ကျော်ပဲ ရှိပါ တယ်။

ဦးအောင်ကျော်မိုး
တိုင်းရွေးကောက်ပွဲအရာရှိ
ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ

မဲစာရင်း လာကြည့်တဲ့ အနေ အထားက သိပ်ပြီး အားရစရာ မရှိ ဘူးဖြစ်နေတယ်။ မဲပေးခွင့် သက်သေ ခံကတ်ပြားတောင်မှ လာမထုတ်တဲ့ အတွက် အိမ်တိုင်ရာ ရောက်လိုက် ပေးနေရတာတွေ ရှိနေပါတယ်။ မဲစာရင်း လာမကြည့်တဲ့သူတွေ များ နေတဲ့ အပေါ် လေ့လာကြည့်ရသ လောက် နှစ်ချက် သွားတွေ့ရပါ တယ်။ နံပါတ်တစ် အချက်ကတော့ စိတ်ဝင်စားမှု နည်းလို့။ ကြားဖြတ် လည်း ဖြစ်တယ်။ ကိုယ်စားလှယ် လောင်း နေရာ ကလည်း တစ်နေ ရာပဲ ဖြစ်တာလည်း ပါမှာပေါ့။ နောက်တစ်ခု ကကျတော့ မဲစာ ရင်း ကောက်တာက တစ်အိမ်တက်ဆင်း ကောက်တဲ့အတွက် အချို့ကလည်း ငါတို့တော့ပါမှာပဲ။ ဒီတော့ သွားမ ကြည့်တော့ဘူး။ မဲပေးတဲ့နေ့မှပဲ ထည့်လိုက်မယ်။ မဲစာရင်းကောက် တဲ့ လူတွေကို ယုံကြည်စိတ် ရှိနေတာ ကြောင့် လာမကြည့်ကြတာ ဖြစ်နိုင် တယ်။ အရင်တုန်းက ကျွန်တော်တို့ က လဝက က ရတဲ့စာရင်း၊ ထွေအုပ် က ရတဲ့စာရင်းတွေ နဲ့ မဲစာရင်းပြုစု ရတာကိုး။ ဒီတော့ သေတဲ့လူက လည်းပါ၊ အဝေးရောက်တဲ့ သူလည်း ပါဆိုတော့  မဲစာရင်းမှာ အမှားအ ယွင်းရှိခဲ့တယ်။ အဲဒီအတွက် မဲဆန္ဒ ရှင်ပြည်သူတွေက လာကြည့်ကြတာ များတယ်။ အခုကျတော့ ယုံကြည်မှု ရှိလို့ လာမကြည့်ကြ တာလားတော့ မသိဘူး။ အဲဒီလို သွားတွေ့ရပါ တယ်။ နောက်ပြီး   မဲဆွယ် စည်းရုံးကြ တဲ့ အနေအထားကို ကြည့်ရင်လည်း ပါတီကြီး တစ်ခုလောက်ကသာ အင် တိုက်အားတိုက် လုပ်နေတာ တွေ့ရ ပါတယ်။ ကျန်တာတွေကတော့ သိပ် ပြီး မတွေ့ရပါဘူး။ နယ်မြေတွေပဲ ဆင်းနေလို့ လားတော့ မသိဘူး။ ကျွန်တော်တို့ ပဲခူးတိုင်း ဒေသကြီး အတွင်းမှာကတော့ ကျောက်တံခါး၊ ညောင်လေးပင် မြို့နှစ်မြို့မှာ ရွေး ကောက်ပွဲလုပ်မှာပါ။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နေရာ ဖြစ်တဲ့အတွက် မဲပေးရမယ့် ဦးရေ ဟာ နှစ်မြို့ပေါင်းရင် ၃ သိန်း၂  သောင်းကျော် ရှိနေပါတယ်။ ရွေး ကောက်ပွဲဝင်ကြမယ့် ပါတီတွေက တော့ ၆ ပါတီရှိပါတယ်။

