ကွီးဖြိုးနှင့် ရန်ကုန်သား တို့၏ ဘတ်စ်ကား တော်လှန်ရေး

ကွီးဖြိုးနှင့် ရန်ကုန်သား တို့၏ ဘတ်စ်ကား တော်လှန်ရေး
January 18, 2017 Asian Fame

11:13 am
ကွီးဖြိုးနှင့် ရန်ကုန်သား တို့၏ ဘတ်စ်ကား တော်လှန်ရေး

DJI_0044”၃ ကားလာပြီဟေ့” ဟုအော် သံကြားသည်နှင့် မှတ်တိုင်တွင် ရှိ သော လူအုပ်ကြီး လှုပ်လှုပ်ရွရွဖြစ် သွားသည်။ ကျပ်ညပ်နေသော ကားပေါ်သို့ စုပြုံ တိုးတက်ကြရင်း အချို့က ကားပေါ်သို့ ရောက်သော် လည်း အချို့က ခြေနင်းခုံမှာ။ ထူး ခြားသည်က လူများ စုပြုံတိုးနေ သော ထိုခြေနင်းခုံတွင် ကိုယ်ဝန် အရင့်အမာ နှင့် အမျိုးသမီး တစ်ဦး ကားအပေါ်သို့ ရောက်ရန် အတင်း ကြိုးစား တက်နေခြင်း ပင်။ မှတ်တိုင် တွင် ရပ်စောင့်နေ ရသည်မှာ ကြာ ပြီဖြစ်၍ မရမက တက်မည်ဟု အား ခဲထားသည်ထင့်၊ သူက ဘတ်စ် ကားပေါ် အတင်း တိုးတက်သည်။ သို့သော်လည်း ကား အပေါ်ဆင့် သို့ပင် တက်၍မရဘဲ ခြေနင်းခုံတွင် ပင် ဗိုက်ကြီးနှင့် ညပ်၍ ပါသွား သည်။ သူ့ဘေးတွင်လည်း ခြေနင်းခုံမှ မရမက လိုက်သူများ ရှိနေသည်။ ကားမှတ်တိုင်တွင် ကားစောင့်နေ သူများ ထိုအမျိုးသမီးကို ကြည့်၍ စိုးရိမ်ကြ၊ လှမ်းအော်ကြနှင့်  သို့ သော် သူကတော့ ရသည့်နေရာ ကလိုက်ရင်း လိုရာခရီးဆက် နေပြီ ဖြစ်သည်။

အထက်ပါ မြင်ကွင်းသည် ရန် ကုန်တွင် အရိုးစွဲနေသောသယ်ယူ ပို့ဆောင်ရေးစနစ်ကို ဖျက်သိမ်း ကာ အများပိုင် ဘတ်စ်ကားစနစ်ဖြင့် စတင် ဝန်ဆောင်မှုပေးသည့် ပထမ ဆုံးနေ့၏ မြင်ကွင်း များစွာထဲမှ မြင် ကွင်းတစ်ခု ဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက်နေ့သည် ရန်ကုန် မြို့တော်သူ မြို့တော်သား တို့အတွက် ထူးခြားသောနေ့ တစ်နေ့ ဖြစ်သည်။ နှစ်ပေါင်း များစွာ ဘတ်စ် ကားစပယ်ယာ တို့၏ အအော်အ ငေါက်ခံ၊ ရိုင်းစိုင်း မောက်မာမှုများ ကိုခါးစီးခံရင်း ရန်ကုန်မြို့၏ သယ် ယူပို့ဆောင်ရေး စနစ်တွင် စီးမျော ခဲ့ရာမှ ပို၍ကောင်းမွန်သော စနစ် တစ်ခုကို စတင်တော့မည့် နေ့ဖြစ် ၍ မြို့တော်သူမြို့တော်သား တို့က ထိုအပြောင်းအလဲ ကို အမျှော်လင့် ကြီး မျှော်လင့်ခဲ့ကြသည်။ ရန်ကုန် မြို့၏ သယ်ယူ ပို့ဆောင်ရေးစနစ် တွင် အဓိက အခန်းကဏ္ဍ မှရှိ ခဲ့သော မော်တော် ယာဉ်လိုင်း ပေါင်းစုံထိန်း သိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ)ကို အပြီး ဖျက်သိမ်း၍ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ (YRTA) က ဦးစီးကာ အများပိုင် စနစ်ဖြင့် ဘတ်စ်ကား များ စတင်ပြေးဆွဲ သည့် နေ့ လည်း ဖြစ်သည်။ ယခင်က ပြေးဆွဲနေသော လိုင်း ၃ဝဝ ကျော်ကို ဖျက်သိမ်းကာ စုစုပေါင်း ယာဉ်လိုင်း ၆၁ လိုင်းဖြင့် စတင် ပြေး ဆွဲပြီဖြစ်၍ ရန်ကုန်မြို့ခံ များက အပြောင်းအလဲ၏ အသီး အပွင့်ကို မြည်းစမ်း ကြည့်လိုကြ သည်။ သို့သော် တကယ့် လက် တွေ့ တွင် ပြည်သူများ မျှော်လင့်သ လို ဖြစ်ခဲ့ပါရဲ့လား ဆိုသည်က မေး ခွန်း ထုတ်စရာဖြစ်သည်။

