ကန္တာရလမ်း

ကန္တာရလမ်း
November 1, 2016 Asian Fame

9:00 am
ကန္တာရလမ်း
In Articles

ကန္တာရလမ်း

kyun

မျက်မှောက်ခေတ် ပြည် ထောင်စုမြန်မာနိုင်ငံ၏ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ရရှိလိုက် သော ကိုလိုနီထမ်းပိုး ကျွတ်ခဲ့သည့် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွား လာခြင်းဖြစ်သည်ဟု မှတ်တမ်းတင် လေ့ရှိကြသည်။ နှစ်ကာလဖြင့် ရေ တွက်သော်..နှစ်ပေါင်း ၇ဝ ပြည့် လုနီးလေပြီ။ သယံဇာတြ<ွကယ်ဝ၊ စိုက်ပျိုးမြေလည်း အလုံအလောက် ရှိ၊ များသောအားဖြင့် မိုးလေဝသ လည်း မှန်ကန်၊ လုပ်သားအင်အား စုလည်း ရှိတန်သလောက် ရှိနေ သော နိုင်ငံတစ်နိုင်ငံသည် (စီမံခန့် ခွဲမှုလည်း ကောင်းမွန် မျှတမည် ဆိုလျှင်..) နှစ်ပေါင်း၇ဝအတွင်း လက်ရှိဆိုက်ရောက်နေသော ဆင်း ရဲတွင်းထဲသို့ ကျွမ်းစိုက်နစ်ဝင်နေ စရာအကြောင်း ဘာမျှမရှိ။

သို့ရာတွင် အတိတ်သမိုင်း ကြောင်းကိုလည်း လုံးဝဖော်ထုတ် မေ့လျော့ထားပြီး ပစ္စုပ္ပန်တည့် တည့်ကိုသာ ကြည့်ရှုစမ်းသပ်နေ ရုံမျှဖြင့် ကောင်းမွန်သော အနာ ဂတ်ကို တည်ဆောက်နိုင်လိမ့်မည် မဟုတ်။ မြန်မာပြည်သား အားလုံး နှင့်အတူ အတိတ်သည် အရိပ်လို တောက်လျှောက်လိုက်ပါနေ ကပ် ငြိနေသည်။ ထိုအရိပ်သည်ပင် ပြည်တွင်းပဋိပက္ခများ ပေါ်ပေါက် စေသည့် မကောင်းဆိုးရွားဝိညာဉ် ဓာတ်ဖြစ်သည်။ ‘ကိုယ့်ဥမှ ကိုယ့် ဥ’ဟူသော လူမျိုးစွဲ ဥပါဒါန်စိတ် ဖြစ်သည်။ အရိုင်းဆန်သောအစွဲ၊ အရိုင်းဆန်သော စိတ္တဇနာ ဖြစ်သည်။

ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်သူဟု ကမ္ပည်းတင် ခြင်းခံရသူ အနော်ရထာမင်းစော နန်းတက်သည့် ၁ဝ၄၄ (အေဒီ) မတိုင်မီကပင် မြန်မာနိုင်ငံ နယ်နိ မိတ်အတွင်း၌ တိုင်းရင်းသားမျိုး နွယ်စုတကွဲတပြား ခြားခြားနားနား ရှိခဲ့ကြပြီး ဖြစ်ခဲ့သည်။ အနော်ရ ထာသည် သထုံကို တိုက်၍အောင် နိုင်ပြီး ဗုဒ္ဓဒေသနာတော်ပိဋက သုံးပုံကို ပုဂံနေပြည်တော်သို့ ယူ ဆောင်လာနိုင်ခဲ့သည့်တိုင် ဗုဒ္ဓဘာ သာကို နိုင်ငံတော် ဘာသာအဖြစ် မပြဋ္ဌာန်းနိုင်ခဲ့ပါ။ တိုင်းရင်းသား လူမျိုးအသီးသီးတို့သည် မိမိတို့ ယုံ ကြည် ကိုးကွယ်ရာ အသီးသီးဖြင့် နေထိုင်ခဲ့ ကြသည်သာ ဖြစ်သည်။ အရည်းကြီးတို့ကို နှိပ်ကွပ်နှိမ်နင်း ခဲ့သည်မှာ ပုဂံနေပြည်တော်နှင့် အာဏာသက်ရောက်ရာ ဒေသ များမှာသာဖြစ်လိမ့်မည်။ နယ်ဝေး အစွန်အဖျားရှိ တိုင်းရင်းသားမျိုး နွယ်စုတို့သည် သူတို့၏ မိရိုးဖလာ ကိုး ကွယ်မှုတို့ဖြင့်သာ စွဲမြဲကျင့်ကြံ နေခဲ့ကြမှာ သေချာသည်။ ယနေ့ ထက်ထိ ရိုးရာနတ်ကိုးကွယ်မှု ရှိ နေကြသော တိုင်းရင်းသားများကို ရှုပါ။ သူတို့တွင် ကိုးကွယ်ဦးညွတ် ပျဝပ်ရာ အထင်ကရဘာသာတရား များမရှိ။ ဗုဒ္ဓဘာသာသည် မြန်မာ များ ကိုးကွယ်ကြသည့် ဘာသာ တရားသာဖြစ်ပြီး တိုင်းရင်းသားအ များစုမှာ ခရစ်ယာန် ဘာသာဝင် များ ဖြစ်ကြသည်။

