ဆေးခါးကြီး တစ်ခွက်

ဆေးခါးကြီး တစ်ခွက်
December 7, 2016 Asian Fame

8:27 am
ဆေးခါးကြီး တစ်ခွက်

soetein

(၁)

ဆိုကြပါစို့။ ကျွန်တော်ဟာ လူနာတစ် ယောက်ပဲဆိုပါစို့။ ကျွန်တော်ဟာ ဆေးခါးကြီး တစ်ခွက်ကို ကြိတ်မှိတ်မြိုချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ခံစားနေရတဲ့ ရောဂါဝေဒနာကို အမြန်ပျောက်ကင်းနေချင် လို့ပါ။ ဆေးကခါးပေမယ့် ရောဂါပျောက်လိမ့် မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ထားမှုက လည်း ရှိနေပြန်တယ်လေ။ ဒါ့အပြင်လည်း ဆေးခါးကြီးကို ဖော်စပ်တိုက်ကျွေးလိုက်တဲ့ ကုစားပေးနိုင်တယ်ဆိုသူအပေါ် ယုံကြည် အားကိုးထားမှုကြောင့်လည်း ပါတာပေါ့လေ။

ဆိုကြပါစို့။ ကျွန်တော်ဟာ ကုစားပေးနိုင် တဲ့သူတစ်ဦးပဲ ဆိုပါစို့။ ကိုယ့်ကို ယုံကြည်အား ထားပြီး ဆေးတစ်ခွက်လာတောင်းတဲ့အတွက် ဆေးခါးတစ်ဖုံဖော်ပေးလိုက်ပါတယ်။ အဲဒီ ဆေးတစ်ခွက်ဟာ ထိုသူအတွက် သင့်တော်အ ဆင်ပြေဖို့ရာအတွက် သေချာတပ်အပ်လည်း ဖြစ်နိုင်ပါတယ်။ အဆင်ပြေလောက်ပါရဲ့လို့ ဆိုတဲ့ သဘောမျိုးလည်း ဖြစ်သွားတတ်ပါ တယ်။ ဆေးချက်တည့်လေမလားလို့ စမ်းသပ် သလိုလည်း ဖြစ်နိုင်သေးတာပဲလေ။ဆိုကြပါစို့။ ကျွန်တော်ဟာ ကစားပွဲတွေ ကို ဘေးက ထိုင်ကြည့်လေ့ရှိတဲ့သူတစ်ဦးပဲလို့ ဆိုပါစို့။ အပေါ်က ကုစားနိုင်သူရယ်၊ ဝေဒနာ ခံစားနေရသူရယ်၊ ဆေးခါးတစ်ခွက်ရယ်ကို ဒီလိုပဲမြင်မိမှာပဲလေ။ ထိုသကာလ ဆေးခါးကြီးသည် ဆေးချက် တည့်၍ ဆေးလိုက်လေသော် လူနာတွင် ဝေဒနာအလျဉ်းပျောက်၍ ဆေးခါးကြီး သောက်ရကျိုးနပ်လေမည်။ ဆေးချက်လွဲလေ သော် ထိုသူသည် ဆေးခါးကြီးကိုသောက်လိုက် ရသည်သာ အဖတ်တင်ပေလိမ့်မည်။ ထိုဆေး ချက် နည်းနည်းလေးလွဲသည်ထက် ပိုခဲ့ရင်က ဆေးခါးက ဘေးပွားမသွားနိုင်ဟု တတ်အပ်မ ပြောနိုင်တော့ပါ။

(၂)
ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား ဆင်ခြင်မိ သည်။ ကိုယ့်ကိုတိုက်လာသည့် ဆေးခါးတစ် ခွက်ကို မျှော်လင့်ချက်တစ်ခု၊ ယုံကြည်မှုတစ်ခု တည်းအတွက်ကြောင့် ဘုမသိဘမသိ အောင့် အည်းမျိုချသင့်ပါရဲ့လား။ ဘာဖြစ်နေလို့ ဘာ အတွက်တိုက်ရတာလဲ၊ ဒီဆေးခါးထဲမှာ ဘာ တွေပါသလဲ။ ဒီဆေးခါးသောက်လိုက်လို့ ဘာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲဆို တာတွေလောက်တော့ အနည်းဆုံးမမေးမြန်း မဆွေးနွေးသင့်ဘူးလား၊ မလေ့လာမဆန်းစစ် သင့်ဘူးလားစသည်ဖြင့် စဉ်းစားဆင်ခြင်မိပါ သည်။

ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားဆင်ခြင်မိ သည်။ သူများကိုတိုက်ဖို့ ဆေးခါးဖော်စပ်ဖူး သည်။ အနာနှင့်ဆေး ကွက်တိဖြစ်စေနိုင်မည်၊ သောက်သုံးလို့ နောက်ဆက်တွဲအဖြစ် ဘာ တွေဖြစ်လာနိုင်သည်စသည်ဖြင့် ကိုယ့်ဆေး တစ်ခွက်ရဲ့ အာနိသင်နှင့် သက်ရောက်ဖြစ် ပေါ်လာနိုင်မှုတွေကို ကိုယ်ကိုယ်တိုင်ဂဃနဏ ဆန်းစစ်လေ့လာရင် ပိုမကောင်းပေဘူးလား။ သောက်သုံးမယ့်သူကိုလည်း ဆေးခါးအကြောင်း ကို နားလည်သဘောပေါက်ပြီး စိတ်လိုလက်ရ လက်ခံနိုင်အောင် သေသေချာချာ ဆွေးနွေး ပေးရင်ဖြင့် ပိုကောင်းမည် မဟုတ်ပေလား ဆို တာလေးတွေကို စဉ်းစားဆင်ခြင်မိပါသည်။

ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားဆင်ခြင်မိပါ သည်။ ကစားပွဲတစ်ခုကို ဘေးကကြည့်နေ သူတစ်ယောက်အနေနဲ့ ပွဲကစားမှုကို မဝင် ရောက်မစွက်ဖက်သင့်ပါဘူး။ ကစားပွဲ စည်း မျဉ်းပွဲတွေကလည်း အဲဒီလိုမဖြစ်အောင် စည်းမျဉ်းများနှင့် ကန့်သတ်ထားပါသည်။ အဲ ဒီတော့ စည်းအပြင်မှာပဲ ဝေဖန် လေကန်ပေါ့ နော်။ ဒါပေမယ့် အခုဟာက ကစားပွဲတစ်ခုမှ မဟုတ်တာ။ တွေ့တာမြင်တာ ယူဆမိတာ သုံးသပ်မိတာလေးတွေကို အပြုသဘောနဲ့ ထောက်ပြဆွေးနွေး အကြံပေးသင့်တာပေါ့။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ တတိယ သူရဲ့တာဝန်သိမှု (Responsibility of Third- Party) ပေါ့နော်။ သို့သော် ဘေးထိုင်ဘုပြော ပြီး ဂဏန်းလွယ်အိတ်လွယ်သလို၊ ဆူးလှည်း မောင်းသလိုတော့ မဖြစ်သင့်ဘူး ဆိုတာလေး တွေ စဉ်းစားဆင်ခြင်မိပါသည်။

(၃)

အခုခေတ်ကာလတွင် ကျွန်တော်တို့အ ပါအဝင် ပတ်ဝန်းကျင်တွင် ထိုသို့ဆေးချက် လွဲသော ဆေးခါးကြီးများကို ကောင်းလာနိုးနိုး ဖြင့် တိုက်သူကတိုက် ကောင်းလာမျှော်ကိုးနှင့် သောက်သူက သောက်မိကြသည်များကို နေ ရာစုံတွင် ကြာမိမြင်မိ သုံးသပ်မိလေသည်။ မနက်ခင်းတိုင်းမှာ အိပ်မက်ဆိုးတွေနဲ့ နိုးထခဲ့ ကြရသူတွေ၊ သန်းခေါင်ထက်တော့ ညဥ့်မနက် တော့တဲ့ အခြေအနေတို့တွေမှာ ကောင်းလာ နိုးနိုးဆိုတဲ့ မျှော်လင့်မှုလေးတွေဟာ ကောက် ရိုးမျှင်တစ်စပါပဲ။ ဆေးခါးကြီး တိုက်တယ်ဆို တာကလည်း ကောက်ရိုးမျှင်အစလေးဆွဲထား တဲ့ သူကို ဝါးလုံးနဲ့ ရစ်ကူဆွဲတင်သလိုပါပဲလေ။ တစ်ဖက်သားလူ ဝါးလုံးအကူကြောင့် အလျင် အမြန် ဆွဲတက်လာနိုင်သလို၊ အကယ်၍များ အနေအထား မမှန်ခဲ့ရင်တော့ ကောက်ရိုးမျှင် လည်း ပြတ်သွားနိုင်သလို ထိုးဝါးလုံးကြောင့် မြန်မြန်လည်း မြုပ်သွားနိုင်ပါတယ်။

