မလေးရှားလေကြောင်း ခရီးစဉ် MH370 ပျောက်ဆုံးခြင်းကို စုံစမ်း ရှာဖွေခြင်းအား ရပ်နား ပိတ်သိမ်းလိုက်ပြီ

မလေးရှားလေကြောင်း ခရီးစဉ် MH370 ပျောက်ဆုံးခြင်းကို စုံစမ်း ရှာဖွေခြင်းအား ရပ်နား ပိတ်သိမ်းလိုက်ပြီ
January 18, 2017 Asian Fame

2:53 pm
မလေးရှားလေကြောင်း ခရီးစဉ် MH370 ပျောက်ဆုံးခြင်းကို စုံစမ်း ရှာဖွေခြင်းအား ရပ်နား ပိတ်သိမ်းလိုက်ပြီ

MH370

(ပေကျင်း၊ ဇန်နဝါရီ ၁၇)

ရေအောက်ဝယ် ဧရိယာစတုရန်း မိုင် ၄၆ဝဝဝ မျှကို ပိုက်စိပ်တိုက် ရှာဖွေ ပြီးနောက် ပျောက်ဆုံးခဲ့ သော ဘိုးအင်း ၇၇၇ လေယာဉ်ကို မတွေ့ရသည့် အဆုံး ယခုကဲ့သို့ ရှာဖွေမှုကို ရပ်နား လိုက်ခြင်းဖြစ် သည်။

ထိုသို့ ရှာဖွေခြင်း အတွက် ကန် ဒေါ်လာ သန်း ၁၅ဝ မျှ ကုန်ကျခဲ့ ရာ လေကြောင်း ပျံသန်းမှုသမိုင်း ဝယ် အကုန်အကျ အများ ဆုံးသော လေယာဉ်ပျောက် ရှာဖွေမှုဖြစ်ခဲ့ သည်။

”နည်းပညာ ဆိုင်ရာ နောက် ဆုံးပေါ်တွေအားလုံးကို အသုံးပြု ကာ အဆင့်မြင့် ကျွမ်းကျင်သူ ပုဂ္ဂိုလ် များဖြင့် အကောင်းဆုံး ရှာဖွေ ခဲ့ သော် လည်း လေယာဉ်ပျက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိချေ” ဟု လေယာဉ်ပျက် ပူးပေါင်းရှာဖွေမှု ဗဟိုမှ ထုတ်ပြန်သည့် ကြေညာ ချက် တွင် ရေးသား ထားသည်။

ခရီးသည် ၂၃၉ ဦးကို တင် ဆောင်ခဲ့သော မလေးရှားလေ ကြောင်းမှ ခရီးစဉ်အမှတ် MH370 ဘိုးအင်း ၇၇၇ လေယာဉ်သည် ၂ဝ၁၄ ခုနှစ် မတ်လ ၈ ရက်နေ့ စောစောပိုင်း က အရပ်ဘက်လေ ကြောင်းထိန်းသိမ်းရေး ရေဒါမြင် ကွင်းမှ ရုတ်တရက် ပျောက်ကွယ် သွားခဲ့ခြင်းဖြစ်သည်။

PN002
REF: Search for Malaysia Airlines Flight 370 finally called off with mystery unsolved

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*