မော်ဒန်ကဗျာတွေကို ကျောင်းသုံးစာအုပ်တွေထဲမှာ ထည့်သွင်းပြဋ္ဌာန်းပြီး နေရာယူလာမှ ခေတ်နဲ့အညီအတွေးအခေါ်တွေ အယူအဆတွေ ယဉ်ကျေးမှုတွေပါ တိုးတက်လာမယ်လို့ ထင်ပါတယ်

မော်ဒန်ကဗျာတွေကို ကျောင်းသုံးစာအုပ်တွေထဲမှာ ထည့်သွင်းပြဋ္ဌာန်းပြီး နေရာယူလာမှ ခေတ်နဲ့အညီအတွေးအခေါ်တွေ အယူအဆတွေ ယဉ်ကျေးမှုတွေပါ တိုးတက်လာမယ်လို့ ထင်ပါတယ်
May 18, 2017 Asian Fame

11:46 am
မော်ဒန်ကဗျာတွေကို ကျောင်းသုံးစာအုပ်တွေထဲမှာ ထည့်သွင်းပြဋ္ဌာန်းပြီး နေရာယူလာမှ ခေတ်နဲ့အညီအတွေးအခေါ်တွေ အယူအဆတွေ ယဉ်ကျေးမှုတွေပါ တိုးတက်လာမယ်လို့ ထင်ပါတယ်

thitsarni

ကဗျာဆရာ သစ္စာနီ နှင့်တွေ့ဆုံခြင်း

‘လူသိရှင်ကြားဖုံးကွယ်ခြင်း’ အမည်ဖြင့် တစ်ကိုယ်တော်ကဗျာနေ့အဖြစ် လက်မှတ်ဝယ်ယူနား ထောင်ရသည့် ကဗျာပွဲတစ်ပွဲကို မေလ ၂ဝ ရက်တွင် Yangon Book Plaza တွင် ကျင်းပသွားနိုင် ရန် စီစဉ်နေကြသည်။ ထိုပွဲ၏ တစ်ကိုယ်တော် ကဗျာဆရာမှာ ဆရာသစ္စာနီဖြစ်သည်။ ဆရာသည် ကဗျာကို ၁၉၆၅ ခုနှစ်တွင် စတင် ရေးခဲ့သူဖြစ်သောကြောင့် ဆရာ၏ကဗျာဆိုင်ရာသုံးသပ်ချက်တချို့နှင့် တစ်ကိုယ်တော်ပွဲစီစဉ်ဖြစ်ပုံတို့ကို တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက်ပါသည်။

ဆရာ့အနေနဲ့ ဒီပွဲကို ဝင်ကြေး တစ်ခုသတ်မှတ်ပြီး စီစဉ်ဖြစ်ပုံကို သိချင်ပါတယ်ဆရာ။

စီစဉ်တဲ့သူကတော့ Yangon Book Plaza ကပါပဲ။ သူတို့က ဒီလိုပဲပွဲလေးတွေ စီစဉ်နေကြတာပါ။ ဒီလမှာကတော့ ဆရာ့ပွဲပါ။ ဝင်ကြေးသတ်မှတ်ပြီးပြတဲ့ ပွဲတွေ ကတော့ မနှစ်ကပြင်သစ်သံရုံးမှာ တစ်ပွဲလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်း က ပြင်သစ်သံရုံးယဉ်ကျေးမှုပွဲပါ။ အဲ့ဒီတုန်းကတော့ ဇေယျာလင်း တို့လည်းပါတယ်။ အများကြီးပါပဲ။ စုပြီးလုပ်ကြတာပါ။ အဲ့ဒီတုန်းက တော့ ဝင်ကြေး ၃၅ဝဝ ပါ။ စာအုပ် လေးပေးတယ်။ တီရှပ်တစ်ထည် ပေးတယ်။ မနှစ်က လုပ်ခဲ့တာပါ။ တစ်ကိုယ်တော်ပွဲကတော့ ဒါ ပထမ ဆုံးပါပဲ။ ဝင်ကြေးပေးပြီး ကြည့်ရတဲ့ပွဲပါ။ နိုင်ငံတကာမှာတော့ ဒီလိုပဲ ပိုက်ဆံပေးပြီး ပြကြတာပါပဲ။

နောက်ဆိုရင် ဒီလိုမျိုးဝင်ကြေးပေးပြီး နားထောင်ရတဲ့ကဗျာပွဲတွေ ပိုပြီးများလာမလားဆိုတာကိုလည်း သုံးသပ်ပေးပါဦးဆရာ။

