စာသင်ကျောင်းတွေကိုတော့ ချမ်းသာပေးပါ မူးယစ်ဆေး

စာသင်ကျောင်းတွေကိုတော့ ချမ်းသာပေးပါ မူးယစ်ဆေး
November 2, 2016 Asian Fame

5:25 am
စာသင်ကျောင်းတွေကိုတော့ ချမ်းသာပေးပါ မူးယစ်ဆေး
In Articles

စာသင်ကျောင်းတွေကိုတော့ ချမ်းသာပေးပါ မူးယစ်ဆေး

kmae

စာသင်ကျောင်းများ၏ ကံဇာ တာမှာ ယခုတလော ညှိုးမှိန်နေ သည်ဟုပင် ဆိုရတော့မလိုဖြစ်နေ၏။ ယနေ့ ပညာရေးလောကတွင် ဆရာက တပည့်ကို မုဒိမ်းကျင့်မှု၊ကျောင်းသားအချင်းချင်း ဓားနှင့် ထိုးဖြေရှင်းနေမှု၊ ချင်းတွင်းမြစ်အတွင်း ဆရာ၊ ဆရာမများ အစုလိုက်အပြုံလိုက် ရေယာဉ်မှောက်သေဆုံး ခဲ့မှု၊ ဟိုဝင်ပူး၊ ဒီဝင်ပူးကိစ္စများနှင့် ကျောင်းသားပါးစပ်ထဲ ဖားပြုတ် ထည့်ပါးရိုက်ဆုံးမသည့် မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်က ‘ပညာ စံအိမ်’ ကိုယ်ပိုင်အထက်တန်း ကျောင်းက ဆရာကိစ္စ အစရှိသည့် ကိစ္စများ ဖြစ်နေရသည့်အထဲ မူလတန်းလွန်ကျောင်းအုပ်ကြီးကို ရဲက ယခုရက်ပိုင်းအတွင်း မူးယစ်မှုနှင့် အဖမ်းခံခဲ့ရ၍ဖြစ်သည်။

လုပ်သက်ရင့် ပညာရေးအရာထမ်းတစ်ဦးက ”ပညာရေးဘက်ကနေ အခုတလော ကြားနေရတဲ့ ကိစ္စတွေက တော်တော်လေးကို မကောင်းဖြစ်နေတာကို တွေ့နေရ တယ်”ဟု သူ၏ အမြင်ကိုပြောပြသည်။ ကျောင်းသားအချင်းချင်း စိတ်လိုက်မာန်ပါ လုပ်မှု၊ လက်လွန် သည့် ဆုံးမမှုတို့က ပညာရေးလော ကအတွင်း ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စဟု ဆိုနိုင်သော်လည်း တစ်ခါမှ မဖြစ်ဖူးသည့် မူးယစ်မှုနှင့် ဆရာတစ်ဦးဖမ်းခံရသည့်ကိစ္စကတော့ အထူးအဆန်းစာရင်းဝင်သွားသည် ဟုဆို၍ရကြောင်း သူကပြောသည်။ မူးယစ်ရဲတပ်ဖွဲ့မှ ပြောခွင့်ရ ရဲမှူးကြီး ရွှေညာမောင်က မူးယစ် မှုနှင့် ကျောင်းဆရာတစ်ဦး အဖမ်း ခံရသည့် ကိစ္စသည် ပညာရေး လောကအတွင်း ပထမဦးဆုံးဖြစ်ရပ်ဟု အတည်ပြုပေးသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ဝ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၊ နမ့်ဟူး ရွာ၊ မူလတန်းလွန်ကျောင်းက ကျောင်းအုပ်ကြီးနှင့် ရုံးခန်းထဲ လာလည်သူတို့ကို ရဲကသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေး ပြားများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများကို တွေ့ရှိခဲ့၍ ကျောင်းအုပ်ကြီးအပါ အဝင်သုံးဦးကို လက်ရှိတွင် အမှု ဖွင့်အရေးယူထားကြောင်း သူက ပြောပြပါသည်။ ”မူးယစ်ကိစ္စထဲ ဝန်ထမ်းပေါင်း စုံပါနေပြီလို့ ပြောလို့ရသွားပြီ” ဟု ရဲမှူးကြီးရွှေညာမောင်က ဆိုသည်။