အဆင် မပြေခြင်းတွေနဲ့ တာထွက်လာတဲ့  YBS

ရန်ကုန် ဘတ်စ်ကား အများ ပိုင်စနစ် စတင်သည့်နေ့တွင်  ကား မှတ်တိုင် တိုင်း၌ လမ်းညွှန် မြေပုံ လေးများ ကိုယ်စီ ကိုင်ကာ ကား စောင့်နေ ကြသူများ တစ်ပုံတစ်ပင်။ အချို့က ဘယ်ကား စီးရမည်ကို ဝေ ခွဲရခက်နေသည်။ အချို့ကတော့ ကားမှတ်တိုင် မှ အဝေးဆီ မျှော် ကြည့်လျက်။

မူလက ရန်ကုန်မြို့တွင် ပြေးဆွဲ နေသော ဘတ်စ်ကား ၄ဝဝဝ ကျော် ရှိခဲ့သည်။ YBS စနစ် စတင်ရာ တွင် ဘတ်စ်ကား ၃၇ဝဝ ကျော် ဖြင့် ပြေးဆွဲရန် လျာထားကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ တကယ်တမ်း YBS စနစ် စသည့်နေ့တွင် ကားမ လုံလောက်သည့် ပြဿနာကို ရန်ကုန်မြို့ခံများ စတင် ရင်ဆိုင်ရတော့ သည်။

ကားများ စထွက်သည့် ဂိတ်နီး သည့်နေရာမှ စစီးသူများအတွက် အခက်အခဲ မရှိသော်လည်း လမ်း တစ်ဝက်မှ ဖြတ်တက်သူများ အတွက်တော့ ကားပေါ်တက်ရန် မလွယ်ကူတော့။ ကားများကို နှစ် မိနစ်တစ်စီး စီလွှတ်မည်ဟု ပြော ထားသော်လည်း ကားစီးမည့် လူဦး ရေနှင့် ကားအရေအတွက် မလောက် သည့်အခါ ကားမှတ်တိုင် များတွင် ခရီးသည်များ ပုံနေတော့သည်။

YBS စနစ် အပေါ် ရန်ကုန်မြို့ ခံများ၏ မှတ်ချက်များကို Popular News ၏ လူမှုကွန်ရက် စာမျက်နှာ မှ တစ်ဆင့် မေးမြန်းခဲ့ရာ ဖြေဆိုသူ ၅၇ ဦးတွင် အဆင် မပြေကြောင်း ပြောသူ ၂၃ ဦး၊ အဆင်ပြေကြောင်း ပြောသူ ၃ ဦးရှိခဲ့သည်။ ကျန် ၃၁ ဦးမှာ အချင်းချင်း အားပေးထား ကြသည့် မှတ်ချက် များဖြစ်သည်။ကားအစီးရေ နည်းခြင်း၊ ပုံမှန်အား ဖြင့် တစ်ဆင့်တည်း ရောက်သည့် ခရီးကို နှစ်ဆင့် သုံးဆင့် ပြောင်းစီး ရခြင်းတို့ကြောင့် အဆင်မပြေခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။

”အဆင်မပြေပါဘူး။ တာမွေ ကနေ မော်တင်ကို သုံးဆင့်စီး လိုက် ရတယ်။ ၈ နာရီခွဲ အိမ်က ထွက် တာ ၁ဝနာရီ မိနစ်၂ဝ မှအလုပ်ကို ရောက်တယ်” ဟု တာမွေမြို့နယ် တွင် နေထိုင်သည့် ကိုဟိန်းသူက ပြောသည်။