ဆေးခါးကြီးတိုက်သင့်တဲ့ အခြေအနေ၊ တိုက်ဖို့လိုလာတဲ့ အခြေအနေ၊ တိုက်မှဖြစ် တော့မယ့်အခြေအနေတွေမှာ ဆီလျော်မှန် ကန်မှု အရှိဆုံးဖြစ်စေမယ့် ဆေးခါးကြီးကို အတိုင်းအဆနဲ့ တိုက်ဖို့ရာတွေ၊ သောက်သူမ မှန်းဆနိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက် တွေ ဘေးထွက်ဆိုးကျိုးတွေကို နည်းမှန်လမ်း မှန်နဲ့ တွက်ဆထောက်ပြပြီး ဝိုင်းဝန်းပေးဖို့ အ တွက်ရော နောက်လူတစ်ယောက် ရှိနေခဲ့ရင် ပိုကောင်း လိမ့်မယ်လို့လည်း ယူဆမိပါတယ်။ သို့သော် ထိုနောက်လူသည်သမာသမတ်ရှိပြီး စေတနာကောင်းဖြင့် နှိုင်းချင့်ကြံဆနိုင်သူ အပြုသဘောဆောင်သူဖြစ်ဖို့တော့ လိုအပ် တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဘေးလူ ရဲ့ စေတနာအမှားလေးပါဆိုတာကို ထပ်ထည့် လိုက်ရင် ဆေးကပို၍ ခါးတတ်သွားလို့ပါ။

(၄)

ရှေ့မှာပြောခဲ့တဲ့ ဆေးခါးကြီး သောက် သုံးလိုသူတွေဟာ အဖြူခံသက်သက်သူတွေ ပါ။ ပြည့်ပြည့်စုံစုံပြောမယ်ဟေ့ဆိုရင် သိသိ ကြီးနဲ့ ဆေးခါးကြီးကို သောက်ချလိုက်သူတွေ ကိုပါ ထည့်ပြောမှ ဖြစ်တော့မှာပေါ့။ တစ်ခါ တစ်ရံမှာ သူတို့တွေ ကိုယ်တိုင်က ဆေးခါးကြီး ကို ဖော်စပ်ဖြစ်အောင် တိုက်ဖြစ်စေအောင် လှုံ့ဆော်သူတွေ ဖြစ်နေတာကိုလည်း အံ့သြ ဖွယ်ရာ တွေ့ရတတ် ပြန်ပါတယ်။ ဟုတ်ပါပြီ၊ ဒါဆိုရင်မလိုအပ်ဘဲနဲ့ ဆေးခါးကြီးကို ဖော်စပ် တိုက်တဲ့သူတွေရော မရှိဘူးလားလို့ဆိုရင် မရှိ ဘူးလို့လည်း တတ်အပ်မပြောနိုင်ပါ။ ဆေးခါး ဖော်စပ်ဖြစ်ပုံ၊ တိုက်လိုက်ရသည့် သောက် လိုက်ရသည့် ဇာစ်မြစ်မှန်ကို မသိဘဲ ရမ်းတုပ် ကြသည့် ဘေးလူတွေကရော၊ သူတို့လည်းရှိ နေတတ်တာပဲလေ။ သြော်… ရိုးရိုးလေးနဲ့ မရှင်းတဲ့အကြောင်းအရာပါပဲလား။ ဒါကြောင့် မို့လို့လည်း ဆေးခါးကြီးတိုက်လိုက်ရတယ်ဆို တဲ့ ကိစ္စတော်တော်များများဟာ လက်ဖမိုးနဲ့ လက်ဖဝါးလိုပါလို့။ ကြည့်ရင်ကြည့်တဲ့ဘက်က ကြည့်သလို မြင်ကြတာပေါ့နော်။ကျွန်တော် ဆက်မပြောတတ်တော့ပါ။ သို့သော် မေတ္တာရပ်ခံအပ်ပါရစေ။ တကယ်လို အပ်သည့် အခြေအနေမှသာပင် ဆေးချက် မှန်သော ဆေးခါးကြီးကို ရိုးရှင်းသော စိတ် ထားကောင်းများဖြင့် တိုက်ကြပါသောက်ကြပါလို့ . .။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*