2:18 pm
(ကွာလာလမ်ပူ၊ မတ် ၇)
ကင်ဂျုံနန် လုပ်ကြံ သတ်ဖြတ်ခံ ရပြီးနောက်တွင် မြောက်ကိုရီးယား နှင့် မလေးရှားတို့သည် တစ်ဖက် နိုင်ငံသား များကို ပြည်ထွက်ခွင့် တားမြစ်ခြင်း များ အပြန်အလှန်ပြု လုပ်ကြကြောင်း သိရသည်။
ထိုသို့ပြုလုပ်ခြင်းမှာ ယခင် ကတည်းက ရှိခဲ့သော်လည်း ယခု ကင်ဂျုံနန် လုပ်ကြံ သတ်ဖြတ်ခံရပြီး နောက်ပိုင်းဝယ် တားမြစ်မှုနှုန်း ပို မို မြင့်မားလာသည်။
မလေးရှား နိုင်ငံဘက်မှ ထို လုပ်ကြံ သတ်ဖြတ်ခြင်း အပေါ် မြောက်ကိုရီးယား တို့အား တရားဝင် စွပ်စွဲမှုမရှိသော်လည်း မြောက်ကို ရီးယားတို့ လက်ချက်ဖြစ်ကြောင်း၊ ယင်းတို တာဝန်မကင်းကြောင်း မသင်္ကာမှုမှာမူ ကမ္ဘာ တစ်ဝန်းတွင် အထူးပျံ့နှံ့လျက် ရှိသည်။
မြောက်ကိုရီးယားနိုင်ငံကမူ ထိုသို့ စွပ်စွဲ ပြစ်တင်ခြင်းများကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး သေဆုံးသူမှာ ကင်ဂျုံနန်ဖြစ် ကြောင်းကိုပင် တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိခဲ့ချေ။
မြောက်ကိုရီးယား နှင့် မလေး ရှား နှစ်နိုင်ငံ စလုံးသည် တစ်ဖက် နိုင်ငံ သံတမန်များကို အသီးသီးနှင် ထုတ်ခဲ့ကြပြီး ဖြစ်သည်။
ကင်ဂျုံနန် လုပ်ကြံသတ်ဖြတ် မှုမှာမူ ယခုအချိန်အထိ စုံစမ်းစစ် ဆေးနေဆဲဖြစ်၏။
မြောက်ကိုရီးယား နိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်၏ အဖေ တူ အမေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံ နန်အား လူတစ်စုက ဖေဖော်ဝါရီ လ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အဆိပ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့သည်။
PN002
REF: Kim Jong-nam death: Malaysia and N Korea in tit-for-tat exit bans