မြန်မာကာတွန်းအဖွဲ့အစည်းဖြစ်မြောက်ရေး ယာယီကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဆရာကာတွန်း မိုးထက်မိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာကာတွန်းအဖွဲ့အစည်းဖြစ်မြောက်ရေး ယာယီကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဆရာကာတွန်း မိုးထက်မိုး နှင့် တွေ့ဆုံမေးမြန်းခြင်း
November 3, 2016 Asian Fame

5:03 am
မြန်မာကာတွန်းအဖွဲ့အစည်းဖြစ်မြောက်ရေး ယာယီကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဆရာကာတွန်း မိုးထက်မိုး နှင့် တွေ့ဆုံမေးမြန်းခြင်း
In Interview

မြန်မာကာတွန်းအဖွဲ့အစည်းဖြစ်မြောက်ရေး ယာယီကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဆရာကာတွန်း မိုးထက်မိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

cartoon

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကာလ တွင် မြန်မာကာတွန်း နှစ် ၁ဝဝပြည့် ပွဲတော်ကို ကာတွန်းဆရာများ စုပေါင်းကျင်းပခဲ့ကြသည်။ နှစ်ပေါင်း ရာချီ၍ ခိုင်မာစွာရပ်တည်နေသည့် မြန်မာကာတွန်းသည် လက်ရှိ အချိန်အထိ ကိုယ်ပိုင်အဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်နေခြင်း   တော့မရှိသေးပေ။ ကာတွန်းဆရာ များအချင်းချင်း ညီညွတ်စွာ ပူး ပေါင်းဆောင်ရွက်မှုများဖြင့် ကာတွန်းဆိုင်ရာပွဲတော်များ ကျင်းပေ နသော်လည်း  လက်ရှိတွင် အသင်းအဖွဲ့ဖြစ်မြောက်ရေး ကော်မတီအဖြစ်သာ ရှိနေပါသည်။ ထို့အတွက် မြန်မာကာတွန်းဆရာ များ အဖွဲ့အစည်း ဖြစ်မြောက်ရေး ယာယီကော်မတီမှ အသင်းအဖွဲ့ အဖြစ်ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေ များနှင့်ပတ်သက်၍ ပြန်ကြားရေး တာဝန်ခံ ဆရာကာတွန်းမိုးထက်မိုး နှင့် တွေ့ဆုံမေးမြန်းဖော်ပြပေး လိုက်ပါသည်။

►မြန်မာကာတွန်း အဖွဲ့အစည်း ပေါ်ပေါက်လာဖို့အတွက် လက်ရှိ ဆောင်ရွက်နေမှု အပိုင်းကိုလည်း သိချင်ပါတယ်ရှင်။

ကျွန်တော်တို့က အခုကယာယီ အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ ဒီအတွက်ဖွဲ့စည်းပုံမူကြမ်းဆွဲတာ ပြီးသွားပြီ။ အဖွဲ့ဖြစ်ပြီးသွား ရင်တော့ ယာယီအဖွဲ့က ပျက်ပြယ်သွားမှာ ပါ။ မြန်မာကာတွန်း အဖွဲ့အစည်း အတွက် နိုဝင်ဘာလထဲမှာလိုဂိုပြိုင်ပွဲ ကိုလည်းခေါ်ပါမယ်။ ပြီးတော့ နိုဝင်ဘာလထဲမှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို ခေါ်ပါမယ်။ ပါဝင် လိုတဲ့သူတွေကို ခေါ်မယ်။

►ဆရာတို့တွေ မြန်မာကာတွန်းအဖွဲ့ အစည်းရဲ့ ဖွဲ့စည်းပုံအခြေခံ စည်း မျဉ်းမူကြမ်းထဲမှာ ဘာတွေပါလဲဆို တာကိုလည်း ပြောပြပေး ပါဦးရှင်။

အဲ့ဒီအထဲမှာတော့ ထွေထွေ ထူးထူးတော့မပါပါဘူး။ ကာတွန်း ဆရာတွေကို ပရော်ဖက်ရှင်နယ် အဆင့်နဲ့ဝါသနာရှင်အဆင့်ဆိုပြီးခွဲ ထားတာပါမယ်။ နောက်ပြီးတော့ကာတွန်းအစည်းအရုံးရဲ့အဓိပ္ပာယ် တွေပါမယ်။ နောက်ပြီးလိုဂိုပါမယ်။ ဆောင်ပုဒ်ပါမယ်။ နောက်ပြီးဖွဲ့စည်း ပုံကို ကာတွန်းဆရာအများစုရဲ့ သဘောထားနဲ့လိုအပ်ချက်တွေကို ပြန်ပြုပြင်နိုင်တာတွေပါမယ်။ ဒါပါပဲ။ သိပ်ပြီးတော့ထွေထွေ ထူးထူး မရှိပါဘူး။ ဖြစ်မြောက်ရေးအဖွဲ့မှာ တော့ လောလောဆယ် ကာတွန်း ဆရာ ၁၇ ယောက်ပါတယ်။