ယခုလက်ရှိအချိန်တွင် တပ်မ တော်သားအချို့၊ ရဲဝန်ထမ်းအချို့၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းအချို့၊ နိုင်ငံကျော် သရုပ်ဆောင်အချို့တို့ သုံးစွဲ ပါဝင်ပတ်သက်နေသည့် မူး ယစ်ကိစ္စထဲ ပညာရေးကကျောင်း ဆရာတစ်ဦးပါ ပါနေကြောင်းပြော ၍ရသွားသည့်သဘောကို သူကဆို လိုခြင်းဖြစ်သည်။ ထိုကျောင်းအုပ် ကြီးက အသက်အရွယ်အားဖြင့် ၅ဝ ကျော်ရှိနေသည့် သူတစ်ဦးဖြစ် သည်ဟု သိရသည်။ သို့သော်လည်း ¤င်းမှာ မူးယစ်နွံထဲနစ်နေသူ၊ ကျောင်းရုံးခန်းတွင်ပင် သုံးစွဲနေသူ ဟု ရဲက လတ်တလော ခန့်မှန်းထားသည်။

”သူက ရောင်းချသူ မဟုတ်ပါဘူး၊ သုံးစွဲသူလို့ လတ်တလော သိထားပါတယ်။ ကျန်တာကိုတော့ ဆက်စစ်နေတုန်းပဲ” ဟု ရဲမှူးကြီးက ပြောသည်။ဒေသဆိုင်ရာ ပညာရေးဌာန ကမူ ရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှု ပြီးဆုံးသွားမှသာ ပညာရေးဘက်က လုပ်သင့်လုပ်ထိုက်သည်ကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။ ယင်းဖြစ်ရပ်က ကျောက်မဲ မြို့တစ်ခုလုံး တုန်လှုပ်မသွားသော် လည်း မူးယစ်ဆန့်ကျင်သူများနှင့် ကျောင်းသားမိဘ အများစုအတွက် တော့ တုန်လှုပ်စရာဖြစ်သွားခဲ့သည် ဟု ကျောက်မဲဒေသခံတို့က Popular News ကို ပြောပြကြသည်။

”ကျောင်းသားတွေကို လမ်း မှန်ရောက်အောင်၊ ကလေးတွေကို မူးယစ်ဆေးဝါးမသုံးအောင် ဆရာ ဖြစ်သူက ဆုံးမရမှာလေ၊ ခု သူ ကိုယ်တိုင် သုံးနေတယ်ဆိုတော့ ကလေးတွေအတွက် သူ့ကို ဘယ်လို အားကိုးယုံကြည်ရတော့မလဲ”ဟု ကျောက်မဲ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက သူ့သဘောထားကို ပြောသည်။ မူးယစ်ဆေးဝါး ဆိုသည်က နိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်၊ အုပ်ချုပ်ရေးမြို့တော် နေပြည်တော် တို့ကိုပင် အတားအဆီးမဲ့ ဝင်နေ သလားဟု ဆို၍ ရလောက်အောင် ပင် အလုံးအရင်းနှင့်ဝင်နေရာ ရဲက ယခု နောက်ပိုင်း စောင့်ကြည့်ရမည့်နေရာများထဲ စာသင်ကျောင်းကိုပင် ချန်၍မရတော့သည့် အခြေအနေဆိုက်ခဲ့ပြီဟု မြင်ကြောင်းကိုလည်းသူက ဆက်ပြောသည်။ ”အားလုံး ပူးပေါင်းတိုက်ထုတ်မှရတော့မယ်” ဟု ဦးတင်မောင် သိန်းက ဆိုသည်။