အဲ့ဒါကတော့ ရွတ်တဲ့သူအပေါ် မူတည်ပါတယ်။ ရွတ်တဲ့သူက ဘယ်သူဖြစ်မလဲ၊ ဘယ်သူရွတ်မလဲ။ စီစဉ်တဲ့သူက ဘယ်သူဖြစ် မလဲပေါ့။ အဲ့ဒီအပေါ်မှာ မူတည် တာပေါ့နော်။ လူစိတ်စားမယ့်သူ ဖြစ်ဖို့တော့လိုတာပေါ့။ ဘာဖြစ်လို့ လဲဆိုတော့ လက်မှတ်ရောင်းရတာ ဆိုတော့လေ။ နိုမို့ဆိုရောင်းတာ ချည်းပဲသက်သက် လူမလာရင် လည်း အလကားဖြစ်မှာပေါ့။ ဝင် ကြေးမရှိတဲ့ပွဲတွေကတော့ အများကြီးလာပါတယ်။ အဲ့ဒါတွေကတော့ နားထောင်တဲ့ သူရော ရွတ်တဲ့သူ တွေအတွက်ရော အဆင်ပြေပါတယ်။ ပိုက်ဆံနဲ့ဆိုတာကတော့နည်းနည်း သီးသန့်ကြီးဆန်တော့ အခက်အခဲ လေးတွေတော့ရှိတာပေါ့။ အဆင် ပြေအောင် လုပ်ယူရမှာပေါ့လေ။ အစဉ်အလာလေးဖြစ်သွားအောင် ပါ။ တစ်လတစ်ခါတော့ လုပ်နိုင်အောင်ဆိုပြီး Yangon Book Plaza ကမြေမှုန်လွင်တို့ ကြိုးစားနေပါတယ်။

ဒီပွဲအတွက် အစီအစဉ်တွေကရော ဘယ်လိုတွေပါမလဲဆရာ။

ဒီပွဲမှာ ဆရာကတော့ ကဗျာ ပေါင်းချုပ်ထဲက ကဗျာတွေရွတ်မှာပေါ့နော်။ ၂ နာရီက ၄ နာရီဆိုတော့ ဆရာကကဗျာ စာအုပ်တွေ လေးငါးခြောက်အုပ် ထုတ်ခဲ့တော့ ကဗျာသမိုင်းကြောင်းလေး သိ အောင်ထည့်ပြောသွားမယ်။ ကဗျာ နဲ့ပတ်သက်တဲ့ ရှင်းပြချက်လေးတွေနဲ့ပေါ့လေ။ အဲ့ဒီလို ရွတ်မှာပါ။ ကဗျာရှည်က နှစ်ပုဒ်ပါတယ်။ ဒီမှာလူသိရှင်ကြား ဖုံးကွယ်ခြင်း ဆိုတာလည်း ပါပါမယ်။ နောက်ပြီး တော့လက်မှတ်က ၅ဝဝဝ မှာ ဘာအစီအစဉ်တွေပါဦးမလဲဆိုရင် ကော်ဖီတစ်ခွက်ပါမယ်။ ဆရာ့ရဲ့ ‘လူသိရှင်ကြားဖုံးကွယ်ခြင်း’ ကို လုပ်ထားတဲ့ ပန်းဖလက်လုပ်ထားတာကို လက်ဆောင်ပေးမယ်။ နောက်ပြီးတော့ ဆရာရေးထားတဲ့ ပန်းချီကား ၃ ကားကိုလည်း မဲ ဖောက်ပေးမယ်။ ဒီကဗျာနဲ့ ပတ် သက်တဲ့ ဏနမ်သမာညေခန လည်းပါပါမယ်။ ကဗျာကတော့ ဆရာရဲ့ အတ္ထုပ္ပတ္တိတစ်ပိုင်းပါပဲ။ ကိုယ့် အကြောင်း ကိုယ်ရေးထားတာပါ ပဲ။ တချို့အချက်လေးတွေမှာတော့ သိုသိုဝှက်ဝှက်လေးပေါ့နော်။

ဆရာ့ရဲ့ အတွေ့အကြုံအရ လက်ရှိ ကဗျာလောကရဲ့အခြေအနေကိုလည်း သုံးသပ်ပေးပါဦးဆရာ။

အခုက ကောင်းပါတယ်။ လူ ငယ်တွေတောင်မှ ခေတ်ပြိုင်ကဗျာတွေကိုလည်း အများကြီးရေးနေ တယ်။ ခေတ်ပေါ်ကဗျာက အနှစ် လေးဆယ်ကျော်လောက်ရှိသွားပြီ ဆိုတော့နည်းနည်းတောင် ဟောင်းသွားပြီ။ နောက်ဆို ခေတ်ပြိုင် ကဗျာတွေက ပိုအားကောင်းလာ တယ်။ လူငယ်တွေလည်းတော်ကြ ပါတယ်။ ကဗျာစာအုပ်တွေလည်း အများကြီးထွက်ကြတယ်။ ၂ဝ၁၆ ထဲမှာဆို ကဗျာစာအုပ်ပေါင်း ၂၆ဝ လောက်ထွက်တယ်။ တစ်ခါမှ အဲ့ဒီ လောက် မထွက်ဖူးဘူး။ ဒီနှစ်လည်း တော်တော်များများ ထွက်နေပါပြီ။ ကဗျာပွဲလေးတွေလည်း လုပ်ကြတယ်။ ကဗျာစာအုပ်တွေလည်း ထွက်ကြတယ်။ ကဗျာကို လူတွေ စိတ်ဝင်စားလာကြတယ်ဆိုတော့ လက်ရှိကဗျာက အခြေအနေတော့ ကောင်းပါတယ်။

