ညဈေးတန်းများကို မြို့ တွင်းမြို့ နယ်များအပြင် အခြားမြို့ နယ်များမှာလဲ နေရာအဆင်ပြေရင် ဆောင်ရွက်ပေးမည်ဟုဆို

ညဈေးတန်းများကို မြို့ တွင်းမြို့ နယ်များအပြင် အခြားမြို့ နယ်များမှာလဲ နေရာအဆင်ပြေရင် ဆောင်ရွက်ပေးမည်ဟုဆို
August 31, 2017 Fame Asian

6:03 pm
ညဈေးတန်းများကို မြို့ တွင်းမြို့ နယ်များအပြင် အခြားမြို့ နယ်များမှာလဲ နေရာအဆင်ပြေရင် ဆောင်ရွက်ပေးမည်ဟုဆို

ရန်ကုန်ု ၊ သြဂုတ် ၃၁

ညဈေးတန်းများကို မြို့ တွင်းမြို့ နယ်များအပြင် အခြားမြို့ နယ်များမှာလဲ နေရာအဆင်ပြေရင် ဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကပြောပါတယ်။

မရမ်းကုန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ”ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိမြို့နယ်အချို့တွင်လမ်းဘေးဈေးသည်များ အားစနစ်တကျေ        ဆာင်ရွက်ခဲ့သည့်နည်းတူမရမ်းကုန်းမြို့နယ် အပါအ၀င်ကျန်မြို့နယ်များတွင်လည်းမြို့တော်အင်္ဂါ ရပ်နဲ့ညီညွတ်စေရန်စနစ်တကျ နေရာနှင့်အချိန်တို့ကိုသတ်မှတ်ပြီး ညဈေးတန်း၊အချိန်ပိုင်းဈေးတန်းများ စီစဉ်ဆောက်ရွက်ပေးရန် အစီစဉ်ရှိမရှိ မေးခွန်းကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မေးခဲ့ပါတယ်။အဲဒီမေးခွန်းနဲ့ ပတ်သတ်ပြီး အခြားမြို့ နယ်များမှာလည်း ညဈေးတန်းလုပ်ဖို့ ရှိကြောင်းနဲ့ မြို့ နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များက ညဈေးတန်းဖော်ဆောင်လို့ ရတဲ့နေရာများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီကို တင်ပြပေးကြဖို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မြို့ တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

”၅၂ လမ်းဆိုလည်း ကျွန်တော်တို့ နေရာရှာတာမဟုတ်ပါဘူး ။ တကယ်တော့ လွှတ်တော်ကိုယ်စားလှယ်က သူကိုယ်တိုင်နေရာရှာပြီးကျွန်တော်တို့ က ပံ့ပိုးပေးရတာပါ။မြို့ နယ်တွေအလိုက်မှာ ရှိတဲ့နေရာတွေ၊ သုံးစွဲနိုင်မယ့်နေရာတွေရှိမယ်ဆိုရင် ကျွန်တော်တို့ ကိုသတင်းပေးပါ ကျွန်တော်တို့ လုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာကြည့်ပြီးတော့ ဘတ်ဂျတ်ထဲမှာဆွဲပြီးတော့ အကောင်အထည်ဖော်လို့ ရပါတယ်။

လက်ရှိမှာ ညနေ ၃ နာရီမှ ည ၁၁ နာရီအထိ ရောင်းချလို့ ရတဲ့ ညဈေးတန်းအဖြစ် ကျောက်တံတားမြို့နယ်၊လသာမြို့နယ်၊         ဗိုလ်တစ်ထောင်မြို့နယ်၊ပန်းဘဲတန်းမြို့နယ်တို့မှ ဈေးသည်များအတွက်ဆူးလေမှကမ်းနားလမ်းအထိ ဖွင့်လှစ်ပေးထားပြီး ၊ပုစွန်တောင်မြို့နယ် မှ လမ်းဘေးဈေးသည်များကို ၅၂လမ်းမှာရောင်းချ ခွင့်ပြုထားပြီးဖြစ်ကြောင်းပြောပါတယ်။ရွှေဘုံသာလမ်းပေါ်မှ ပစ္စည်းအဟောင်းရောင်းချတဲ့ လမ်းဘေးဈေးသည်များကိုလည်း ညဈေးတန်းမှာ စနစ်တကျေ နရာချထားပေးရန် စီစဉ်လျက်ရှိနေတယ်လို့ ဦးမောင်မောင်စိုးကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*