တက္ကသိုလ် ကျောင်းသား အသိုင်းအဝိုင်းထဲ ဇွတ်ဝင်နေသည့် မူးယစ်ဆေးဝါး၏ နောက်ထပ် ခြေလှမ်းက အခြေခံပညာကျောင်းထဲသို့ ရောက်မလာနိုင်အောင် ထိုသို့ ပူးပေါင်းတိုက်ထုတ်ရမည် ဖြစ်ကြောင်း သူက ပြောသည်။ မူးယစ်ရဲများက မူးယစ်ဆေး ဝါးပပျောက်ရေးသည် ငြိမ်းချမ်းရေး ရပြီးမှသာ ဖြစ်လိမ့်မည်ဟု ပြောခဲ့ ဖူးသည်။ မူးယစ်ဆန့်ကျင်သူများကတော့ နယ်စပ်မှ ဝင်လာသည့် မူးယစ်ဆေးများကို တိုင်းနှင့် ပြည် နယ်အသီးသီးက ပိတ်ဆို့ရှာဖွေတား ဆီးနိုင်လျှင် မူးယစ်ဆေးဝါးပပျောက်ရေးက ရနိုင်လောက်သည်ဟု ဆို ကြသည်။ ထိုနှစ်မျိုးနှင့် လုံးချာပတ်ချာလည်ပြီး အဖြေက မထွက်နိုင်ဘဲ မူးယစ်ဆေးက သက်ဆိုးရှည်နေ သည်။ နောက်ထပ်တစ်မျိုးက ရှိသေးသည်။ သုံးသူရှိ၍ တားမရနိုင်ဟု ဆိုခြင်းနှင့် သုံးသူဘက်ကလည်း ရောင်းသူရှိ၍ ရောင်းနေရသည်ဟု
ဆိုခြင်းပင်။ ထိုဆင်ခြေနှစ်ခုကြား ထဲတွင် မူးယစ်ဆေးက ခပ်တည်တည် ရပ်နေသည်။ ရန်ကုန်အခြေစိုက် မူးယစ်သုံး စွဲသူများအသင်းဥက္ကဋ္ဌ ကိုကျော်သူ က ”မတားဆီးနိုင်လို့လေ၊ ဒီမှာ ကြိုက်တဲ့သူက ဘယ်လောက်ပဲသုံး ချင်ချင် ရောင်းတဲ့သူရှိမှဗျ” ဟု ပြောသည်။ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပြောခွင့်ရ ရဲမှူးကြီး ရွှေညာမောင် က မူးယစ်အန္တရာယ်ကတစ်ဦးထဲတစ်ဖွဲ့တည်း လုပ်၍မရ၊ အားလုံးပူး ပေါင်းမှ ရမည်ဖြစ်သဖြင့် ဘက် ပေါင်းစုံက ပူးပေါင်းကြရန် ဖိတ် ခေါ်သည်။

”သုံးစွဲနေသူ၊ ရောင်းချဖြန့်ဖြူး နေသူကို တွေ့ရင် ရဲကို အကြောင်း ကြားပါ၊ အားလုံးက ဒီမူးယစ်ကို ရွံ့မုန်းကြမှ အမြစ်ပြတ်မှာပါ၊ ကျွန် တော်တို့ဘက်ကလည်း စာသင် ကျောင်းတွေအထိ ပညာပေးမှုတွေ ဆက်တိုက်လုပ်နေပါတယ်” ဟု ရဲမှူးကြီးက ပြောသည်။ ယနေ့အချိန်သည် မြန်မာနိုင် ငံ၏ ပညာရေးစနစ်ကို တိုးတက် အောင် ကြံဆောင်ရမည့်အချိန်၊ ပြုပြင်ပြောင်းလဲရမည့်အချိန်တွင် ပညာရေးကဏ္ဍဘက်က မကောင်း သတင်းနှင့် အဖြစ်အပျက်များ မထွက်စေရန် ပညာရေးလောက သားတို့က စောင့်ထိန်းသွားရမည့် အချိန်ဖြစ်သည်။ ထိုအချိန်မျိုးတွင် ယနေ့တိုင် ပပျောက်အောင် မဖြေ ရှင်းနိုင်သေးသည့် မူးယစ်နွံထဲ အ ခြေခံပညာကျောင်းအချို့ နစ်မြုပ်မှု မရှိစေရန် ကျောင်းသားတို့၏ စံပြ ဆရာတို့က မူးယစ်ကိုရှောင်ကြဉ် ကြခြင်းဖြင့် စံပြရပ်တည်ပြဖို့သာ ရှိတော့သည်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*