ဦးစိုင်းညွန့်လွင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူး

မဲစာရင်း ကတော့ ထုံးစံအတိုင်း လာမကြည့်ကြဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုကတော့ ပြည်မထက် ရှမ်းပြည်နယ် ကတော့ တော်တော်လေး သာပါတယ်။ နောက်ပြီး ရှမ်းပြည်နယ်ထဲမှာ ကြား ဖြတ်က ၈ နေရာလုပ်မှာ။ ကျွန် တော်တို့က ၇ နေရာပြိုင်မှာ။ အဲဒီ နေရာက လူတွေကတော့ ရွေး ကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်ဝင် စားမှု ရှိနေတယ်လို့ သိထားပါတယ်။ ခက်တာက စိတ်ပူတာ တစ်ခုပဲရှိ တယ်။ အဲဒါက မဲ လာ မထည့်ကြ မှာကိုပဲ။ ထူးဆန်းမှုတစ်ခုက ဘာလဲ ဆိုတော့ ကျွန်တော် တို့ရဲ့ ပြိုင်ဘက် ပါတီကြီးတွေ မဲဆွယ်စည်းရုံးမှု သိပ် မတွေ့ရဘူး။ အရင်တုန်းကဆိုရင် ဒါဟာအပြိုင်အဆိုင်ပဲ။ အခု တော် တော်ငြိမ်နေသလားလို့။ ဒါဟာ တော်တော်လေး ထူးခြားတယ်။ ကျွန်တော်တို့ တောဘက်က လူထု က ငြိမ်တယ်ဗျ။ ဒါ့ကြောင့်လည်း ပါလိမ့်မယ်။ အထွေထွေ ရွေးကောက် ပွဲလောက် ကြားဖြတ်ကို လူထုက စိတ်ဝင်စားမှု မရှိတာတော့ သေ ချာတယ်။

ဦးညွန့်အောင်
မုံရွာ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အထွေထွေ ရွေးကောက်ပွဲ လောက်တော့ တက်တက်ကြွကြွ ရှိ မနေတာတော့ အမှန်ပဲဗျ။ မုံရွာ ဘက်မှာတော့ မဲစာရင်းလာကြည့် တဲ့သူတွေ ကတော့ မဆိုးပါဘူး။ ဒီ အချိန်က တောင်သူတွေ လုပ်ငန်း ခွင် ဝင်နေကြတာလည်း ပါတော့ နည်းနည်း နည်းနေသေးတာပေါ့။ မဲဆွယ် စည်းရုံးမှုကိုတော့ ကိုယ်စား လှယ်လောင်းတွေ တော်တော် လေး လုပ်ကြတယ်။ အပြိုင်အဆိုင် ပါပဲ။

ဦးသုဝေ
ဥက္ကဋ္ဌ
ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ရန်ကုန်မှာ မဲစာရင်းသွား ကြည့်ကြတဲ့သူတွေ နည်းသလို စိတ် ဝင်တစားကလည်း သိပ်ပြီးမရှိကြ ဘူး။ နောက်ပြီး ပါတီတွေရဲ့ အပြိုင် အဆိုင် မဲဆွယ်မှု ကလည်း အရင် လောက်ကို မပြင်းထန်ဘူး။ သီချင်း တွေဖွင့်ပြီး မဲဆွယ်စည်းရုံးတဲ့အခါ ဆိုလည်း လူထုကသိပ်ပြီး စိတ်ဝင် စားပုံ မပေါ်ဘူး။ တစ်အိမ် တက်ဆင်း မဲဆွယ်တဲ့ အခါဆိုရင်တော့ သူတို့ တွေက နည်းနည်းပါးပါး စိတ်ဝင် စားကြောင်းပြတယ်။ ၂ဝ၁၂ ကြား ဖြတ်နဲ့ ၂ဝ၁၇ ကြားဖြတ် ဒီ ၂ ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တော်တော် လေး ကွာခြား သွားတာကို တွေ့ရ တယ်။ လူထု က ဒီ ကြားဖြတ် ရွေး ကောက်ပွဲဟာ ကြီးမားတဲ့ ပြောင်း လဲမှုကို လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပြီး စိတ်ဝင်စားမှု မရှိတာလား လို့တောင် ကျွန်တော် မေးမိပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေကို မေးမြန်း ကြည့်ရသလောက် သူတို့က ဘာ ပြောကြလဲ ဆိုတော့ နိုင်ငံမှာ ပါတီ ကြီး ၂ ခုရှိတယ်။ တစ်ခုက ကြံ့ခိုင် ဖွံ့ဖြိုးရေးနဲ့ နောက်တစ်ခုက NLD ပေါ့ ဗျာ။ ကြံ့ခိုင် ဖွံ့ဖြိုးရေးကို ငြီးငွေ့ တယ်။ ဒါ့ကြောင့် အပြောင်းအလဲ လိုချင်တဲ့အတွက် NLD ကို မဲပေး လိုက်ကြတယ်။ ဒါပေမယ့် မျှော် လင့်ထားသလို ဖြစ်မလာဘူး။ ဒီ တော့ စိတ်ပျက်တယ်။ ဒီ ၂ ခုက လွဲရင် အခြားလည်း ရွေးချယ်စရာ မရှိဘူးလို့ ပြောကြတယ်။ ဒါ့ ကြောင့် စိတ်ပျက်တယ်။ တစ်ဆက်တည်း မှာပဲ စိတ်မဝင်စားတော့ ဘူးလို့ ပြောကြတယ်။ အန်ကယ်တို့ ပါတီဆို လည်း ရွေးကောက်ပွဲ ဝင်မှာပါ။ သို့ သော်လည်းပဲ အန်ကယ်တို့ ပါတီက စည်းရုံးနိုင်စွမ်း သိပ် မရှိတော့ သူ တို့ သိပ်မသိကြဘူး။ အခု ဖြစ်နေ တဲ့ပုံစံက အခြားရွေးစရာ၊ အားကိုး စရာ မရှိဘူးဖြစ်နေတဲ့ ပုံစံပဲ။

