ဘရာဇီးထိပ်တန်းဘောလုံးအသင်းတစ်သင်း စီးနင်းလာသည့်လေယာဉ် ကိုလံဘီယာတွင်ပျက်ကျ

ဘရာဇီးထိပ်တန်းဘောလုံးအသင်းတစ်သင်း စီးနင်းလာသည့်လေယာဉ် ကိုလံဘီယာတွင်ပျက်ကျ
November 30, 2016 Asian Fame

6:12 am
ဘရာဇီးထိပ်တန်းဘောလုံးအသင်းတစ်သင်း စီးနင်းလာသည့်လေယာဉ် ကိုလံဘီယာတွင်ပျက်ကျ

brazil-football-copy

PN-002

ကိုလံဘီယာ၊ နိုဝင်ဘာ ၂၉

ဘရာဇီး ထိပ်တန်းဘောလုံးအသင်းတစ်သင်းအပါအဝင် ခရီးသည် ၈၁ ဦးကို တင်ဆောင်လာသော လေယာဉ်တစ်စင်းသည် ကိုလံ ဘီယာနိုင်ငံ မယ်ဒယ်လင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရာလမ်းခုလတ်တွင် ပျက်ကျခဲ့သည်။

လေယာဉ်ပျက်ကျမှုမှ လူ ၆ ဦးသာလွတ်မြောက်ပြီး လျှပ်စစ်ဆိုင်ရာ ချွတ်ယွင်း မှုကြောင့် ယခုကဲ့သို့ပျက်ကျရခြင်းဖြစ်ကြောင်း   နိုင်ငံတကာသတင်းဌာနများက ရေးသားကြသည်။

ယင်းလေယာဉ်မှာ ဘိုလစ်ဗီးယားနိုင်ငံမှပျံသန်းလာသော စင်းလုံးငှားလေယာဉ် ဖြစ်ပြီး ဘရာဇီးနိုင်ငံမှ ထိပ်တန်းဘောလုံးအသင်း တစ်သင်းဖြစ်သည့် Chapecoense  အသင်းသားများကိုပါ သယ်ဆောင်လာသောလေယာဉ် ဖြစ်သည်။

Chapecoense  ဘောလုံးအသင်းသည် မယ်ဒယ်လင်းမြို့ခံ Atletico Nacional အသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ရန်လာကြခြင်းဖြစ်သည်။
လေယာဉ် မပျက်ကျမီတွင် လျှပ်စစ်ဆိုင်ရာပြဿနာဖြစ်နေကြောင်း သတင်းပို့ ချက်ကို မယ်ဒယ်လင်းလေကြောင်းထိန်းသိမ်းရေးမျှော် စင်ဆီသို့ သတင်းပို့ခဲ့ကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့မှ  တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

ref: Brazil football team Chapecoense in Colombia plane crash

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*