နှစ်မိနစ်လျှင် ကားတစ်စီးနှုန်း လာမည်ဟု ကြေညာထားသော် လည်း မှတ်တိုင်တွင် တစ်နာရီကြာ မျှ ကားစောင့် ခဲ့ရကြောင်း၊ ကား လာပြန်တော့လည်း စီးမည့်ခရီး သည် များပြားလွန်း သဖြင့် ကား ပေါ်တက်၍ မရကြောင်း သင်္ဃန်း ကျွန်းမြို့နယ်မှ မကြည်ကြည်ထွန်း က ပြောသည်။

”နံပါတ် ၆ ကားစောင့်တာ ဘယ်လိုမှ မရတဲ့အဆုံး ကားစုငှား ပြီး သွားလိုက်ရတယ်။ အဆင်မ ပြေတာမှ တော်တော်ကို အဆင် မပြေတာ” ဟု ၄င်းက ပြောသည်။

YBS ဘတ်စ်ကားများ စတင် ပြေးဆွဲသည့်နေ့တွင် ခရီးသည်များ က YBS ဗဟိုရုံးသို့ လှမ်းတိုင်သည့် ပြဿနာသုံးခုတွင် ကား မလုံ လောက် သည့် ပြဿနာလည်း အပါအဝင် ဖြစ်ကြောင်း သိရသည်။

”ကားတွေက နည်းပြီး (အချို့ နေရာတွေမှာ ဆို) တစ်နာရီမှ တစ် စီးလာတာတွေ လည်းရှိတယ်။ အ ချို့ လမ်းကြောတွေ မှာဆို တစ်နေ့ လုံးမှ နှစ်စီးလောက်ပဲ လာတယ်။ (ဒါက ကားသမားတွေ တမင်မမောင်း တာလည်း ဖြစ်နိုင်ပါတယ်) ဒါပေ မယ့် ဒီပြဿနာကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေး ကြပါတယ်” ဟု YBS ဗဟိုရုံးတွင် စေတနာ့ဝန်ထမ်း အဖြစ် ကူညီပေး နေသည့်  ကိုမင်းသူကျော်က ၄င်း ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

လမ်းကြောင်းတွေရှည်ပြီး ငွေပိုကုန်

ကား အဆင့်ဆင့် ပြောင်းစီးရ သဖြင့် ပုံမှန်ထက်ပို၍ ငွေကုန်ကြေး ကျ များနေရ ခြင်းသည်လည်း ခရီးသည် များ၏ အဆင် မပြေမှုများ ထဲမှ တစ်ချက်ဖြစ်သည်။ ပြေးဆွဲ ပေးသော ယာဉ်လိုင်းများသည် မြို့ပတ်စနစ် ဦးစားပေးဖြစ်သဖြင့် ယာဉ်လိုင်း အားလုံး မြို့ထဲရောက် မည် မဟုတ်ကြောင်း YRTA က ကြိုတင်ကြေညာ ထားသည်။ အချို့ ခရီးသည်များ အတွက် ခရီးတိုလေး ကိုပင် နှစ်ဆင့်ပြောင်းစီးနေ ရသော အခြေအနေ ဖြစ်သွားသည်။ ထို့ ကြောင့် ကားခ ပိုကုန်သဖြင့် ခရီး သွားများ ညည်းတွားကြသည်။

”ကျွန်မက ဒေါပုံ ကနေ ကိုးမိုင် ကို အလုပ်သွားလုပ်ရမှာ။ အဲဒီတော့ ဒေါပုံကနေ ဒီဘက်ကို သမ္ဗန်စီး၊ ဒီ ဘက် ရောက်တော့လည်း ကိုးမိုင် ရောက်ဖို့ကို သုံးဆင့်လောက် ထပ် စီးရတော့ ကားခချည်း ၁၇ဝဝ လောက် ကုန်သွားတယ်” ဟု ဒေါပုံ တွင် နေထိုင်သည့် အမျိုး သမီး တစ် ဦးက ပြောသည်။

ပုံမှန်အားဖြင့် ငွေကျပ် ၂ဝဝ ဖြင့် ရောက်မည့်ခရီးကို ငွေကျပ် ၄ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲနေရသလို အချိန်လည်း ပိုကြာကြောင်း ခရီး သွားများက ပြောသည်။

”မြောက်ဒဂုံ ကနေ စံပြဈေးကို အရင်ကဆို တစ်ဆင့်တည်း နဲ့ရောက် တယ်။ အခု နှစ်ဆင့်စီးမှ ရောက် တော့တယ်။ ကားကလည်း မြင်တဲ့ အတိုင်းပဲ ကျပ်ညပ်နေတာ တက် လို့ မရလို့ မှတ်တိုင်မှာ ရပ်နေရတာ ကြာပြီ” ဟုမြောက်ဒဂုံတွင် နေ ထိုင်သည့် အမျိုးသမီး တစ်ဦး က ပြောသည်။

