ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ရောင်းချပေးသည့် သစ်ခွဲသားနှင့် သစ်အချောထည် လာမည့်နှစ် ပြည်ပပို့ခွင့်မပြုတော့

ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ရောင်းချပေးသည့် သစ်ခွဲသားနှင့် သစ်အချောထည် လာမည့်နှစ် ပြည်ပပို့ခွင့်မပြုတော့
November 2, 2016 Asian Fame

7:56 am
ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ရောင်းချပေးသည့် သစ်ခွဲသားနှင့် သစ်အချောထည် လာမည့်နှစ် ပြည်ပပို့ခွင့်မပြုတော့
In Bussiness

ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ရောင်းချပေးသည့် သစ်ခွဲသားနှင့် သစ်အချောထည် လာမည့်နှစ် ပြည်ပပို့ခွင့်မပြုတော့

PNews
ရန်ကုန်၊ နိုဝင်ဘာ၁

ပြည်တွင်း သုံးစွဲမှုဖူလုံစေရေး အတွက် သစ်ခွဲသားနှင့်သစ်အချော ထည်အချို့ကို လာမည့် ၂ဝ၁၇ ခု နှစ် မေလကစတင်ပြီး   ပြည်ပ ပို့ခွင့် မပြုတော့ဟု သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန သစ်တောဆိုင်ရာ ပြောခွင့်ရ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက Popular News  ကို ပြောသည်။

ပြည်ပပို့ခွင့်မရှိတော့သည့် သစ်ခွဲသားနှင့် သစ်အချောထည် များသည် ပြည်တွင်းရောင်းဝယ် ရေးနှင့် သစ်စက်ဌာနက ရောင်း ချ ပေးနေသည့် သစ်လုံးသစ်ခွဲသား များမှ ထွက်ရှိလာသည့် သစ်ခွဲသား နှင့် သစ်အချောထည်များကို ဆိုလို ခြင်းဖြစ်ပြီး၊ ပြည်ပရောင်း ဝယ်ရေး ဌာနက ရောင်းချပေးနေသည့်သစ်  လုံး၊ သစ်ခွဲသားများက ထွက်ရှိလာ သည့်သစ်အချောထည် ပစ္စည်းများ ကို ဆိုလိုခြင်း မဟုတ်ဟု ၄င်းက ရှင်းပြသည်။

”ပြည်တွင်း သုံးဖို့ကို နဂိုက တည်းက ပြည်ပကိုပို့ခွင့်တော့ မရှိဘူး။ ဒါပေမယ့် ပိုတဲ့ခွဲတမ်းကိုတော့ ပို့ခွင့်ပေးထားတယ်။ ကြာ လာတော့ ပြည်ပကိုပဲ ဦးတည်ပြီးပို့ကုန်ကြ တာ။ ပြည်တွင်းမှာ မလုံလောက် တော့ဘူး။ ဒါ့ကြောင့် တားမြစ်လိုက် တာ”ဟု ညွှန်ကြားရေး မှူး ဦးမျိုး မင်းက ပြောသည်။

အားလုံးလိုက်နာနိုင်ရန် သစ် တောဦးစီးဌာနက အမိန့်ကြေညာ စာအမှတ် ၈၂၂/၂ဝ၁၆ ကို အောက် တိုဘာလ ၂၁ ရက်နေ့စွဲဖြ င့်ကြေညာ ထားပြီးဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။

သို့ရာတွင် ကန့်သတ်တားမြစ် မည့် ကာလမတိုင်မီ ပြည်ပသို့တင် ပို့ရန်အတွက် ထောက်ခံချက်ရရှိ ထားပါက ထောက်ခံချက်ပါ သက် တမ်းကုန်ဆုံးသည်အထိ တင်ပို့နိုင် ကြောင်း သစ်တောဦးစီးဌာနက ကြေညာထားသည်။

အဆိုပါ ကြေညာချက်အပေါ် မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းချုပ်က ကြို ဆိုခဲ့ကြပြီး၊ လက်ရှိအချိန်တွင် ကုန် ကြမ်း ရှားပါးနေကြောင်းနှင့် ပြည် တွင်း သုံးစွဲရမည့် ပြည်တွင်းသုံးသစ် များကို ပြည်ပသို့ ပို့နေရသည့်အ တွက် ပြည်တွင်းသစ်သုံး စွဲမှု လုံ လောက်ခြင်းမရှိ ဖြစ်နေကြောင်း အသင်းက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*