ဦးခင်မောင်အေး
ရန်ကုန်တိုင်းဒေသကြီး
အမှတ် (၆) မြို့နယ်
အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း (ကြံ့ခိုင်ရေးပါတီ)

ဒီ ၂ဝ၁၇ ကြားဖြတ်ကို လုံးဝ စိတ်မဝင်စားကြဘူး။ ၂ဝ၁၂ ကဆို ရင် ဒေါ်အောင်ဆန်းစုကြည် ဝင် ပြိုင်တော့ စိတ်ဝင်စားတယ်။ ၂ဝ၁၅ တုန်းကလည်း အရမ်းစိတ်ဝင်စား ကြတယ်။ ၅ဝ၊ ၆ဝ ရာခိုင်နှုန်း လောက် မဲပေးကြတာကို။ အခုက ၂ဝ ရာခိုင်နှုန်း လောက်တောင် ပေး ကြမလားမသိဘူး။ လူတွေက ကြံ့ ခိုင်ရေး ဆိုရင် ကြိုက်ကို မကြိုက် ကြဘူး။ NLD ကလည်း မကောင်း ဘူးလေ။ လူတွေက ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး အဲဒီလိုဖြစ်နေတာ။ အဲဒီတော့ လူ တွေက ဘယ်သူမှ မပေးတော့ဘူး။ အဲဒီ လို ဖြစ်သွားကြတာ။

မခင်ခင်ပြည့်
ရန်ကုန်လူငယ်ကွန်ရက်
လှိုင်မြို့နယ်တွင်နေထိုင်သူ

စိတ်တော့ စိတ်ဝင်စားပါ တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က လည်း ကျွန်မတို့ မဲပေး ခဲ့တယ်လေ။ အခု ကြားဖြတ် ကလည်း လစ်လပ် နေ ရာတွေ အတွက်ဆိုတော့ စိတ် ဝင်စားပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ အခွင့်အရေး လည်းဖြစ်သလို နိုင်ငံသား တစ် ယောက်ရဲ့ တာဝန်လို့လည်း ယူဆ တယ်။ ၂ဝ၁၅ တုန်းကလည်း ကိုယ့် အခွင့်အရေး အနေနဲ့ ရွေးခဲ့ကြတယ်။ ကြားဖြတ်မှာလည်း တာဝန်ပဲပေါ့။ ကိုယ်စားလှယ်လောင်းတွေ တော့ အားလုံးမသိဘူးပေါ့။ အရင်အ ခေါက် ရွေးခဲ့တုန်း ကတော့ အခုထိ လုပ်ခဲ့သလောက် ဆိုရင် သိပ်ပြီး ထိ ရောက်မှု မရှိဘူးလို့ မြင်တယ်။ သူတို့ ပိုပြီးကောင်းအောင် လုပ်လာလိမ့် မယ်လို့တော့ မျှော်လင့်ရတာပဲ။ အကုန်လုံး ကတော့ ကျွန်မတို့ထက် အတွေ့အကြုံ ရှိပြီးသား လူတွေဆို တော့။ အခု ကြားဖြတ်ရွေးကောက် ပွဲမှာလည်း ပိုပြီးတော့ ကောင်း အောင် လုပ်လာလိမ့်တော့ မျှော် လင့်တယ်။ မလုပ်နိုင် ရင်တော့ ကျွန်မတို့ အခွင့်အရေးအရပဲ သူ တို့ကို နောက်ထပ် မဲမပေးတော့ဘူး။