အကျင့်မပြောင်းတဲ့ ကားသမားတွေ

ရန်ကုန်  မြို့ခံများ ထောက်ခံကြသည်မှာ ယာဉ်နောက်လိုက်များ မပါသည့် စနစ်အဖြစ် အကောင် အထည်ဖော် သွားမည်ဟု ကြေညာ ထားခြင်း ကြောင့် ဖြစ်သည်။ ရေရှည်တွင် ကတ်စနစ်ကို ကျင့်သုံးကာ ယာဉ် မောင်း တစ်ဦးတည်း ပါသော အနေ အထား မျိုးဖြင့် နိုင်ငံတကာ စနစ် များအတိုင်း သွားနိုင်အောင် လုပ် ဆောင်သွားမည်ဟု YRTA က ကြေညာထားသည်။ သို့သော်လည်း စနစ်ကို စတင် လုပ်ဆောင်ရာတွင် ယာဉ်အကူ လိုက်ပါမှု ရှိနေဦးမည် ဟု သတင်း ထုတ်ပြန်ထားသည်။ ထိုသို့ လိုက်ပါသော ယာဉ်အကူများ အနက် အချို့သည် ယခင်ကဲ့သို့ပင် ခရီးသည်များ အပေါ် နင့်နင့်သီးသီး ပြောဆိုမှုများ ရှိနေသေးကြောင်း ခရီးသည်အချို့က ဆိုသည်။

”အလယ်မှာ သုံးတန်းရပ်လို့ ရတယ်။ အပေါက်မှာ မရပ်ကြနဲ့၊ ပြောရင်လည်း စပယ်ယာ အပေါက် ဆိုးတယ် ဖြစ်ဦးမယ်”ဆိုသည့်အသံ များကြားနေရဆဲ ဖြစ်သည်။

YBS ဘတ်စ်ကားများ စတင် ပြေးဆွဲသည့်နေ့တွင် ခရီးသည်များ က YBS ဗဟိုရုံးသို့ လှမ်းတိုင်သည့် ပြဿနာ သုံးခုတွင် မထသကား သမားများ ပညာပြသည့် ပြဿနာ လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ဗဟိုရုံး၌ ရုံးထိုင်သည့် စေတနာ့ဝန် ထမ်းများထံ ဖုန်းဆက်၍ လှမ်းတိုင် သောပြဿနာ အရေအတွက် ၅ဝဝ ခန့်ရှိခဲ့ကြောင်း ဗဟိုရုံး မှ စေတနာ့ ဝန်ထမ်း ကိုမင်းသူကျော် က ပြော သည်။

ဘတ်ဂျက် ကိစ္စ၊ အချိန်မလုံ လောက်မှု ကိစ္စများကြောင့် မထသ ကားဟောင်းများကို တံဆိပ်ပြောင်း ကာ YBS ကားများ အဖြစ် ပြန် ဆွဲ ခြင်းကို အားလုံး အသိပင်ဖြစ် ကြောင်း၊  မထသတွင် ပြေးဆွဲခဲ့သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များသည် လုံးဝလိုင်း မထွက် ဘဲနေခြင်း၊ ထွက်ပါက ခဏသာ ထွက်ခြင်း၊ Gas မရှိဟူ၍ အကြောင်း ပြကာ ဂိတ်ပြန်သွားခြင်း၊ လူလုံးဝ မတင်ဘဲ မြို့ ထဲလျှောက်မောင်းပြ ခြင်း၊ ကားခတိုး ကောက်ခြင်း စ သည့်နည်းများဖြင့် ပညာပြကြ ကြောင်း ခရီးသည်များ ၏တိုင်ကြား ချက်များကို ကိုးကား၍ ကိုမင်းသူ ကျော်က ပြောသည်။

”သူတို့ လုပ်နေကြတာတွေ အများကြီးပါပဲ။ ဒါ့အပြင် YBS ကားတွေ ည ၉ နာရီမှ သိမ်းမယ် လို့ သတ်မှတ်ထားပေမယ့် ကားအ တော် များများ က ညနေ ၆ နာရီနဲ့ ၇ နာရီ လောက်မှာ သိမ်းကုန်ကြ ပါတယ်။ ကားလမ်းတွေ လည်း အ ရင်ကလိုပဲ ကျော်တက်ကြတယ်။ စည်းကမ်း မရှိကြဘူး။ ခရီးသည် တွေကို အော်ငေါက်ကြတယ်။ မှတ်တိုင်တွေ မှာလည်း မရပ်ဘဲ မောင်းချင်သလို မောင်းကြတဲ့ အတွက် ခရီးသည်တွေက အရမ်း ဒေါသထွက်ပြီး ဝုန်းဝုန်း ဒိုင်းဒိုင်း ဖြစ်ကုန်တဲ့အထိပါပဲ” ဟု ၄င်းက ပြောသည်။

