မြောက်ကိုရီးယားတို့ ဒုံးပျံစမ်းသပ် ပစ်လွှတ်ခြင်းကို ”ခြိမ်းခြောက်မှု” ဟုပြောဆိုခြင်းကို လက်မခံနိုင်ဟု ပူတင်ဆို

မြောက်ကိုရီးယားတို့ ဒုံးပျံစမ်းသပ် ပစ်လွှတ်ခြင်းကို ”ခြိမ်းခြောက်မှု” ဟုပြောဆိုခြင်းကို လက်မခံနိုင်ဟု ပူတင်ဆို
May 17, 2017 Asian Fame

11:19 am
မြောက်ကိုရီးယားတို့ ဒုံးပျံစမ်းသပ် ပစ်လွှတ်ခြင်းကို ”ခြိမ်းခြောက်မှု” ဟုပြောဆိုခြင်းကို လက်မခံနိုင်ဟု ပူတင်ဆို

Korea(မော်စကို၊ မေ ၁၆)

မြောက်ကိုရီးယား တို့၏ နောက်ဆုံး ဒုံးပျံစမ်းသပ်မှုသည် အန္တရာယ်ရှိသည် မှာမှန်သော်လည်း ခြိမ်းခြောက်မှု တစ်ခုပာုပြော ဆိုနေကြခြင်း ကိုမူ ဆန့်ကျင်ကြောင်း ရုရှားသမ္မတပူတင်က ပြစ်တင်ပြောကြားလိုက်သည်

ကိုးရီးယားနှစ်နိုင်ငံ အရေးနှင့် ပတ်သက်၍လည်း ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြင့် လက်ရှိ တင်းမာနေမှု များကို လျော့ချပေးရန် တရုတ် တို့ကြိုးစားပေး သင့်သည်ဟု ပူတင်ကပြောကြားကြောင်း ရုရှားနိုင်ငံပိုင် စပွတ်နစ် သတင်းဌာန၏ သတင်းတစ်ရပ် အရသိရသည်။

”ကိုရီးယားနိုင်ငံတွေ အရေးကနေစလို့ နျူကလီးယား လက်နက် တပ်ဆင်တဲ့နိုင်ငံတွေ ခုလို ပိုပြီး များပြားလာတာကို ကျွန်တော်တို့ ဆန့်ကျင် ပါတယ်။ ပျက်စီးစေတာတွေ အန္တရာယ် ရှိတာတွေကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်” ဟုလည်း ပူတင်က သတင်းထောက် များအားပြောခဲ့သည်။ သို့ရာတွင် အမေရိကန်တို့က ”ခြိမ်းခြာက်မှု”ဟု ပြောဆိုနေခြင်းကိုမူ သူလက်မခံနိုင်ကြောင်း ပူတင်က ရည် ရွယ်ပြောဆိုခြင်းဖြစ်သည်။

သို့ရာတွင် တရုတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ဂျီဂျေးယွန်ကမူ ”ကျွန်တော်တို့ အနေနဲ့ တိုက်ချင်းပစ်ဒုံးပျံတွေကို ဘယ်အချိန် မဆို ဘယ်နေရာမှာ မဆို စမ်းသပ်ပစ်လွှတ်မှာပါ။ ဒါဟာ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ အမိန့်အရ ပါပဲ”ဟုပြောပါသည်။

PN-002
Ref: Putin warns against ‘intimidating’ North Korea after latest missile launch

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*