ကိုဝင်းမိုးအောင်
အနောက်ပိုင်း နည်းပညာ
တက္ကသိုလ်ကျောင်းသား  
ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ

ကြားဖြတ် ရွေးကောက်ပွဲရှိ တာသိပါတယ်။ ကြားဖြတ်ရွေး ကောက်ပွဲကို စိတ်ဝင်စားပါတယ်။
ပထမဦးဆုံး အနေနဲ့ မဲပေးတဲ့ စိတ် ခံစားမှုကို လိုချင်ပါတယ်။ ကျွန် တော် တစ်ခါမှ  မဲမပေးဖူးဘူးလေ။ ကြားဖြတ် ရွေးကောက်ပွဲ ကတော့ လစ်လပ်နေတဲ့ နေရာတွေမှာ ကျွန် တော်တို့ ရွေးကောက် တင်မြှောက် လိုက်တဲ့ လူတွေက ဝင်ရောက် လုပ်ကိုင်မှာ ဆိုတော့ ဒီရွေးကောက် ပွဲ (ကြားဖြတ်) က အရေးကြီး တယ်လို့တော့ မြင်ပါတယ်ခင်ဗျာ။

မဆုရတနာမြင့်
ဒဂုံမြို့သစ်အရှေ့ပိုင်းတွင်
နေထိုင်သူ  

ကြားဖြတ်ရွေးကောက်ပွဲ ရှိ တာသိတော့သိတယ်။ စိတ်ဝင်စား မှုလည်းရှိပါတယ်။ ဒါပေမယ့် နိုဝင် ဘာ ရွေးကောက်ပွဲလောက်တော့ သိပ်မစည်ဘူးပေါ့။ ရပ်ကွက်ထဲ မ သိတဲ့သူအများကြီးပဲ။ ပြောချင် တာက လှုံ့ဆော်မှု အားနည်းတယ်။ မဲစာရင်း ကတော့ ရပ်ကွက်ရုံးမှာ ကပ်တုန်းက အမေ သွားကြည့်တယ်။ ကိုယ်တွေမိသားစုကတော့ မဲစာရင်း ထဲပါတယ်ပေါ့။ မဲဆွယ်တာတော့ NLD က ဦးနေကျော် တစ်ယောက်ပဲ တွေ့မိသေးတယ် USDP နဲ့  NDFပါတီတွေကလည်း ဝင်ပြိုင်မယ် လို့ ကြားတယ်။ ဘယ်သူတွေလဲ ဆိုတာ တော့ မသိဘူး။ ကိုယ့်မြို့နယ်ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကို ရွေးရမှာဆိုတော့ စိတ်ဝင်စားပါ တယ်။ ဘာလို့လဲ ဆိုတော့ ဒဂုံမြို့ သစ်အရှေ့ပိုင်း မြို့နယ် ဆိုတာ လို အပ်ချက်တွေ အများကြီးရှိတဲ့ မြို့ နယ်တစ်ခုပါ။ အဲဒီတော့ ပြည်သူ့ အသံကို တကယ် နားထောင်ပြီး သေချာ အလုပ်လုပ်မယ့် ကိုယ်စား လှယ်ကို သေချာ ရွေးရမှာလေ။ မဟုတ်ရင် မဲဆွယ် ကာလတုန်းက အပြောတစ်မျိုး  အမတ်လည်းဖြစ် သွားရော အလုပ်တစ်မျိုး ဆိုရင် ဒီ မြို့နယ်က မဲဆန္ဒရှင်တွေ အတွက် နစ်နာတာပေါ့။