ယာဉ်နောက်လိုက် များနှင့် ယာဉ်မောင်း များသည် ယခင်အတိုင်း ပင် ရန်လိုသည့် အနေအထားများ ကိုလည်း မြင်ရကြောင်း သုဝဏ္ဏမှ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။

”ကျွန်တော်တို့ စီးလာတဲ့ ၂၄ ကားနဲ့ ကွန်တိန်နာ ကားသမားနဲ့ ဗိုလ်တထောင် ဘုရားနားမှာ ပြဿနာ တက်တာ။ ယာဉ်မောင်း ကအရင် ဆင်းသွားတယ်။  ယာဉ် နောက်လိုက်က ကားနောက်ဆုံး ခုံ နောက်မှာ ထားတဲ့ သံတုတ်ကိုင်ပြီး လိုက်ဆင်းသွားတယ်။ ခရီးသည် နဲ့ တစ်စုံ တစ်ခု ပြဿနာ တက်ရင် ဒီ သံတုတ်နဲ့ ရိုက်ဖို့လားမသိဘူး”ဟု ၄င်းက ပြောသည်။

ယာဉ်မောင်းတွေက ဒီလိုပြောတယ်

ပထမဆုံးစ ဆွဲသည့်နေ့ဖြစ်၍ ယာဉ်နောက်လိုက်များ သာမက ယာဉ်မောင်း များသည်လည်း စမ်း တဝါးဝါးပင် ဖြစ်သည်။ ယခင်လို အုံနာ ပုတ်ပြတ် စနစ် မဟုတ်တော့ ဘဲ လစာ ခေါက်ကြေးဖြင့်ယာဉ် မောင်းများကိုမောင်းနှင်စေမည်ဟု YRTA က သတင်းထုတ်ပြန်ထား သည်။ သို့သော်လည်း ယာဉ်မောင်း အချို့ကို မေးမြန်းရာ အုံနာစနစ်ဖြင့် ပင်ပြေးဆွဲနေကြောင်း ပြောကြ သည်။

”လခ သဘောမျိုးတော့ မဟုတ် ဘူး။ အခုတော့ ရာခိုင်နှုန်းစားပဲ၊ တစ်သောင်းကို သုံးထောင်ပေါ့။ အပ်ပင် တစ်ကြောင်းကို မနက် အ စောကြီး ဆိုရင်တော့ အရင်က လူ ကျရင် ကျသလိုရတယ် ပျှမ်းမျှ ခြောက်သောင်း လောက်တော့ ရ တယ် အရင်က။ ဒီနေ့ကတော့ အစ ဆိုတော့ လူအရမ်းကျတယ်။ နောက်ရက်တွေ ကတော့ မပြော တတ်ဘူး။ ပိုက်ဆံက ယာဉ်ပိုင်ရှင် ကိုပဲ ပေးရသေးတယ်  အရင်ပုံစံ အတိုင်းပဲ။ ကိုယ့်ကားရသလောက် ကိုယ်ယူပဲ” ဟု အမှတ် ၂၂ ယာဉ် လိုင်းမှ ယာဉ်မောင်း ကိုဒီမိုစိုးက ပြောသည်။

လက်ရှိ မောင်းရသည့် စနစ် သည် ယခင်ကလို ကားချင်းပြိုင် မောင်းရတာမျိုး မဟုတ်တော့ဘဲ အေးဆေး မောင်းနှင်နိုင်သည့် စနစ်ဖြစ်၍ အာရုံနောက် သက် သာသည်ဟု ၄င်းက ပြောသည်။

”အရင်ကတော့ အန္တရာယ်ပို များတယ်။ တစ်ယောက် နဲ့တစ် ယောက် လုပြီး တင်ရတာကိုး ဒီ ကောင်ကျတော့ တစ်စီး နဲ့ တစ်စီး တန်းပြီး သွားနေရတော့ အန္တရာယ် တော့ ကင်းတယ်။ အဖမ်းအဆီး လည်း သိပ်မရှိတော့ဘူး”ဟုအမှတ် ၂၂ ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးဘကို က လည်း ပြောသည်။

