အမေရိကန် နိုင်ငံတစ်ဝန်းရှိ လေဆိပ်များမှ အကောက်ခွန် ဌာနဆိုင်ရာ ကွန်ပျူတာများ ၄ နာရီ ကြာခန့် ရပ်တန့်ကုန်ကြ

အမေရိကန် နိုင်ငံတစ်ဝန်းရှိ လေဆိပ်များမှ အကောက်ခွန် ဌာနဆိုင်ရာ ကွန်ပျူတာများ ၄ နာရီ ကြာခန့် ရပ်တန့်ကုန်ကြ
January 4, 2017 Asian Fame

3:12 pm
အမေရိကန် နိုင်ငံတစ်ဝန်းရှိ လေဆိပ်များမှ အကောက်ခွန် ဌာနဆိုင်ရာ ကွန်ပျူတာများ ၄ နာရီ ကြာခန့် ရပ်တန့်ကုန်ကြ

hack(ဝါရှင်တန်၊ ဇန်နဝါရီ ၃)

အမေရိကန် တစ်နိုင်ငံလုံး ရှိ အကောက်ခွန် ဌာနဆိုင်ရာ ကွန်ပျူတာများ ယမန်နေ့ညက တစ်ပြိုင်နက်တည်း ရပ်တန့် သွားကြသဖြင့် အမေရိကန် လေဆိပ် များဝယ် ခရီးသည် အများအပြား သောင်တင်ကုန် ခဲ့ကြသည်။

ယမန်နေ့ အရှေ့တိုင်း စံတော်ချိန် ညနေ ၅ နာရီမှ ည ၉ နာရီအထိ ကွန်ပျူတာများ ရပ်တန့် ကုန်ကြခြင်းဖြစ်ပြီး၊ ကွန်ပျူတာ ကွန်ရက်များ လည်း ပြတ်တောက် ကုန်ကြသော ကြောင့် အားလပ်ရက် ခရီး သွား အများအပြား လေဆိပ် များဝယ် သောင်တင်ကုန်ကြ ကာ၊ လေကြောင်း လိုင်း အများ အပြားလည်း နာရီဝက်မှ ၂ နာရီအထိ နောက်ကျကုန်ကြ သည်။

”အဲဒီလို နည်းပညာဆိုင် ရာပြတ်တောက်မှု ဖြစ်နေတုန်း မှာ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်တဲ့ အချက်အလက် တွေနဲ့ ခရီးသွားတွေ အားလုံးရဲ့ အချက် အလက်တွေကို သက် ဆိုင်ရာက ထိန်းသိမ်း ထားနိုင်ခဲ့ ပါတယ်။ ဒါဟာ သာမန် နည်း ပညာချို့ယွင်းမှု မဟုတ်ပါဘူး။ ထိုးနှက် တိုက်ခိုက်မှုတစ်ခုပါ” ဟု အကောက်ခွန်နှင့် နယ်စပ်လုံခြုံ ရေး ဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါသည်။

သံတမန် အသွင် ယူထား သော ရုရှားသူလျှိုဆို သူများအား အမေရိကန် နိုင်ငံတွင်း မှနှင်ထုတ် ပြီး ရက်မကြာမီတွင် ယခုကဲ့သို့ ကွန်ပျူတာ များ ရပ်တန့်ကုန်ကြ ခြင်းဖြစ်သည်။ ရုရှား သူလျှို ဆိုသူများ အမေရိကန်နိုင်ငံ တွင်းမှ ၇၂ နာရီ (၃ရက်) အတွင်း ထွက်ခွာ သွားရန်အမိန့်ကို  အမေ ရိကန် အစိုးရက ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

PN002
ref: Computer outage disrupts customs at US airports

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*