မရတနာသီရိစံ  
သူနာပြု
လမ်းမတော်မြို့နယ်တွင် နေထိုင်သူ

ကျွန်မတော့ ကြားဖြတ်ရွေး ကောက်ပွဲကို  စိတ်ဝင်စားတယ်။ ဘယ်လောက်ထိ စိတ်ဝင်စားသလဲ ဆိုရင် စောင့်ကြည့် လေ့လာသူ လုပ်ဖို့တောင် လုပ်ထားပါတယ်။ ဘာလို့ စိတ်ဝင်စားတာလဲ ဆိုတော့ မြန်မာနိုင်ငံက ဒီမိုကရေစီကို သွား နေတယ်။ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီ အတွက် နံပါတ်တစ်အ ရေးကြီးဆုံးအရာပေါ့။ ဒီတော့ ဒီလို အရေးကြီးတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိရဲ့လားဆိုတာ အရေးကြီးပါတယ်။ အဲဒီအတွက် လာမယ့် ရွေးကောက်ပွဲမှာ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ကို ဘယ်လောက်ထိ လုပ်ထားသ လဲ၊ အကောင်းဆုံး စီစဉ်သွားနိုင်လဲ။ ပြည်သူတွေရော ဘယ်လောက်ထိ စိတ်ဝင်စားမှု ရှိလဲပေါ့။ အဲဒါတွေ သိချင်တယ်။ ပြည်သူတွေရဲ့ စိတ်ဝင် စားမှုကတော့ နည်းပါတယ်။ ဘာ လို့လဲဆိုတော့ ကျွန်မတို့ အဆောင် မှာတောင် ကိုယ်ကလွဲပြီး အခြား ဘယ်သူမှ စိတ်မဝင်စားတဲ့ အနေအ ထားရှိတယ်။ ပြီးတော့ မဲစာရင်းသွား ကြည့်ရင်လည်း  မဲစာရင်း ကြည့်နေ တဲ့သူလည်း သိပ်မတွေ့ရဘူး။ အခု တော့ ကျွန်မတို့ မြို့နယ်ထဲ ဝင်ပြိုင် မယ့် သူတွေကို အားရမှုတော့ မရှိဘူး။ ကမ်ပိန်းလုပ်တာက လမ်းမတော် မှာ သေသေချာချာ သိပ်မတွေ့ရ ဘူး။ အရင် ရွေးလိုက်တဲ့ ကိုယ်စား လှယ်တွေလည်း လုပ်တော့လုပ်နေ ကြတာပဲ။ ဒါပေမယ့် အားရလားဆို ကွက်ကွက် ကွင်းကွင်း ကြီးတော့ မပြနိုင်သေးဘူး။ အချိန်တော့ စောင့်ရမယ် ထင်ပါတယ်။

မရွှေရည်
ကုမ္ပဏီဝန်ထမ်း
အလုံမြို့နယ်တွင်နေထိုင်သူ

ရှိတာတော့ သိတယ်။ဘယ် သူတွေ ဝင်ရွေးတယ်တော့မသိဘူး။
ဦးခိုင်မောင်ရည် ပြန်ပါတာတော့ တွေ့တယ်။ စိတ်ဝင်စားလားဆို တော့ ကိုယ့်အိမ်နားက လူတွေဆို တော့ ဘယ်သူ ဘာဆိုတာ သိနေပြီးသားပေါ့လေ။ သူတို့ ဘယ်လောက် အရည်အချင်းပဲ ရှိတာလည်း သိ တယ်။ ရှေ့တုန်းက တင်လိုက်တဲ့လူ တွေက သိပ်ပြီး မြို့အတွက် မလုပ်ဘဲ နေတာတွေ့တော့ စိတ်မဝင်စား တော့ဘူး။ သူတို့ဆယ်သိန်း စားဖို့ မဲသွားပေးနေရသလိုပဲ။ ကိုယ်တွေ ပြည် သူ က အသုံးချ ခံတောင်ဖြစ်နေ တယ်လို့ခံစားရလို့ စိတ်မဝင်စား တော့တာ။ ကြားဖြတ် ရွေးကောက် ပွဲတင်မဟုတ်ဘူး။ ရွေးကောက်ပွဲ  ကြီးလည်း ပြည်သူ အပေါ် တကယ် စေတနာထား၊ နစ်နာခံပြီး အပြောနဲ့ အလုပ် ထပ်တူ ကျအောင် ရိုးသား သူတွေ မရှိသမျှ  Capacity ရှိသူ တွေ မပေါ် လာသမျှတော့ ရွေး ကောက်ပွဲတွေကို ပြည်သူတွေဟာ ဖာသိဖာသာ ဖြစ်လာကြမှာ မြေကြီး လက်ခတ် မလွဲဘူး။ မြန် မာ့နိုင်ငံရေး  အပြောင်းအလဲမှာ ရွေးကောက်ပွဲ ဟာ အခရာ ဆိုတာ ပြည်သူတွေ မယုံတော့တဲ့ထိ ဖြစ်သွားမှာပဲ။ ဒီပုံ နဲ့ကတော့ ကိုယ်လည်း နောက်နောင် မဲပေးဖို့ စိတ်ကူး လုံးဝမရှိဘူး။ သွား လည်းမပေးဘူး။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*