နိုင်ငံပိုင်စက်ရုံအချို့ အရှုံးပေါ်နေရသည့်အကြောင်းရင်း လွှတ်တော်ကိုယ်စားလှယ်များ ရှာတွေ့

နိုင်ငံပိုင်စက်ရုံအချို့ အရှုံးပေါ်နေရသည့်အကြောင်းရင်း လွှတ်တော်ကိုယ်စားလှယ်များ ရှာတွေ့
January 11, 2018 AsianFame MediaGroup

3:17 pm
နိုင်ငံပိုင်စက်ရုံအချို့ အရှုံးပေါ်နေရသည့်အကြောင်းရင်း လွှတ်တော်ကိုယ်စားလှယ်များ ရှာတွေ့
26804430_1681677691894506_3908394882606070235_n

ယာယီရပ်ဆိုင်းထားသောအရှုံးပေါ်နေသည့် နိင်ငံပိုင်စက်ရုံအချို့ကို လွှတ်တော်ကိုယ်စားလှယ်အချို့ ကွင်းဆင်းစိစစ်လေ့လာသုံးသပ်နေကြစဉ်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၀

၅နှစ်ဆက်တိုက်အရှုံးပေါ်နေတဲ့ စက်ရုံ၂၄ရုံ ထဲက အချို့သောစက်ရုံတွေဟာ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေအပါအ၀င် အကျင့်ပျက်ခြစားတာတွေရှိနေတဲ့အတွက် ရှုံးရတာဖြစ်တယ်လို့ စစ်ဆေးရေးအဖွဲ့ထဲပါတဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Popular News ကို ပြောပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ သွားရောက်စစ်ဆေးပြီး သူက အခုလိုပြောဆိုလိုက်တာပါ။

အဖွဲ့ဝင် ၂၃ဦးပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဖွဲ့ခွဲ၃ခုပြီး ယာယီရပ်ဆိုင်းထားသောအရှုံးပေါ်နေတဲ့ နိင်ငံပိုင်စက်ရုံတွေကို ကွင်းဆင်းစိစစ်လေ့လာသုံးသပ်ခဲ့ကြရာမှာ ခုလိုအဖြစ်အပျက်မျိုးတွေ တွေ့ခဲ့ရတယ်လို့ သူက ရှင်းပြပါတယ်။

ဦးအောင်ကျော်ကျော်ဦးက”စီမံခန့်ခွဲမှုကောင်းပြီး အကျင့်ပျက်ခြစားမှုတွေမရှိရင်တော့ နှစ်စဉ်မြတ်နိုင်ပါတယ်”လို့ ပြောပါတယ်။

ဘယ်စက်ရုံတွေ ဆိုတာလဲဆိုတာကိုတော့ သူက မပြောပြပါဘူး။ထုတ်ဖော်ပြောတာတွေကို အခုချိန်မှာ မပြောသင့်သေးလို့ မပြောတာလို့ သူက ဆက်ပြောပါတယ်။

အစီရင်ခံစာရေးပြီး စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီးထံ တင်ပြလိုက်ပြီလို့တော့ သူက ပြောပြပါတယ်။

အရှုံးပေါ်လို့ ရပ်ဆိုင်းလိုက်တဲ့ နိုင်ငံပိုင်စက်ရုံတွေကတော့ မြင်းခြံမြို့ကအမှတ် ၁ သံမဏိစက်ရုံနဲ့အထည်စက်ရုံခွဲ ၊ ပခုက္ကူမြို့ကအမှတ် ၅ အထည်စက်ရုံ၊မြစ်သားမြို့က အမှတ် ၇ အထည်စက်ရုံခွဲ ၊ ကျောက်ဆည်
မြို့က ပလပ်စတစ်စက်ရုံ ၊ ပျော်ဘွယ်မြို့က အမှတ် ၈အထည် စက်ရုံခွဲ ၊ ပင်းပက်မြို့ကအမှတ် ၂သံမဏိစက်ရုံ ၊ သာဂရမြို့က အမှတ် ၁၄အကြီးစားစက်ရုံ ၊ အမှတ်၁၅ အကြီးစားစက်ရုံ ၊ အမှတ် ၂၆အကြီးစားစက်ရုံ ၊ ရွှေတောင်မြို့က အမှတ်၁ အကြီးစားစက်ရုံ ၊ ဆင်တဲမြို့က အမှတ် ၁၆ အကြီးစားစက်ရုံ ၊ ကျော်စွာမြို့က အမှတ် ၃ ဓာတ်မြေသြဇာ စက်ရုံ ၊မလွန်မြို့က အမှတ် ၁၇ အကြီးစားစက်ရုံ ၊ ကြံခင်းမြို့က
အမှတ် ၃၂ အကြီးစားစက်ရုံ ၊ ဘိလပ်မြေစက်ရုံညောင်ခြေထောက်မြို့က အမှတ် ၂၃ အကြီးစားစက်ရုံ ၊ သင်္ဃန်းကျွန်း မြို့နယ်က ရာဘာပစ္စည်း စက်ရုံခွဲ ၊ ပုသိမ်မြို့က မှန်ထုတ်လုပ်ရေးစက်ရုံ ၊ တောင်သာမြို့နယ်က အထည်စက်ရုံ ၊ သာပေါင်းမြို့နယ်က သတင်းစာစက်ရုံနဲ့ အဆင့်မြင့်စက္ကူစက်ရုံ နဲ့ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံတို့ဖြစ်ကြပါတယ်။

လက်ရှိမှာ နိုင်ငံပိုင် စက်ရုံ၂၄ရုံဟာ တစ်နှစ်ကို မြန်မာကျပ်ငွေ ဘီလီယံ၄၀၀နဲ့ ၅၀၀ကြား နှစ်စဉ် အရှုံးပေါ်လျှက် ရှိနေတယ်လို့သိရပါတယ်။

စိုင်းလမင်း

Comments (2)

  1. သိန်းဇော် 6 years ago

    စာတွေကို တစ်ခြား သတင်းဌာနတွေလို ယူနီကုဒ်နဲ့ပါ ဖတ်လို့ရအောင် လုပ်ပေးပါခင်ဗျ။

    • Popular News 6 years ago

      ဟုတ်ကဲ့ Website ရဲ့ ညာဖက်အပေါ်ထိပ်ဆုံးမှာ Zaw Gyi သို့ Unicode ဖောင့်ရွေးတဲ့ Box ရှိပါတယ် ထို Box မှာလိုအပ်တဲ့ဖောင့်ကို စိတ်တိုင်းကျရွေးချယ် ဖတ်ရှုလို့ရပါတယ်ခင်ဗျ။ ခုလို ဝေဖန်အကြံပြုပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

      ဟုတ္ကဲ့ Website ရဲႚ ညာဖက္အေပၞထိပ္ဆံုးမႀာ Zaw Gyi သိုႛ Unicode ဖောင့်ရြေးတဲ့ Box ရြိပၝတယ် ထို Box မြာလိုအပ်တဲ့ဖောင့်ကို စိတ်တိုင်းကဵရြေးခဵယ် ဖတ္ရႁလိုႛရပၝတယ္ခင္ဗဵ။ ခုလို ဝေဖန်အုကူံပပြေးတဲ့အတကြ် ေကဵးဇူးအထူးတင္ပၝတယ္ခင္ဗဵာ။

Leave a reply

Your email address will not be published. Required fields are marked *

*