3:04 pm
မော်လမြိုင်၊ နိုဝင်ဘာ ၁၆
မွန်ပြည်နယ် မှ ထွက်ရှိသည့် အရည်အသွေးမြင့် ရာဘာ တန်ချိန်ငါးသောင်းကို စင်္ကာပူနိုင်ငံမှ ၀ယ်ယူရန် ကမ်းလှမ်းထားကြောင်း မွန်ပြည်နယ်၊ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။
မွန်ပြည်နယ် ထွက် ရာဘာများသည် သက်ဆိုင်ရာ ဌာနများ၏ ထောက်ပံ့ပေးမှုနှင့် နည်းပညာ အကူအညီလိုအပ်ချက်များကြောင့် အရည်အသွေးညံ့ဖျင်းနေပြီး ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးမထုတ်နိုင်ဘဲ ရာဘာဈေးကွက် ကျဆင်းနေကြောင်း၊ယင်းသို့မဖြစ်စေရန် ပြည်နယ်အစိုးရ၏ အကူအညီဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်လုံးမှာ ရာဘာအရည်အသွေးမြှင့် စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်
မွန်ပြည်နယ် ရာဘာစိုက်ပျိုးသူများအသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်က”ဈေးနှုန်းကိုဘယ်လောက်နဲ့ ၀ယ်မယ်ဆိုတာလဲ မသိရသေးပါဘူး။ ပမဏကိုတော့ MOU ထိုးထားတဲ့သဘောပါ။ တန်ငါးသောင်းထုတ်ပေးရမှာပါ်” ဟု ပြောသည်။
အဆင့်မြင့်ရာဘာပြား တန်ချိန်ငါးသောင်းဝယ်ယူရေးအတွက် မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်များအသင်းနဲ့ စင်ကာပူနိုင်ငံ ဟင်္သာအဂရီ ကုမ္ပဏီတို့ဟာ နိုဝင်ဘာလ ၁၄ရက်နေ့က မော်လမြိုင်မြို့ တော်ဝင်ဟင်္သာဟိုတယ်တွင် ရာဘာထုတ်ကုန်များ ၀ယ်ယူရေးဆိုင်ရာ MOU စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
မွန်ပြည်နယ်တွင် ရာဘာဧက (၅) သိန်းကျော်ရှိပြီးတစ်နှစ်လျှင် ရာဘာတန်ချိန် (၁) သိန်းကျော် ထုတ်လုပ်နေကြောင်းရာဘာလုပ်ငန်းရှင်များထံမှ သိရသည်။
ချမ်းလေး