မြန်မာပြည် သိန်းတန်၏ ဖက်ရှင် ဒီဇိုင်းကို ဖန်တီးပေးနေသည့် Aroma မှ ကိုအောင်မြတ်သူ နှင့် တွေ့ဆုံခြင်း

မြန်မာပြည် သိန်းတန်၏ ဖက်ရှင် ဒီဇိုင်းကို ဖန်တီးပေးနေသည့် Aroma မှ ကိုအောင်မြတ်သူ နှင့် တွေ့ဆုံခြင်း
March 15, 2017 Asian Fame

3:52 pm
မြန်မာပြည် သိန်းတန်၏ ဖက်ရှင် ဒီဇိုင်းကို ဖန်တီးပေးနေသည့် Aroma မှ ကိုအောင်မြတ်သူ နှင့် တွေ့ဆုံခြင်း

aromaမြန်မာပြည်သူများ စိတ်ဝင်စား မှု အမြင့်ဆုံး အစီအစဉ် တစ်ခုဖြစ် သော Myanmar Idol မှ ဒိုင် တစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန် သည် ပရိသတ် နှုတ်ဖျားတွင် ရေပန်း အစားဆုံး ဒိုင်တစ်ဦး ဖြစ်သည်။ ပြိုင်ပွဲဝင်များ အပေါ် ၄င်း၏ပြတ် သားသည့် ဝေဖန် သုံးသပ်ချက်များ၊ တစ်ပတ်ထက် တစ်ပတ် ပုံစံ အမျိုးမျိုး ကွဲထွက်နေသည့် ဖက်ရှင် စတိုင်များ ကြောင့် ပရိသတ်များ အပတ် စဉ် စောင့်ကြည့်ခြင်း ခံရသူ တစ်ဦးလည်း ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာပြည် သိန်းတန်၏ ဖက်ရှင်ဒီဇိုင်းကို တာဝန် ယူ လုပ်ဆောင်ပေးနေ သည့်  Aroma မှ ကိုအောင်မြတ်သူနှင့် တွေ့ဆုံကာ ၄င်းတို့၏ တီထွင် ဖန်တီးမှုများကို မေးမြန်း ဖော်ပြလိုက်ပါသည်။

အစ်ကိုတို့ အနေနဲ့ မြန်မာပြည် သိန်းတန် ရဲ့ဝတ်စုံ၊ မိတ်ကပ်ကို ဘယ်အချိန်ကတည်း ကစပြီး တာဝန် ယူပြင်ဆင်ပေးပါသလဲ။

၂ဝ၁၃ ခုနှစ် ကတည်းက ကျွန် တော်စပြီးတော့ ဦးသိန်းတန် ကို မိတ်ကပ်၊ အဝတ်အစား ဒီဇိုင်းတွေကို တာဝန် ယူ ပြင်ဆင်ပေးဖြစ် ပါတယ်။ အဲဒီအထဲမှာ အနုပညာ အလုပ် များ အပြင် အထင်ကရ အနုပညာပွဲ ဖြစ်တဲ့ အကယ်ဒမီ ပွဲတက်ရော၊ အခု Myanmar Idol ပွဲစဉ်မှာရော ကျွန် တော်ဒီဇိုင်းချုပ်ပေးဖြစ်ပါတယ်။

Myanmar Idol အစီအစဉ်မှာ ဦးသိန်းတန် အတွက် တာဝန်ယူဖြစ် ခဲ့ပုံကိုလည်း သိပါရစေ။

Myanmar Idol မှာ သူတာဝန် ရှိတဲ့သူတွေနဲ့ စကားပြောပြီးတာ နဲ့ ကျွန်တော့်ကို ဖုန်းဆက်ပြီးပြော တယ်။ ဒီပွဲမှာ သူဒိုင်အဖြစ် တာဝန် ယူရမယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ပွဲစဉ်မှာ ဝတ်စုံအတွက် လိုအပ်တာ တွေကို သူ့အမျိုးသမီး နဲ့တိုင်ပင်တယ်။ ဦးသိန်းတန်လို ထူးချွန် ထက်မြက် တဲ့ ဂီတပညာရှင် တစ်ယောက်က ကျွန်တော် ဖန်တီးပေးတဲ့ အနုပညာ ဒီဇိုင်းတွေကို ယုံကြည်စွာ နဲ့ဝတ် ပေးတယ်။ ယုံကြည်စွာ နဲ့အပ်တဲ့ အတွက် ကျွန်တော် ဂုဏ်ယူတယ်။ ကျွန်တော်ယုံကြည်တာ နောက်တစ်ခု ကတော့ သူ့လိုဖက်ရှင် ကွဲထွက် တယ်၊ စန်းရှိတယ်၊ တရား အရမ်း အားထုတ်တဲ့သူ တစ်ယောက် ဒီပွဲ မှာပေါက်မှာ သေချာတယ်။ ဒီပွဲက အရင်ပွဲထက် ကြည့်အား ပိုပြီးမြင့် တက်လာမယ်လို့ ယုံကြည်တဲ့ အတိုင်း ပါပဲ။ အခု Myanmar Idol က နေရာ တော်တော်များများမှာ တွေ့ ရတယ်။ ပြိုင်ပွဲဝင်တွေရဲ့ ထူးချွန် ထက်မြက်မှု ကလည်း အားလုံး ပြောစရာ မရှိအောင်ဖြစ်တယ်။

