ထောင်အတွင်း အရောင်းအဝယ် ဖြစ်နေသည်အထိ ကြီးမားလာသည့် မူးယစ်ဆေး

ထောင်အတွင်း အရောင်းအဝယ် ဖြစ်နေသည်အထိ ကြီးမားလာသည့် မူးယစ်ဆေး
March 8, 2017 Asian Fame

3:11 pm
ထောင်အတွင်း အရောင်းအဝယ် ဖြစ်နေသည်အထိ ကြီးမားလာသည့် မူးယစ်ဆေး

PNews

ကလေး၊ မတ်၇

စစ်ကိုင်းတိုင်းအတွင်း ဖွင့်လှစ်ထားသည့် ကလေးအကျဉ်းထောင် မှ ထောင်ဝန်ထမ်းတစ်ဦးကို ဘိန်းဖြူရောင်းချမှုနှင့် ထောင်အာဏာပိုင်တို့က ဖမ်းဆီးထားကြောင်းသိရသည်။

ရှောင်တခင် စစ်ဆေးမှုတို့အရ အကျဉ်းသားတစ်ဦးထံမှ ဘိန်းဖြူ အချို့ တွေ့ရှိခဲ့ပြီး နောက်ပိုင်း ဆက်လက် ဖော်ထုတ်ရာမှတစ်ဆင့် ၎င်းကို
ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာန ပြောခွင့်ရအရာ ရှိ ဦးမင်းထွန်းစိုးက ပြောသည်။ ထောင်အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသူသည် ဒုတပ် ကြပ်အဆင့်ရှိ အသက် ၃ဝ ကျော် အရွယ် ထောင်ဝန်ထမ်းတစ်ဦးဖြစ် ပြီး ၎င်းနှင့်အတူသုံးစွဲသည့် အကျဉ်းသား ၃ ဦးကိုပါ ဖမ်းဆီးခဲ့သည်။ အထက်ပါ ထောင်ဝန်ထမ်း က ဘိန်းဖြူ အနည်းငယ်ကို တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်းဖြင့် ရောင်းချသည်ဟု ရဲတပ်ဖွဲ့ထံကနဦး ထွက်ဆိုထားသည်။ ဦးထုပ်အတွင်း ဘိန်းဖြူဝှက်ကာ ထောင်အတွင်းထဲသို့ သယ်ဆောင်ခဲ့သည်ဟုလည်း ၎င်းက ထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနက အထက်ပါဖြစ်စဉ်၏ နောက်ဆက်တွဲကို ဆက်လက်ဖော်ထုတ် နေဆဲဖြစ်သည်။ ကလေးထောင်အတွင်း ယခု ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ပထမဦး ဆုံးအကြိမ်မဟုတ်ပေ။ ၂ဝ၁၃ ခု နှစ်ကလည်း ကလေးမြို့အကျဉ်း ဦးစီးဌာနမှ တပ်သားအဆင့်ရှိ ဝန် ထမ်းတစ်ဦးထံမှ ဘိန်းစိမ်းများဖမ်း ဆီးရမိခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။ အလားတူ အကျဉ်းထောင်အ ချို့တို့တွင် မူးယစ်ဆေးဝါး ဖမ်းဆီး ရမိခဲ့သည့် ဖြစ်ရပ်များလည်း ရှိနေ ပြန်သည်။အကျဉ်းဦးစီးဌာန ပြောခွင့်ရ အရာရှိက ”တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဒါ ကြောင့်လည်း ခုလိုဖော်ထုတ်နိုင်ခဲ့တာပါ” ဟု ပြောသည်။စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်တိုင်းတိုင်းအတွင်းဖြစ်ပွားနေသော မူးယစ် ပြဿနာမှာ ကြီးမားနေပြီဟု မှတ် ချက်ပြုသည်။သူ့အနေဖြင့် မူးယစ်ပြဿနာ ကို သေချာကိုင်တွယ်ရန် စီစဉ်ထား ပြီးပြီဟု ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ဦးသိန်းစိန် လက်ထက်က စစ် ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် နှင့် ကလေးမြို့နယ်အတွင်းက အုပ် ချုပ်ရေးတာဝန်ရှိသူအချို့၊ အဆင့် မြင့်ရဲအရာရှိအချို့တို့ကို တရားမဝင် လိုင်စင်မဲ့မော်တော်ကားများကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စများ၊ လက်နက် မှောင်ခိုကိစ္စရပ်များနှင့် ပတ်သက် ပြီး ဖမ်းဆီးစစ်ဆေးခဲ့ဖူးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*