သို့သော်လခ စားစနစ်ဖြင့် လုပ် ဆောင်ပါက မူလရနေသောဝင် ငွေထက် လျော့သွားမည်ကို စိုးရိမ်ကြောင်းလည်း ယာဉ်မောင်း အ ချို့ ပြောသည်။

”နောက်လခ နဲ့၊ ကတ်စနစ်နဲ့ ပြောင်းလိုက်လို့ တွက်ခြေ မကိုက် တော့ရင်တော့ ဆက်လုပ်ဖြစ်၊ မ လုပ်ဖြစ် မသေချာဘူး။ ၁ဝ၇ မောင်း တာ ၅ နှစ်လောက် ရှိပြီ။ လစာနဲ့ ဆိုရင်တော့ မကိုက်ရင် မလုပ်တော့ဘူး နောက်မှာလည်း မိသားစု ရှိသေးတယ်။ အရင်က ကျတော့ ကိုယ့်ဘာသာ ကြိုးစားရှာ ရင် ရှာသလောက် ရတယ်။ အခုက တော့ အဲဒီလို မရှိတော့ဘူး” ဟု ဦးဘကိုက ပြောသည်။

ပထမဆုံး စထွက်သည့်နေ့ တွင်ထင်သလောက် လူမရ၍ လိုင်း ဆက်မဆွဲရန် စဉ်းစားနေကြောင်း အမှတ် ၂၄ ယာဉ်လိုင်းမှ ယာဉ် နောက် လိုက်တစ်ဦးက ပြောသည်။

”လူက ထင်သလောက် မတက် ဘူး။ ကျွန်တော်တို့လိုင်းမှာ ကား ၁၁ စီးရှိတယ်။ ဆက်တောင်မဆွဲချင် တော့ဘူး” ဟု ၄င်းက ပြောသည်။

စေတနာ့ဝန်ထမ်းတွေ အားကောင်း

YBS စနစ် မစတင်မီကပင် အထွေထွေ အခက်အခဲ များရှိမည် ကို အားလုံးကြိုတင် မှန်းဆထားကြ သည်။ ခရီးသွားပြည်များ ၏ အ ခက် အခဲများကို ကူညီဖြေရှင်းပေး ရန် စေတနာ့ဝန်ထမ်းများ ကြိုတင် စာရင်း ကောက်ယူခဲ့သည်။ ဇန်န ဝါရီ ၁၆ ရက်နေ့တွင် မှတ်တိုင်တိုင်း ၌ YBS စတစ်ကာပါ အင်္ကျီ အဖြူဝတ် စေတနာ့ ဝန်ထမ်းများက ခရီး သွားများအား ကူညီရှင်းပြပေးနေ သည်။ လမ်းညွှန်မြေပုံ ကိုင် ကာ ယောင်ချာချာ ဖြစ်နေသော ခရီး သည်များကို ဦးဆောင်ကာ ရောက်မည့် ခရီးစဉ် များကို ရှင်းပြကူညီပေး နေသော စေတနာ့ ဝန် ထမ်း များစွာ ကို တွေ့မြင်ရသည်။

သခင်မြ ပန်းခြံတွင် စေတနာ့ ဝန်ထမ်း အဖြစ် ခရီးသွား များကို ကူညီပေးနေသည့် ကိုဟိန်းသက်ဦး က ”စီးတဲ့သူ များတဲ့အခါ ကျတော့ ဒီရက်မှာ အဆင်မပြေဘူး။ နောက် လေးငါးရက် လောက်နေရင်တော့ အဆင်ပြေသွားမယ် အသားကျ သွားမယ် ထင်ပါတယ်။ အခက် အခဲ ကတော့ လက်ကမ်းဝေတဲ့ စာရွက် တွေ အရမ်း လိုအပ်တယ်။  အများ စုက ပုံမှန် စာရွက်ထက် စာလို့ရှိရင်  လမ်းကြောင်းတွေ ပါတဲ့ စာရွက်မျိုး ကို ပိုပြီးကြိုက်ကြတယ်။ ဒါပေမယ့် မလောက်ဘူး” ဟု သူ၏အတွေ့ အကြုံကို ပြောသည်။

စေတနာ့ ဝန်ထမ်း များတွင် လူမှုအဖွဲ့အစည်း များသာမက တက္ကသိုလ် ကျောင်းသား ကျောင်း သူများလည်း ပါဝင်သည်။ မှတ်တိုင် တိုင်း တွင် ခရီးသွားများ မေးလာ သမျှကို မညည်းမညူ ဖြေကြားပေး နေသည့် သူတို့၏အသွင်မှာ လန်း ဆန်း တက်ကြွနေသည်။

