ခါးပတ်မပတ်ဘဲ မော်တော်ယာဉ် မောင်းနှင်ပါက အရေးယူမည့် အစီအစဉ် လာမည့်နှစ် မှ စတင်မည်

ခါးပတ်မပတ်ဘဲ မော်တော်ယာဉ် မောင်းနှင်ပါက အရေးယူမည့် အစီအစဉ် လာမည့်နှစ် မှ စတင်မည်
November 2, 2016 Asian Fame

7:38 am
ခါးပတ်မပတ်ဘဲ မော်တော်ယာဉ် မောင်းနှင်ပါက အရေးယူမည့် အစီအစဉ် လာမည့်နှစ် မှ စတင်မည်
In Cover News, Local

ခါးပတ်မပတ်ဘဲ မော်တော်ယာဉ် မောင်းနှင် ပါက အရေးယူမည့် အစီအစဉ် လာမည့်နှစ်မှ စတင်မည်

img_2148

(ရန်ကုန်၊ နိုဝင်ဘာ ၁)

ထိုင်ခုံခါးပတ် မပတ်ဘဲ  မော်တော်ယာဉ် မောင်းနှင်ပါက  ဒဏ်ငွေရိုက်   အရေးယူ အ ပြစ်ပေး သွားမည့် အစီအစဉ်ကို လာမည့် ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်း တွင် မှ စတင် သွား မည်ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက ပြော သည်။

ထိုသို့ မဆောင်ရွက်မီ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ရက် ၆ဝ ကျော်ကာလကို ပညာပေး နှိုးဆော် ကာလ တစ်ခု အဖြစ် သတ်မှတ် သွားမည်ဟု ၄င်းက ဆိုသည်။

”ပညာပေး ကာလမှာ အရေးယူ သွား မှာ မဟုတ်ပါဘူး” ဟု ရဲမှူးကြီး ကျော်ထွေး က ပြော သည်။

ယခု စီမံချက်သည် အမျိုးသား ယာဉ် အန္တရာယ်၊ လမ်း အန္တရာယ် ကင်း ရှင်းရေး ကောင် စီ ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တ ရာယ် ကင်း ရှင်းရေး လုပ်ငန်း စီမံချက် (၂ဝ၁၄-၂ဝ၂ဝ ) လုပ်ငန်းစဉ်ပါ ဦးစားပေး ဆောင်ရွက်ချက် တစ်ခု အနေဖြင့် ဆောင် ရွက်သည့် စီမံချက် တစ်ခုဖြစ်သည် ဟု ၄င်း က ဆိုသည်။

”ထိုင်ခုံ ခါးပတ် အသုံးမပြုတဲ့ အတွက် သေဆုံးမှုတွေ များခဲ့ကြတယ်” ဟု ရဲမှူးကြီးက ဆက်ပြောသည်။

၂ဝ၁၅ ခုနှစ် တစ်နှစ်လုံး၌ မော်တော် ဆိုင်ကယ် မတော်တဆ မပါသည့် ယာဉ် မတော် တဆမှု သီးသန့်တွင် သေဆုံးခဲ့သူ အရေ အတွက် မှာ ၂၁၅၉ ဦးရှိခဲ့ပြီး၊ ထို အရေ အတွက် အထိ ဖြစ်ရခြင်းမှာ ထိုင်ခုံ ခါးပတ် မပတ်ခြင်းကြောင့်ဟု သူကဆို သည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ ပညာပေး ကာလနှင့် နောက်ပိုင်း အချိန်တို့တွင် ယာဉ် မောင်း အပါ အဝင် စီးနင်းသူများ အားလုံး ခါးပတ် ပတ်ရ မည်ဖြစ်သည်။

ပညာပေး ကာလ လွန်လျှင် ကျပ်ငွေ ၃ဝဝဝဝ ကျပ်အထိ ဒဏ်တပ်ခံ ရနိုင်သည် ဟု မော်တော်ယာဉ် ဥပဒေတွင် ဖော်ပြ ထားသည်။ ကညန ကလည်း ထိုင်ခုံခါးပတ် မပါသည့် ယာဉ်များကို မှတ်ပုံတင် မလုပ် ပေးဟု ကြေညာထားသည်။

ရန်ကုန်တွင် စည်းကမ်းမဲ့ ယာဉ်များ ကိစ္စ၊ ယာဉ်ကြော ပိတ်ဆို့နေမှု အစရှိသည့် အလျင် အမြန် ဖြေရှင်းရမည့် ပြဿနာ အများအပြား ရှိနေသေးကြောင်း မြို့ခံလူ များက သုံးသပ်ကြသည်။

PNEWS

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*