မြန်မာမိန်းကလေး ၂ ဦး ကိုရောင်းစားခဲ့သည့် အမျိုးသမီး ကျိုင်းတုံ ရဲစခန်းအချုပ် အတွင်း ကြိုးဆွဲချ သတ်သေ

မြန်မာမိန်းကလေး ၂ ဦး ကိုရောင်းစားခဲ့သည့် အမျိုးသမီး ကျိုင်းတုံ ရဲစခန်းအချုပ် အတွင်း ကြိုးဆွဲချ သတ်သေ
July 11, 2017 Asian Fame

5:33 pm
မြန်မာမိန်းကလေး ၂ ဦး ကိုရောင်းစားခဲ့သည့် အမျိုးသမီး ကျိုင်းတုံ ရဲစခန်းအချုပ် အတွင်း ကြိုးဆွဲချ သတ်သေ

(ကျိုင်းတုံ ဇူလိုင် ၁၁)

မြန်မာမိန်းကလေး ၂ ဦးကို တရုတ်မယား အဖြစ်ရောင်းစားမှုကြောင့် ဖမ်းဆီးအမှုဖွင့် ခံထားရတဲ့ အမျိုးသမီး တစ်ဦးဟာ ကျိုင်းတုံမြို့မ ရဲစခန်း အချုပ်ခန်းထဲမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သတ်သေသွားတယ်လို့ ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ မနက် ကဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ သေဆုံးသူ (မအားဒေ့)ဆိုသူဟာ သူဝတ်ဆင်ထားတဲ့ ဂါဝန်ကိုဖြဲ ၊ ကြိုးအဖြစ်ကျစ် ၊ အချုပ်ခန်း ခေါင်းမိုးမှာ ချည်နှောင်ပြီး အခုလို ကြိုးဆွဲချ သတ်သေသွားတာ လို့ သိရပါတယ်။

ကျိုင်းတုံမြို့မ ရဲစခန်းရဲ့ စခန်းမှူး ဒုရဲမှူး သန်းထွန်းအောင် က “ဒီကိစ္စ ဟုတ်ပါတယ်။ ကြိုးဆွဲချ သတ်သေသွားတယ်။ သူက လူကုန်တား ဥပဒေပုဒ်မနဲ့ အမှုဖွင့် ခံထားရပြီး ရမန်ယူနေတဲ့သူပါ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သေဆုံးသူဟာ ကျိုင်းတုံမြို့ နေ မိန်းကလေး ငယ် ၂ ဦးကို အိမ်ဖော် အလုပ်ရမည်ဟု စည်းရုံးကာ တရုတ် အမျိုးသားနှင့် လက်ထပ် ပေါင်းသင်းရန် ရောင်းစားခဲ့တာကြောင့် လူကုန်ကူးဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့် စစ်ဆေးခံနေရသူဖြစ်ပါတယ်။

သူ့ရဲ့သေဆုံးမှုအတွက် သေမှုသေခင်း အမှတ်စဉ် ၂၀/၁၇ နဲ့ အမှုဖွင့်ထားတယ်လို့ စခန်းမှူး ဒုရဲမှူး သန်းထွန်းအောင် က ပြောပါတယ်။

YL ၊ ThiHa

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*