သမ္မတနှစ်ဦး ကျမ်းသစ္စာ ကျိန်ဆိုစဉ်က မြင်ကွင်း ဓာတ်ပုံများကို ဝါရှင်တန်အမျိုးသား ဥယျာဉ်မှ တရားဝင်ထုတ်ပြန်

သမ္မတနှစ်ဦး ကျမ်းသစ္စာ ကျိန်ဆိုစဉ်က မြင်ကွင်း ဓာတ်ပုံများကို ဝါရှင်တန်အမျိုးသား ဥယျာဉ်မှ တရားဝင်ထုတ်ပြန်
March 8, 2017 Asian Fame

2:21 pm
သမ္မတနှစ်ဦး ကျမ်းသစ္စာ ကျိန်ဆိုစဉ်က မြင်ကွင်း ဓာတ်ပုံများကို ဝါရှင်တန်အမျိုးသား ဥယျာဉ်မှ တရားဝင်ထုတ်ပြန်
လက်ဝဲဘက်မှ ပုံမှာ ၂ဝဝ၉ ခုနှစ်က သမ္မတ အိုဘားမား ကျမ်းသစ္စာ ကျိန်ဆို စဉ် မြင်ကွင်း ဖြစ်ပြီး၊ လက်ယာ ဘက်မှ ပုံမှာမူ ၂ဝ၁၇ ခုနှစ်တွင်  သမ္မတ ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုစဉ် ကမြင်ကွင်းဖြစ် ကာ၊ ရောက်ရှိလာသည့် ပရိသတ် ဦးရေမှာ သိသိသာသာ ပင် ကွာခြားနေကြောင်း တွေ့ရလိမ့်မည်   (Photo - National Park Service)

လက်ဝဲဘက်မှ ပုံမှာ ၂ဝဝ၉ ခုနှစ်က သမ္မတ အိုဘားမား ကျမ်းသစ္စာ ကျိန်ဆို စဉ် မြင်ကွင်း ဖြစ်ပြီး၊ လက်ယာ ဘက်မှ ပုံမှာမူ ၂ဝ၁၇ ခုနှစ်တွင်သမ္မတ ထရမ့် ကျမ်းသစ္စာ ကျိန်ဆို စဉ် ကမြင်ကွင်းဖြစ် ကာ၊ ရောက်ရှိလာသည့် ပရိသတ် ဦးရေမှာ သိသိသာသာ ပင် ကွာခြားနေကြောင်း တွေ့ရလိမ့်မည်  (Photo – National Park Service)

(ဝါရှင်တန်၊ မတ် ၇)

အိုဘားမားနှင့် ဒေါ်နယ်ထရမ့် တို့ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန် ဆိုစဉ်က မြင်ကွင်း ဓာတ်ပုံများကို အမျိုးသား ဥယျာဉ်မှ တနင်္လာနေ့ က တရားဝင် ထုတ်ပြန်လိုက် သည်။

ယခင်က အင်တာနက်ပေါ် တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံများမှာ လုပ်ကြံ ဖန်တီးထားသော ဓာတ်ပုံ များ၊ တရားဝင် ထုတ်ပြန်ခြင်းမဟုတ် သည့် ဓာတ်ပုံများ သာလျှင် ဖြစ် ပြီး ဝါရှင်တန်မြို့အမျိုးသား ဥယျာဉ် ကြီးကြပ်မှုဌာနမှ ယခုမှ သာလျှင် ဓာတ်ပုံများကို တရားဝင် ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အမျိုးသား ဥယျာဉ် ၏ အမှုဆောင် လူကြီးဆီသို့ ဒေါ် နယ်ထရမ့်က ဖုန်းဆက်တောင်း ဆိုသဖြင့် သမ္မတအဖြစ် ကျမ်း သစ္စာ ကျိန်ဆိုစဉ် မြင်ကွင်းဓာတ်ပုံ ၄ ပုံကို အိမ်ဖြူတော်သို့ ပေးပို့ ခဲ့ရသေးကြောင်း ဝါရှင်တန် အမျိုးသား ဥယျာဉ်မှ တာဝန်ရှိသူ တို့က ပြောပါသည်။

ယခုဓာတ်ပုံများမှာ သမ္မတ နှစ်ဦး ကျမ်းသစ္စာ ကျိန်ဆိုစဉ် အ မျိုးသားဥယျာဉ်သို့ ပရိသတ် ရောက်ရှိမှု မြင်ကွင်းကို ရှုထောင့် တစ်ခုတည်းမှ ရိုက်ယူထားသည့် သမိုင်းဝင် ဓာတ်ပုံ များဖြစ်သည်။

PN002
Ref: Here are the photos that show Obama’s inauguration crowd was bigger than Trump’s

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*