ဦးသိန်းတန်ရဲ့ ဝတ်စုံ ဒီဇိုင်းတော် တော်များများက သူ့အမျိုးသမီး အိုင်ဒီယာ ပါတယ်နော်။

ဟုတ်ပါတယ်။ အဓိက ကတော့ ဦးသိန်းတန်ဇနီး ဒေါက်တာ နုနန္ဒာ သန်းကိုယ်တိုင် နိုင်ငံခြားကနေ ပိတ်စတွေ ဝယ်လာတယ်။ သူ့ အမျိုးသားနဲ့ လိုက်ဖက်မယ် ဆိုရင် သူက ဈေးဘယ်လောက် ဖြစ်ဖြစ် ဝယ်တယ်။ သူဝယ်လာတဲ့ အဲဒီ ပိတ်စတွေကို ကျွန်တော်ချုပ်ပေး ချင်တဲ့ဒီဇိုင်းကို အစ်မ နဲ့ဆွေးနွေး တိုင်ပင်ပြီးမှ ချုပ်ပါတယ်။ တချို့ ပွဲစဉ်တွေမှာတော့ သူ့အမျိုးသမီး ဝယ်လာတဲ့ ရယ်ဒီမိတ် ဝတ်တယ်။ အဲဒီအပြင် Myanmar Idol အစီအစဉ် မဟုတ်ဘဲနဲ့ ဦးသိန်းတန် အတွက် အပြင်ကရိုက်ကူးရေးတွေ အတွက်ဆို ကျွန်တော် တောက်လျှောက် မိတ်ကပ်၊ ဒီဇိုင်း လုပ်ပေးဖြစ်တယ်။ မိတ်ကပ် ကို နိုင်ငံခြားကနေ ဝယ်လာတဲ့ သူ့ ကိုယ်ပိုင်ပစ္စည်းတွေ နဲ့လည်း ပြင်ပေး ဖြစ်ပါတယ်။

Myanmar Idol မှာ ဦးသိန်းတန် ဒီဇိုင်းတွေက အရမ်း အမြင်ဆန်းပြီး အများနဲ့ ကွဲထွက်နေတာ တွေ့ရ တယ်။ အဲဒါနဲ့ပတ်သက် ပြီး ပြောပြ ပေးပါဦး။

ဦးသိန်းတန် ရဲ့ဝတ်စုံ ဒီဇိုင်းတွေ နဲ့ပတ်သက်ပြီး သူ့အမျိုးသမီး ရဲ့ ညွှန်ကြားမှုပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်က ကိုယ့်စိတ်ကူးတွေကို ပြောပြတယ်။ ဘယ်ဒီဇိုင်း က အန် ကယ်နဲ့ လိုက်ဖက်မလဲ၊ ဘယ်လို ပုံစံက အမြင်ဆန်းမလဲ အရင်ဆုံး ဒီဇိုင်းဆွဲပြီး အန်ကယ်နဲ့ သူ့အမျိုးသမီး ကိုပြတယ်။ ပြီးမှ ကျွန်တော်ကိုယ် တိုင် ချုပ်ပေးတာပါ။ အများနဲ့ ကွဲ ထွက်အောင် သူများ နဲ့မတူအောင် ဆင်ပေးချင်တယ်။ ကျွန်တော်စဉ်း စားသလိုပဲ သူ့အမျိုးသမီး ရော၊ သူ ကိုယ်တိုင်ရော ဖက်ရှင်နဲ့ပတ်သက် လာရင် အမြဲ ဆန်းသစ်တာကို သဘောကျ တာတွေ့တော့ ကျွန်တော် တို့ကြိုးစားရ ကျိုးနပ်တာပေါ့။

အရောင် ရွေးချယ်မှု၊ ဒီဇိုင်းဆန်း သစ်မှု နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိတာ တွေ့ရတယ်။ အဲဒါနဲ့ပတ် သက်ပြီးတော့ရော ဘာပြောချင်ပါ သလဲ။

