ဝယ်ယူထားသော မြေတွင် လာရောက် ကျူးကျော်သူများအား မူလပိုင်ရှင်က တရားလိုလုပ်ကာ အမှုဖွင့်ထားကြောင်း သရုပ်ဆောင် လွင်မိုး ရှင်း

ဝယ်ယူထားသော မြေတွင် လာရောက် ကျူးကျော်သူများအား မူလပိုင်ရှင်က တရားလိုလုပ်ကာ အမှုဖွင့်ထားကြောင်း သရုပ်ဆောင် လွင်မိုး ရှင်း
October 26, 2016 Asian Fame

8:06 am
ဝယ်ယူထားသော မြေတွင် လာရောက် ကျူးကျော်သူများအား မူလပိုင်ရှင်က တရားလိုလုပ်ကာ အမှုဖွင့်ထားကြောင်း သရုပ်ဆောင် လွင်မိုး ရှင်း
In Cover News, Crime

ဝယ်ယူထားသော မြေတွင် လာရောက် ကျူးကျော်သူများအား မူလပိုင်ရှင်က တရားလိုလုပ်ကာ အမှုဖွင့်ထားကြောင်း သရုပ်ဆောင် လွင်မိုး ရှင်း

lwin-moe1-copy

ထူးထူး
ရန်ကုန်၊ အောက်တိုဘာ ၂၅

ကျိုက်ထိုတွင် ဟိုတယ်ဆောက်လုပ်ရန် ရည်ရွယ်၍ ဝယ်ယူထား သောမြေတွင် လာရောက်ကျူးကျော်သူများအား မူလပိုင်ရှင်က တရား လိုလုပ်ကာ ကျိုက်ထိုရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သရုပ်ဆောင် လွင်မိုးကပြောသည်။

ထိုကိစ္စသည် ၄င်းနှင့်ထိပ်တိုက်ဖြစ်ပွားခဲ့ခြင်းမဟုတ်ကြောင်း၊ ၄င်း ဝယ်ယူထားသော မြေကွက်ပေါ်တွင် လူတစ်စုလာရောက် ကျုးကျော်ခြံ ခတ်ကာ အဖွဲ့အစည်းအလံထောင်ထားကြောင်း ရောင်းချပေးခဲ့သူက အကြောင်းကြားကြောင်း၊ ထိုပြဿနာကို ရောင်းချသူ ဘက်မှ စာချုပ်ပါ စည်းကမ်းချက်အတိုင်း ရှင်းလင်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိုကျူး ကျော်သူများအား ဖယ်ရှားပေးရန် အကြောင်း ကြားသော်လည်း မဖယ် ပေးဘဲ ခြိမ်းခြောက်ခဲ့သည့်အတွက် မူလပိုင်ရှင်က အဖွဲ့အစည်းအား အသိပေးတိုင်ကြားခဲ့ကြောင်း၊ ထိုသို့ တိုင်ကြားခဲ့ရာ အဖွဲ့အစည်းမှ လူ မဟုတ်ကြောင်း၊ အဖွဲ့အစည်းနာမည်ကိုအလွဲသုံးစားလုပ်ကြောင်း ပေါ် ပေါက်ခဲ့သည့်အတွက် BGF အဖွဲ့နှင့် နယ်မြေခံလုံခြုံရေးအဖွဲ့တို့ ပူး ပေါင်း၍ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း လွင်မိုးကပြောသည်။

ထိုသို့ဖမ်းဆီးခဲ့ရာတွင် တရားမဝင်လက်နက်များနှင့်တကွ ဖမ်း ဆီးရမိခဲ့သဖြင့် ထိုသူများအားBGF အဖွဲ့မှ လိမ်လည်မှု၊ လက်နက်မှု များနှင့် တရားစွဲဆိုပြီး ကျိုက်ထိုရဲစခန်းတွင် အပ်နှံထားသည်ဟု ၄င်း ထံမှသိရသည်။

”ဒီမြေဝယ်ကတည်းကိုက စာရွက်စာတမ်းအစစ် အပြည့်အစုံနဲ့ ဝယ်တယ်။ အရှုပ်အရှင်း၊ အမှုရင်ဆိုင်နေရတဲ့မြေ မဟုတ်ပါဘူး။ အစကတည်းက ဒီမြေကရှင်းနေတာပါ။ ဒါကိုလာကျူးကျော်တဲ့အတွက် ကြောင့် အခုလိုဖြစ်သွားတာပါ” ဟု ၄င်းကပြောသည်။

အဆိုပါမြေတွင် ဟိုတယ်ဆောက်မည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုချက်ရသည်နှင့် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနတွင် ဟိုတယ်ဆောက်ခွင့်လျှောက်မည်ဖြစ် ကြောင်း၊  ဟိုတယ်ဆောက်လုပ်ပါက အခန်းကိုးဆယ်ကျော် ပါဝင်မည် ဟု ခန့်မှန်းထားကြောင်း သရုပ်ဆောင် လွင်မိုးက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*