►မြန်မာကာတွန်းအဖွဲ့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြပေး ပါဦးရှင်။

ရည်ရွယ်ချက်ကတော့ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံ ကာတွန်းဆရာများရဲ့ အဖွဲ့လိုက်စု စည်းလုပ်ဆောင်နိုင်ရေး၊ အသင်း အဖွဲ့စိတ်ဓာတ် တိုးတက်ပြန့်ပွား ရေး၊ မိမိနဲ့တကွ လူမှုဝန်းကျင် အသိုင်းအဝိုင်း တိုးတက်မြင့်မား   အောင် အစိုးရအပါအဝင် သက် ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း များနဲ့ ပူးပေါင်းဆောင်ရွက်နိုင် ရေး၊ ကာတွန်းပညာ တိုးတက်ပြန့် ပွားစေရေး၊ ကာတွန်းဆရာများရဲ့ အခွင့်အရေးများ ရပိုင်ခွင့်များ ဘဝလုံခြုံရေးများ အပါအဝင် အထွေထွေကိစ္စရပ်များအတွက်   နိုင်ငံလုံးဆိုင်ရာ စုစည်းညီညွတ် သော ကာတွန်းအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဖို့ လိုအပ်လို့ပါ။

►မြန်မာကာတွန်းအစည်းအရုံးအနေ နဲ့ဖြစ်မြောက်သွားပြီဆိုရင်ကာတွန်း လောကအတွက် ဘယ်လိုအကျိုး တွေ ရနိုင်မယ်လို့ မြင် ပါသလဲ။

ဒီလိုသာ ဖြစ်မြောက်သွားပြီ ဆိုရင် ပညာရပ်ဆိုင်ရာတိုးတက် ဖို့အတွက် အဖွဲ့လိုက်သင်တန်းဖွင့် တာတို့ ပြည်ပကို ပညာသင်သွား တာ တို့မှာ တစ်ဦးတစ်ယောက်တည်း လုပ်တာထက်စာရင် မြန်မာ ကာတွန်းအစည်းအရုံးက လုပ်တော့ ပိုကောင်းတာပေါ့နော်။   နောက်ပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ နဲ့ ဆက်သွယ် ဆောင်ရွက်တဲ့အခါ မှာလည်း အဖွဲ့အစည်းအနေနဲ့ ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။

►လက်ရှိ ကာတွန်းလောကရဲ့ အခြေအနေကရော ဘယ်လိုရှိ တယ်ဆိုတာကိုလည်း သုံးသပ်ပေး ပါဦးရှင်။

လက်ရှိကာတွန်းလောက က တော့ အခြေအနေကောင်းပါတယ်။ လူငယ်တွေလည်း တက်လာပြီလေ။ ဂျာနယ်တွေ ဘာတွေမှာ လည်း  ရေးနိုင်တယ်။ နောက်ပြီး အွန်လိုင်း မီဒီယာကလည်း ကျယ်ကျယ်ပြန့် ပြန့် ဖြစ်လာတော့ အဲ့ဒီမှာလည်း ကိုယ်ရဲ့အနုပညာ ကိုဖော်ထုတ်လို့ရလာတယ်။

►ဆရာဆိုရင် ကာတွန်းလောကထဲ ရောက်လာတာ နှစ်ပေါင်းနှစ်ဆယ် တောင်ရှိပြီဆိုတော့ ဆရာ့ရဲ့ ကာတွန်းလောကထဲရောက် လာတဲ့ အခြေအနေနဲ့ လက်ရှိအခြေအနေ ကိုလည်း နှိုင်းယှဉ်ပေးပါဦး။