အရောင်ရွေးချယ်မှု အပိုင်း  မှာရော၊ ဒီဇိုင်းပိုင်းမှာရော ဝေဖန်မှု တွေကတော့အမြဲပါပဲ။ ကြိုက်တဲ့လူ ရှိသလို၊ မကြိုက်တဲ့လူလည်း ရှိ တယ်။ ဒါကလူပဲ၊ အမြင်မတူကြဘူး လေ။ ဒါပေမယ့် ဦးသိန်းတန် ဝတ်ရင် ကြည့်လို့မျက်စိ အသားကျ ပေမယ့် အခြားလူ ဝတ်ရင်ကြည့်လို့ မျက်စိ အသားကျချင်မှ ကျမယ် လေ။ အရောင် ရွေးချယ်မှု အပိုင်း မှာဆို ဦးသိန်းတန်က အသားညို တယ်၊ ပြီးတော့ အသက်အရွယ် အရ လူကြီးဖြစ်သွားပြီ။ ဆွဲဆောင် မှုတစ်ခုအနေနဲ့ လူကြီးဆန်ဆန် အရောင်မျိုးကို လုံးဝ မဆင်ဘဲ လူငယ်ဆန်တဲ့ အရောင်မျိုး ကိုပဲ ပေးဝတ်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူကအရွယ်နဲ့မလိုက် အောင်နုပျိုတယ်၊ ဖျတ်လတ်တယ်၊ တကယ်ဆို ဒီအရွယ်ဆိုတာ သူ့လို ဖျတ်လတ်ဖို့ မလွယ်ဘူး။ အမြဲပေါ့ ပါးလန်းဆန်းနေတဲ့သူ့ကို လိုက်ဖက် ညီအောင် ရှေးရိုးစွဲတွေကို ဖယ်ပြီး တော့ သူ့တက်ကြွ မှုတွေနောက် လိုက်ပြီး ဒီဇိုင်းဆင်ပေးတယ်။ သူ့အမျိုးသမီး ကိုယ်တိုင်ကလည်း အရောင် ရွေးချယ်ပေးတယ်။ အဲဒီ ဝေဖန်မှုတွေက ဦးသိန်းတန်ရဲ့ အောင်မြင်မှုပါ။ သူ့ဖက်ရှင် သူ့စတိုင် နဲ့သူမို့ ကြည့်လို့ မရိုင်းပါဘူး။ ဒီဇိုင်း ဆိုရင်လည်း ဒီ Myanmar Idol ပွဲမှာ ပွဲပေါင်း သုံးဆယ်ကျော်မယ် သိရ တယ်။ ပြီးတဲ့အထိ လိုအပ်ရင် လိုအပ် သလို ကျွန်တော်တို့ လုပ်ပေးတယ်။

ဒီနှစ် အကယ်ဒမီ ပွဲတက်အတွက်ရော ဦးသိန်းတန်ကို ဘယ်လိုပုံစံနဲ့ တီထွင် ဆန်းသစ် ပေးမှာလဲရှင့်။

ဒီနှစ် အကယ်ဒမီပွဲ အတွက် ကိုတော့ ရွှေနဂါး ဝတ်စုံနဲ့ ဆန်းသစ် ပေးထားပါတယ်။ ရွှေအစစ်နဲ့ လုပ် မှာပါ။ တန်ဖိုးက ကျပ်သိန်း ၂ဝဝ ကျော်ပါတယ်။ အကုန်လုံး ပြီးပါပြီ။ အရောင်ကတော့ သူ့အမျိုးသမီး ရွေးပေးတာပါ။ မော်ဒယ် စိမ်းရောင် လေးလုပ်ထားတယ်။ တိုက်ပုံ အင်္ကျီ မှာတော့ ရွှေနဂါး လုပ်ပေးထားတယ်။ နဂါးရဲ့အရှည် ကတော့ ၁၅ လက်မ လောက် ရှိတယ်။ အဲဒီ အတိုင်းကို ဝိန့်စိန် စိန်ရွှေရတနာဆိုင် က လုပ် ပေးထားပါတယ်။

ဒီနှစ် အတွင်း ထွက်ရှိမယ့် ဦးသိန်း တန် တစ်ကိုယ်တော်ခွေ တစ်ခွေကို Aroma က တာဝန်ယူ ထုတ်ပေး မယ်လို့ သိရပါတယ်၊ အဲဒါလေး လည်း ပြောပြပေးပါဦး။

Aroma တစ်ခုတည်း မဟုတ် ဘူး။ ရတနာမြိုင် တေးသံသွင်းက ထုတ်လုပ်ပေးမယ်။ စူပါဝမ်းက စပွန်ဆာ ပေးမယ်။ Aroma က တော့ ရိုက်ကူးမှု အပိုင်းတွေကို တာဝန်ယူ ကူညီပေးမှာပါ။ ပြီး တော့ အခု ဦးသိန်းတန် တစ်ကိုယ် တော်ခွေက အချစ်သီချင်း မဟုတ် ပါဘူး။ ဘုရား သီချင်းခွေပါ။ သူ့ ရည်ရွယ်ချက် က ရိုးရိုးသာမန် ဘုရားတရား အကြောင်းကို မသိတဲ့ သူ၊ မလုပ်နိုင်တဲ့သူတွေ အတွက် အပြင် ဘုရားတရားကို ကျင့်ကြံ အားထုတ်ပြီး အဆင့် တစ်ခုရောက် နေတဲ့လူတွေ အထိပါ ရည်ရွယ်ပြီး လှုံ့ဆော်တာပါ။ ငွေကြေး နဲ့ဖြန့်မှာ မဟုတ်ဘူး အခမဲ့ ပေးဝေမှာပါ။

ထူးထူး မေးမြန်းတင်ဆက်သည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*