”အရင် မထသ စနစ်ကတော့ တွေ့ကြုံခဲ့ ရတာတွေကတော့ အ များကြီးပဲ အခက်အခဲက။ သူတို့ က သူတို့ရဖို့ပဲ သူတို့ကြည့်ကြတာ လေ။ ခရီးသည်တွေ ဘက်ကျတော့  ဒုက္ခ ရောက်စေတယ်။ မိန်းကလေး တွေဖြစ်တဲ့ အခါကျတော့ အချိန်မ တော်ပြန်တဲ့ အခါ ဒုက္ခ အရမ်း ရောက် ပါတယ်။ စနစ်ကို ပြောင်း တာ တကယ်ကို ပြည်သူ တွေ အတွက် ကောင်းတဲ့ အပြောင်း အလဲ လို့ထင်တယ်” ဟု စေတနာ့ ဝန် ထမ်း တစ်ဦး အဖြစ် လုပ်အားပေး နေသော ရန်ကုန် စီးပွားရေး တက္က သိုလ် ကျောင်းသူ မခိုင်နှင်းဝေက ပြောသည်။

ကားမှတ်တိုင် များတွင် စေတ နာ့ ဝန်ထမ်းအဖြစ် ကူညီပေးနေသူ များ ရှိသလို ခရီးသည်များ လိုရာ ခရီးရောက်အောင် ကားကြီးကား ငယ် များဖြင့် ကူညီ သယ်ပို့ပေးနေ သည့် ကားများစွာ လည်း တွေ့ရ သည်။ မှတ်တိုင်တွင် ပုံနေသော ခရီးသည် များကို လိုရာရောက် အောင် အခေါက်ခေါက် အခါခါ ပို့ ဆောင်ပေးနေကြသည့် အခမဲ့ကား များရှိ၍သာ ခရီးသည်များ အတွက် အဆင်ပြေ စေခဲ့သလို ခရီးသည် များ၏ ကျေးဇူးတင် စကားသံများ ကိုလည်း လှိုင်လှိုင် ကြားခဲ့ရသည့် နေ့ဖြစ်သည်။

တာထွက်မှာ မျက်နှာပန်းမလှခဲ့ပေမယ့်

YRTA စနစ် စသည့်နေ့တွင် ကြုံတွေ့ခဲ့ရသော အထွေထွေ အ ခက်အခဲများ အကြောင်းကို မြို့ခံ များက လူမှု ကွန်ရက် စာမျက်နှာ တွင်မျှဝေကြသည်။ အချို့ ကလည်း အစပိုင်းဖြစ်၍ သည်းခံရန်၊ အ ပြောင်းအလဲ တစ်ခုတွင် ကြုံတွေ့ရ သော အခက်အခဲ များဖြစ်ပြီး မကြာမီ အဆင်ပြေ သွားမည်ဟု အားပေးကြသည်။ အချို့ကလည်း စနစ်တစ်ခု အပြောင်းအလဲ တွင် ကြုံတွေ့ရသော အခက်အခဲများ ကိုထောက်ပြ မှသာ အစိုးရ အဖွဲ့က လိုအပ်ချက်များ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း အကြံပြုကြသည်။

တိုင်းအစိုးရ အနေဖြင့် ပြည် သူကို လုံလောက်သော ကြိုတင် အသိပေးမှု မရှိခဲ့သလို ယခင်ကျင့် သုံးနေသော သယ်ယူ ပို့ဆောင်ရေး စနစ်၏ အားသာချက်၊ အားနည်း ချက်များကို စစ်တမ်းလုပ်ခြင်း၊ မြို့ ခံတို့၏ ဆန္ဒ သဘောထားကို မေး မြန်းခြင်းများ မလုပ်ခဲ့ကြောင်း မြို့ခံ အချို့က ဝေဖန်ကြသည်။

”ဘယ်လမ်းကြောင်း တွေကို လူစီးများတယ် ဆိုတာ အရင်စစ် တမ်း ကောက်သင့်တယ်။ အဲဒီလို စစ်တမ်း ကောက်ပြီးမှ အသွားများ တဲ့ လိုင်းကို ယာဉ်ဖြည့်ပေးဖို့ လိုပါ တယ်။ ဒီစနစ်က ကောင်းပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှုကို သေချာ လေး ထပ်ဖြည့်လိုက် ရင် အောင် မြင် မှာပါ” ဟု ရွှေပြည်သာမြို့နယ် မှ မယဉ်ယဉ်လှက ၄င်း၏အမြင်ကို ပြောသည်။

