ဒေါ်နယ်ထရမ့် တွစ်တာတွင် တင်ခဲ့သမျှတို့ကို အိမ်ဖြူတော်က အားလုံး မှတ်တမ်းတင် သိမ်းဆည်းထားမည်

ဒေါ်နယ်ထရမ့် တွစ်တာတွင် တင်ခဲ့သမျှတို့ကို အိမ်ဖြူတော်က အားလုံး မှတ်တမ်းတင် သိမ်းဆည်းထားမည်
April 5, 2017 Asian Fame

1:57 pm
ဒေါ်နယ်ထရမ့် တွစ်တာတွင် တင်ခဲ့သမျှတို့ကို အိမ်ဖြူတော်က အားလုံး မှတ်တမ်းတင် သိမ်းဆည်းထားမည်

(ဝါရှင်တန်၊ ဧပြီ ၄)

သမ္မတ ဒေါ်နယ်ထရမ့် တွစ် တာတွင် တင်ခဲ့သမျှတို့ကို လက်ရာ မပျက် သိမ်းဆည်း ထားပေးရန် အိမ်ဖြူတော်က သဘောတူ လိုက် ကြောင်း သိရသည်။

ယင်းသည် အမေရိကန်ပြည် ထောင်စု အမျိုးသားမော်ကွန်း နှင့် မှတ်တမ်းများ စီမံခန့်ခွဲရေး ဦးစီး ဌာန၏ တောင်းဆိုချက်ကို သဘော တူ လက်ခံလိုက်ခြင်း ဖြစ်ပြီး သမ္မတထရမ့် တွစ်တာ အကောင့် တွင်တင်ခဲ့သမျှ ဆိုရာဝယ် တင်ပြီး ပြန်ဖျက်လိုက်သည် များနှင့် တင်ပြီး နောက် ပြန် လည် ပြင်ဆင်သည်များ တို့ကိုပါ အစဉ်လိုက် မှတ်တမ်းတင် သိမ်းဆည်းထားမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ သမ္မတ အားလုံး တွစ်တာတွင် တင် ခဲ့သမျှတို့ကို အိမ်ဖြူတော် အနေ ဖြင့် သိမ်းဆည်း မှတ်တမ်းတင်ပေး ထားရန် တောင်းဆိုချက် စာ တစ်စောင်ကို အမျိုးသား မော်ကွန်း နှင့် မှတ်တမ်းများ စီမံခန့်ခွဲရေး ဦးစီးဌာနကို အုပ်ချုပ်သူ ဒေးဗစ် ဖာရီယာယို က အိမ်ဖြူတော် သို့ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ပေးပို့ခဲ့သည်။

ဒေါ်နယ်ထရမ့်သည် တွစ်တာ အကောင့်ကို အထူး အသုံးပြုသူ တစ်ဦးဖြစ်ပြီး၊ အခြားသူများကို လည်း တွစ်တာ မှပင် ဆက်သွယ် ပြော ဆိုလေ့ ရှိသဖြင့် အကယ်၍ သာ တွစ်တာ လူမှုကွန်ရက် တစ်စုံ တစ်ခု ချွတ်ယွင်း သွားပါက သမ္မတ ၏ ရေးသား ချက်များ ပျောက်ပျက် သွားမည့် အရေး မှ ကာကွယ်ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ သမ္မတ များ၏ ပြောကြားချက်များ၊ ရေးသားချက် များကို မှတ်တမ်းတင် သိမ်းဆည်း ပေးရန် အချက်မှာ လည်း သမ္မတရုံးမှတ်တမ်း များဆိုင်ရာ အက်ဥပဒေတွင် ပါရှိနေသေး ကြောင်း သိရသည်။

PN-002
Ref: Trump Donates First-Quarter Salary to National Park Service

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*