အမျိုးသားစာပေဆု၊ ကဗျာဆု ရွေး ချယ်တဲ့နေရာမှာ ခေတ်ပြိုင်ကဗျာ ကိုလည်း ထည့်သွင်းစဉ်းစားလာ ပြီဆိုတော့ ဒီလိုထည့်သွင်းစဉ်းစားလာတဲ့အပေါ် ဆရာ့ရဲ့အမြင်ကိုလည်း သိချင်ပါတယ်ရှင်။

အမှန်ကတော့ ခေတ်ပေါ် ကဗျာတွေကို မြန်မာနိုင်ငံ ကဗျာ ဆရာသမဂ္ဂကပေးနေတာ ၃ နှစ် တောင်ရှိပါပြီ။ အစိုးရက ပေးပေး၊ မပေးပေး ကဗျာဆရာတွေက ကိုယ့် ဘာသာကိုယ်ပေးတယ်။ အရင် တုန်းက အနှစ်လေးငါးခြောက် ဆယ်လုံးလုံး အစဉ်အလာပေးနေ တော့ မော်ဒန်ကဗျာတွေကိုထည့်မစဉ်းစားဘူး။ တကယ်တော့မြန်မာ တစ်နိုင်ငံလုံးမှာ အဓိကအင်အား ကြီးနေတာ ရှိသမျှမဂ္ဂဇင်းတွေမှာ ပါနေတာ ခေတ်ပေါ်ကဗျာတွေ ချည်းပဲလေ။ အဲ့ဒါကို သူတို့ပစ်ပယ် ထားတာကြာပြီပေါ့နော်။ မနှစ် ကလည်း စဉ်းတော့စဉ်းစားတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင် မဖြစ်ခဲ့ဘူး။ ဒီနှစ်ကတော့ ထဲထဲဝင်ဝင်ဖြစ်သွား ပြီပေါ့။ မြန်မာက ကဗျာဆရာတော် တော်များများကတော့ ဆုကို မျှော် ကိုးပြီးတော့ရေးနေကြတာ မဟုတ် ပါဘူး။ ကိုယ်တာဝန်နဲ့ကိုယ် ကိုယ့် အယူအဆနဲ့ကိုယ် ရေးနေကြတာ ပါ။ ဆုပေးတဲ့မပေးတဲ့အပေါ်မှာ တော့ သိပ်ပြီးအာသီသပြင်းပြင်းပျပျ မရှိကြပါဘူး။ ဒါပေမယ့် နိုင်ငံတော်ကလည်းပေးတယ်။ အသိအ မှတ်ပြုတယ်ဆိုတော့ ကန့်ကွက် စရာ မရှိပါဘူး။

အမျိုးသား စာပေဆုကဗျာနေရာမှာ ခေတ်ပြိုင်ကဗျာကို အခုမှထည့်သွင်း စဉ်းစားတဲ့နေရာမှာ နောက်ကျနေပြီ လို့များ ပြောလို့ရမလားဆရာ။

နောက်ကို တော်တော်ကျနေ ပါပြီ။ အမှန်က အနှစ်လေးဆယ် လောက်တောင် ရှိနေပြီ။ ဒီမှာတင် မဟုတ်ဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေဖြစ်တဲ့ အလယ်တန်းကဗျာ လက်ရွေးစင်၊ အထက်တန်းကဗျာ လက်ရွေးစင်တွေထဲမှာလည်း ဂန္တဝင်ကဗျာတွေ အစဉ်အလာ ကဗျာတွေပဲ နေရာယူနေတယ်။ ခေတ်ကပြောင်းသွားရင် ယဉ် ကျေးမှုအသိÓဏ်တွေကလည်း ပြောင်းသွားပြီဖြစ်တဲ့အတွက် ဒီ ကဗျာတွေကိုပဲ သင်နေတယ်ဆိုတာ ပညာရေးမှာလည်း အယူအဆပိုင်း အတွေးအခ်ါပိုင်းမှာ ဟောင်းနေ တယ်ပေါ့လေ။ နောက်ဆို မော်ဒန် ကဗျာတွေကို ဆုပေးရုံတင် မဟုတ် ဘူး။ မော်ဒန်ကဗျာတွေကို ကျောင်း သုံးစာအုပ်တွေထဲမှာ ထည့်သွင်း ပြဋ္ဌာန်းပြီး နေရာယူလာမှ ခေတ် နဲ့အညီ အတွေးအခေါ်တွေ အယူ အဆတွေ ယဉ်ကျေးမှုတွေပါ တိုး တက်လာမယ်လို့ ထင်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*