ကျွန်တော်က ကာတွန်း လောကကို ၁၉၉၆ ခုနှစ်မှာ စရောက်ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၂ဝ ရှိပါပြီ။ အခြေအနေ ကတော့ကွာ သွားပါတယ်။ အရင် တုန်းက ကျွန်တော်တို့တွေက ကိုယ့်ရှေ့က ဆရာတွေဆီမှာသွား ပြီးလေ့လာတယ်။ ဆရာတွေ ဆုံးမညွှန်ပြတာကို ကျွန်တော် တို့နာခံရတယ်။ ဆရာတွေဆီမှာ သင်ကြတယ်။ အခုနောက်ပိုင်း မီဒီယာ အရမ်းဖွံ့ဖြိုးလာတဲ့အချိန် မှာ နောက်ပိုင်းလူငယ်ေ တွက ဆရာတွေဆီ မသွားတော့ဘူးပေါ့ နော်။ သူတို့ရေးတတ်တဲ့ ကာတွန်း ပညာနဲ့ သူတို့ရေးပြီးတော့ သူတို့ ဘာသာ စိတ်တိုင်းကျ အွန်လိုင်း မီဒီယာတွေမှာ ဖော်ပြနေကြတယ်။ အဲ့ဒီနှစ်ခုကတော့ တော်တော်ခြား နားသွားတယ်။

►ဒါတွေရဲ့ နောက်ဆက်တွဲက ဘယ်လိုအကျိုးဆက်တွေဖြစ်လာ နိုင်တယ်ဆိုတာကိုလည်း သုံးသပ် ပေးပါဦးရှင်။

ကာတွန်းဆိုတာက အိုင်ဒီ ယာပဲကောင်းဖို့ လိုတာမဟုတ်ပါ ဘူး။ အရုပ်ပါ ကောင်းနေဖို့လို တယ်။ ပရော်ဖက်ရှင်နယ်တန်း ကာ တွန်းဆရာ တစ်ယောက်အဖြစ် ရပ်တည်တော့မယ်ဆိုရင် အရုပ် ရော အိုင်ဒီယာရောနှစ်ခုစလုံးကို ပိုင်ပိုင်နိုင်နိုင် ဖြစ်ဖို့လိုပါတယ်။ အိုင်ဒီယာ ၁ဝဝ ရာခိုင်နှုန်းဖြစ်သလို အရုပ်လည်း ၁ဝဝ ရာခိုင်နှုန်းဖြစ်ဖို့ အထိ ကြိုးစားအားထုတ်ဖို့လို တယ်။ သူ့ဆီမှာလည်း အဲ့ဒီလို အရည်အချင်းတွေရှိနေဖို့ လိုပါ တယ်။ ဆရာတွေရဲ့ ဆုံးမစကားနဲ့ ဆရာတွေရဲ့ သင်ကြားမှုပိုင်းက အရုပ်ရဲ့ ကောင်းမွန်မှုကို တစ်နည်း တဖုံအားဖြည့်ပေးတဲ့အခြေအနေရှိပါတယ်။ ကျွန်တော်တို့စာသင် သလိုပေါ့။ ကိုယ်ဘာသာလေ့လာ တာထက်စာရင် ဆရာတွေက သင်ပေးလိုက်ရင် သင်ခံရတဲ့ သူကပိုပြီး အတတ်မြန်တယ်။ ပိုပြီးလည်းမြင်တယ်။ ဆရာတွေနဲ့ ထိတွေ့ဆက်ဆံမှု နည်းလာပြီဆို ရင် လက်ရာပိုင်းနဲ့ အိုင်ဒီယာပိုင်း မှာ ချို့ယွင်းချက်တွေ ရှိလာပါ တယ်။

►ဆရာမျှော်မှန်းထားတဲ့ ကာတွန်း လောက ဆရာဖြစ်စေချင်တဲ့ ကာတွန်းလောက အခြေအနေက ဘယ်လိုမျိုး ဖြစ်မလဲရှင်။

မျှော်မှန်းထားတဲ့ ဖြစ်စေချင် တဲ့ ကာတွန်းလောက က နိုင်ငံ တကာနဲ့ ချိတ်ဆက်ပြီးတော့ ပညာ တွေဖလှယ်နိုင်တဲ့ အနေအထား   ဖြစ်ရမယ်။ ကာတွန်းဆရာတွေက နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးလုပ်ဖို့ အတွက် ဘာသာစကားတွေကို လည်း ကာတွန်းဆရာတွေတတ် ကျွမ်းထားရမယ်။ အဲဒီလိုပဲနိုင်ငံ တကာနဲ့ ချိတ်ဆက်နိုင်တဲ့ အခြေ အနေ ရောက်ဖို့အတွက် နိုင်ငံ တကာနဲ့ယှဉ်နိုင်တဲ့ ကာတွန်းလက် ရာတွေ၊ ကာတွန်းအတွေးအခေါ် တွေကို ကာတွန်းဆရာတွေ ပိုင် ဆိုင်တဲ့ အခြေအနေတွေဖြစ်စေချင် တယ်။ နောက်တစ်ခါ ကာတွန်း ဆရာအချင်းချင်း စိတ်တူကိုယ်တူ ဖြစ်စေချင်တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*