ဗင်နီဇွဲလားနိုင်ငံ သမ္မတ နိကိုလပ်စ်မာဒူရို အား နုတ်ထွက်ရန် ပါလီမန်မှ ဆုံးဖြတ် လိုက်ခြင်းကို တရား လွှတ်တော်က ပယ်ချ

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နိကိုလပ်စ်မာဒူရို အား နုတ်ထွက်ရန် ပါလီမန်မှ ဆုံးဖြတ် လိုက်ခြင်းကို တရား လွှတ်တော်က ပယ်ချ
January 11, 2017 Asian Fame

2:24 pm
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နိကိုလပ်စ်မာဒူရို အား နုတ်ထွက်ရန် ပါလီမန်မှ ဆုံးဖြတ် လိုက်ခြင်းကို တရား လွှတ်တော်က ပယ်ချ

venezuelan-court-overrides(ဗင်နီဇွဲလား၊ ဇန်နဝါရီ ၁ဝ)

သမ္မတ နိကိုလပ်စ်မာဒူရိုအား နုတ်ထွက်ရန် ပါလီ မန်မှ ဆုံးဖြတ် လိုက်ခြင်းကို ဗင်နီဇွဲလားနိုင်ငံ တရား လွှတ်တော်က ပယ်ချ လိုက်ကြောင်း သိရသည်။

သမ္မတအား လွှတ်တော်မှ နိုင်ငံရေးအရ ဆန့်ကျင် ဆုံးဖြတ်၍မရကြောင်း အခြေခံဥပဒေ ဆိုင်ရာ အာဏာ အပ်နှင်းမှုအရ ထိုသို့ ပယ်ချ သည့် အမိန့်ကို တရားလွှတ် တော်မှ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

သမ္မတအား ဆန့်ကျင်သည့် အတိုက်အခံ အုပ်စုကြီး စိုးသည့် ဗင်နီဇွဲလား လွှတ်တော်ဝယ် သမ္မတ နိကိုလပ်စ် မာဒူရို အနေဖြင့် ရာထူးကို စွန့်လွှတ်ရန် အဆိုကိုထောက် ခံမဲများဖြင့် တနင်္လာနေ့က အနိုင်ရခဲ့ပြီး ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်း အတိုက်အခံ ပါတီ အုပ်စု သည် ဗင်နီဇွဲလား နိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကြောင့် ပြည်သူ များ ဒေါသ ထွက်နေကြခြင်းကို အကြောင်းပြု ကာ ၂ဝ၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြသူများ ဖြစ် သည်။

တနင်္ဂနွေနေ့ ကပင်လျှင် သမ္မတ မာဒူရိုက ဗင်နီဇွဲ လား တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ၏ အနိမ့်ဆုံး လုပ်ခ ငွေကို ၅ဝ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်ပေးခဲ့ပြီး၊ ယခင်နှစ် ကလည်း လေးကြိမ်တိုင်တိုင် တိုးမြှင့်ပေးခဲ့ သေးသဖြင့် ယခု ထပ်မံ တိုးမြှင့်ပေးခြင်း အပေါ် အားလုံး အံ့အား သင့်ခဲ့ကြရသည်။

PN002
Ref: Venezuelan court overrides opposition parliament’s ‘impeachment’ of President Maduro

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*