ဘရာဇီး အလယ်တန်း ကျောင်းသားများ ပြုလုပ်သည့် ဂြိုဟ်တု အာကာသထဲတွင် အောင်မြင်စွာ ပျံသန်းနေပြီ

ဘရာဇီး အလယ်တန်း ကျောင်းသားများ ပြုလုပ်သည့် ဂြိုဟ်တု အာကာသထဲတွင် အောင်မြင်စွာ ပျံသန်းနေပြီ
January 25, 2017 Asian Fame

3:03 pm
ဘရာဇီး အလယ်တန်း ကျောင်းသားများ ပြုလုပ်သည့် ဂြိုဟ်တု အာကာသထဲတွင် အောင်မြင်စွာ ပျံသန်းနေပြီ

Brazilian-Students-Launched(ဘရာဇီး၊ ဇန်နဝါရီ ၂၄)

ဘရာဇီးနိုင်ငံရှိ အလယ်တန်းကျောင်း တစ်ကျောင်းမှ ကျောင်းသားများ ကိုယ်တိုင် ပြုလုပ်ထားသည့် ဂြိုဟ်တု တစ်လုံးကို အာကာသ ထဲရှိ နိုင်ငံတကာ အာကာသ စခန်းမှတစ်ဆင့် အာကာသထဲ သို့ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ပစ်လွှတ်ပေး လိုက်ပြီဖြစ်သည်။

ဘရာဇီးနိုင်ငံ အူဘာတူဘာမြို့ရှိ မြူနီ စပါယ် အလယ်တန်းကျောင်းမှ ကျောင်း သားများ ပြုလုပ်ခဲ့သည့် ‘တန်ခရီဒို-၁’ ဂြိုဟ်တုသည် အချင်း ၁၃ စင်တီမီတာ (၅ လက်မခန့်) ရှိပြီး၊ အလေးချိန်မှာ ၇ဝဝ ဂရမ်မျှသာရှိသည်။

ယခုအခါ ယင်းဂြိုဟ်တုငယ်သည် ကမ္ဘာ့မြေမျက်နှာပြင် အထက် ၄ဝဝ ကီလို မီတာအမြင့် အာကာသ ပတ်လမ်းတွင်ရှိနေ ပြီး၊ အာကာသ အတွင်းရှိ အပူနှင့်ပလာ စမာသဏ္ဌာန် တို့ကို လေ့လာရန် အတွက် အကူအညီ ပေးလျက်ရှိသည်။

Brazilian-Students-Launched2၂ဝ၁ဝ ခုနှစ်က အမေရိကန်နိုင်ငံ ထုတ် သိပ္ပံမဂ္ဂဇင်း တစ်စောင်ကို ဖတ်ရှုပြီး နောက်တွင် ယင်းဂြိုဟ်တု တည်ဆောက်ရန်  အကြံရခဲ့ခြင်း ဖြစ်ကြောင်း ဂြိုဟ်တုတည် ဆောက်ရေး စီမံကိန်းကို ဦးဆောင်သူ အလယ်တန်းပြ ဆရာ ကန်ဒီဒိုမိုအူရာက ပြောပါသည်။

သူနှင့် သူ့ကျောင်းသား များသည် ၂ဝ၁၃ ခုနှစ်တွင် ဂြိုဟ်တုကို တည်ဆောက် ပြီးခဲ့သော်လည်း အာကာသသို့ လွှတ်တင် ပေးမည့် ကုမ္ပဏီ က အဆင်သင့် မဖြစ်သေးဟု ဆိုသဖြင့် ဘရာဇီးနိုင်ငံ အာကာသအေဂျင် စီကို အကူအညီတောင်းရာ အေဂျင်စီက လည်း သူတို့၏ ဆန္ဒကို အထူးအထင်ကြီး စိတ်ဝင်စားခဲ့သည်။

”နိုင်ငံတကာ အာကာသစခန်း ကနေ ကျွန်တော်တို့ ဂြိုဟ်တုကို အာကာသထဲပစ် လွှတ်ပေးမယ် ဆိုတော့ သူတို့ သတ်မှတ်ချက် စည်း ကမ်းတွေ၊ လုံခြုံရေးစံ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီအောင် ဂြိုဟ်တုကို အသစ် ပြန်တည်ဆောက် ကြရပါတယ်” ဟု ဆရာ ကန်ဒီဒိုမိုအူရာက ပြောပါသည်။

သူတို့ပြုလုပ် ထားသော ဂြိုဟ်တု အာကာသထဲတွင် အောင်မြင်စွာ အလုပ်လုပ် နေသည်ကို သိကြရသောကြောင့် ကျောင်း သားများ အားလုံးမှာလည်း ပျော်ရွှင်ကာ စိတ်ဓာတ်များ အထူးတက်ကြွနေကြ ကြောင်း သိရသည်။

PN002
ref: From School to Space: Satellite Built by Brazilian Students Launched in Orbit

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*