ရုံးတက် ရုံးဆင်းချိန် ကားစီး သည့်ခရီးသည် အခြေအနေကို စစ် တမ်းပြုစု သင့်ပြီး နှစ်ဆင့် သုံးဆင့် စီးရ၍ အချိန်ကုန်၊ ငွေပိုကုန်သော အခြေခံ လူတန်းစားများကိုလည်း ငဲ့ညှာစေချင်ကြောင်း ကုမ္ပဏီ ဝန် ထမ်း အမျိုးသမီးတစ်ဦးက ပြော သည်။

YBS စနစ်  စတင်လုပ်ဆောင် သည့်အခါ ပြီးပြည့်စုံမှု ရှိမည် မ ဟုတ်ကြောင်း၊ မြို့ခံများ၏ စကား သံများကို နားထောင်ကာ ပြင်စရာ ရှိသည်များကို လူထုဆန္ဒနှင့် အညီ ပြုပြင်ပြောင်းလဲမည် ဖြစ်ကြောင်း၊ မြို့ပြ သယ်ယူပို့ဆောင်ရေး အ တွက် သုံးလ တစ်ကြိမ် ပြန်လည် ဆန်းစစ်မည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောကြားထားသည်။

”ပထမဆုံးနေ့မှာ အားလုံးအ ဆင်ချော လိမ့်မယ်လို့ ကျွန်တော် မ ထင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ယာဉ်ပိုင်ရှင် ဘက်မှာလည်း အခက် အခဲ ရှိတယ်။ နဂိုမူလပုံစံ အတိုင်း ပဲ သွားချင်တဲ့ ပုံစံရှိတယ်။ ယာဉ်စီးသူ တွေကလည်း အသစ်ဖြစ်သွားတဲ့ အ တွက် ဒီလုပ်ငန်း နဲ့ပတ်သက်ပြီး အံ ဝင်မှု မရှိသေးဘူး။ နောက်တစ် ချက်တော့ ကားတွေ တော်တော် ကျပ်တယ်။ ကားလွှတ်ပေးနိုင်တဲ့ အ ချိန်က နည်းနည်းလေး မစိပ်ဘူးဖြစ် နေတယ်။ ဒီအခြေအနေ အပေါ် မှာ အဆင်ပြေအောင် ကျွန်တော် တို့ ဆောင်ရွက်မယ်။ ဘာလို့လဲ ဆိုတော့ မနေ့ညလောက်မှ စတစ် ကာ ကပ်ရတဲ့အတွက် ထွက်ချိန် နည်းနည်း ကျဲသွားတယ်။ ဒီအနေ အထားကို ဆက်ပြီးဆောင်ရွက် ပေးမယ်။ ယာဉ်စီးခ ကလည်း ကြေ ညာချက် ထွက်ပေးမယ်” ဟု ဦးဖြိုး မင်းသိန်း က ပြောသည်။

မည်သို့ပင်ဖြစ်စေ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ YBS စနစ်ကတော့ ဝေဖန်သံပေါင်း စုံဖြင့် စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ပြီ ဖြစ် သည်။ ကားမလုံလောက်ခြင်း၊ အ ဆင့်ဆင့် ပြောင်းစီးရ၍ ငွေပိုကုန် ခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်အချို့ ယခင်အချိုး အတိုင်း ပင်ရှိနေခြင်း တို့သည် အပြောင်းအ လဲကို လိုလားသော ရန်ကုန်မြို့ခံ များအတွက် စိတ်ကျေနပ်မှု မပေး နိုင်ခဲ့သည် မှာလည်း အမှန် ပင်ဖြစ် သည်။ စနစ်တစ်ခု အပြောင်းအ လဲတွင် အားသာချက် အားနည်း ချက်များကို ထိုစနစ်တွင် ပါဝင်နေ သူများ၏ အသံကို နားစွင့် ကာ ပြု ပြင်သွားပါက အားလုံး လိုလားနေ သော အရွေ့တစ်ခုကို ရောက်မည် မှာ မုချပင်ဖြစ်သည်။ ပြိုင်တူတွန်း က ရွေ့နိုင်သည် မဟုတ်ပါလား။

မေဇင်ဝင်း၊ ဖြိုးထက်အောင် ကွင်းဆင်းရေးသားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*