ပြည်ထောင်စုဖွား တိုင်းရင်း သားများအတွင်း မျိုးနွယ်ကွဲပြားမှု၊ ကိုးကွယ်ရာကွဲပြားမှုသာမက ယဉ် ကျေးမှု ထုံးဓလေ့များလည်း အကွဲ ကွဲအပြားပြားရှိကြသည်။ နိုင်ငံရေး အသိအမြင်များလည်း အကွဲကွဲ အပြားပြားရှိကြသည်။ ကွဲပြားမှု အဖုံဖုံကို လွှမ်းခြုံစုစည်းပြီး ပြည် ထောင်စု စိတ်ဓာတ် တည်ဆောက် ရေးမှာ သိမ်မွေ့နူးညံ့သလောက် ခက်ခဲကျပ်တည်းပြီး စိတ်ကူးယဉ် ဆန်သလိုလိုပင် ဖြစ်ကောင်းဖြစ်နိုင် သည်။ သီးခြားယဉ်ကျေးမှု ထုံးဓ လေ့လည်းရှိ၊ သီးခြားပထဝီဝင် ဒေသများမှာ နေထိုင်ကြ သူတိုင်းရင်းသား များသည် သီးခြားလွတ်လပ်ခွင့်ဖြင့်နေထိုင်လိုကြသည်မှာ သဘာဝကျသည်။

သို့သော် သမိုင်းသင်ခန်းစာအရ တကွဲတပြား တစ်တော တစ်ကြက်ဖတွန်၍ နေထိုင်ကြမည့်အစား အလံတော်တစ်ခုတည်းအောက် တွင် စုရုံးနေထိုင်ခြင်းက ပိုမို၍ အင်အားတောင့်တင်းပြီး လုံခြုံမှုအ တွက် အာမခံနိုင်ကြောင်း သိရှိ နားလည်ထားကြသည်။ ဤတွင် နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အမျိုးမျိုးကို စိစစ်ရွေးချယ်၍ မိမိ တို့နှင့် သပ္ပါယ အဖြစ်ဆုံးမူကိုသာ လက်ခံကျင့်သုံးချင် လာကြသည်။ မြန်မာနိုင်ငံသည် သဘာဝ ပထဝီဝင်အရ တောင်ပေါ်ဒေသနှင့် မြေ ပြန့်ဒေသဟူ၍ ကွဲပြားနေရာ လူများစု မြန်မာတွေက မြေပြန့်မှာ သာနေထိုင်ခဲ့ကြပြီး လူနည်းစုတိုင်း ရင်းသားတွေက ကုန်းမြင့်ဒေသနှင့် ပင်လယ် ကမ်းမြောင်ဒေသတွေမှာ သာ အခြေစိုက်ကြသည်။ ရှေးကတည်းက ဖြစ်တည်ခဲ့ သော နေထိုင်ရှင်သန်ရာ ပထဝီ ဒေသ ကွဲပြားမှုကလည်း မြန်မာနှင့် တိုင်းရင်းသားများအကြား ဘဝအခွင့်အလမ်းကွာခြားမှုကို ဖန်တီး သည်။ ပဒေသရာဇ်ခေတ် နှစ် ပေါင်း ၈ဝဝ ကျော်တစ်လျှောက် လုံး အင်အားကြီးသော မြန်မာများ က မင်းဆက် တစ်ဆက်ပြီး တစ်ဆက် စိုးမိုးခဲ့ခြင်းကိုလည်း တိုင်းရင်းသားများ က မေ့နိုင်ကြမည်မဟုတ်။ မြန်မာ ပဒေသရာဇ် အသိုင်းအဝိုင်းက အ ချို့သောတိုင်းရင်းသား မျိုးနွယ်စု များကို ကျေးတော်မျိုး ကျွန်တော် မျိုးအဖြစ်သာ သတ်မှတ်ခဲ့သော အဖြစ်သည် ကုစားဖြေဖျောက်ရန် ခက်ခဲလှသည့် ပဒေသရာဇ်ခေတ် အမွေဆိုးဖြစ်သည်။ မြန်မာများနှင့် တိုင်းရင်းသားမျိုးနွယ်စုများကြားမှ ကွာဟမှုကို သိနေခဲ့သော နယ်ချဲ့ အင်္ဂလိပ်သည် မြန်မာနိုင်ငံကိုအင် အားသုံး သိမ်းပိုက်လိုက်ပြီးသည် နှင့် မြန်မာနှင့်တိုင်းရင်းသားမျိုးနွယ်စုများကို ‘ခွဲခြားဆက်ဆံရေးမူဝါဒ’ Separatism ဖြင့် အုပ်ချုပ်သည်။ ခွဲခြားဆက်ဆံရေး မူဝါဒထဲတွင် နယ်ချဲ့အင်္ဂလိပ်က ဘာသာရေးကိုလည်း လက်နက်သဖွယ် အသုံးချသည်။ ယခင်က ရိုးရာနတ်များကိုသာ ကိုးကွယ်ဆည်းကပ်ခဲ့ ကြသော တိုင်းရင်းသားအများစုသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကုန်ကြသည်။ နယ်ချဲ့အစိုးရက အလုပ်အကိုင်ခန့်ထားရေးတွင် ခရစ်ယာန်ဘာသာဝင် တိုင်းရင်း သားများကို ဦးစားပေးခြင်းဖြင့် နယ်ချဲ့၏ သွေးခွဲရေး အစီအမံမှာ ပိုမိုထိရောက် ထက်မြက်လာသည်။ မည်မျှအထိ ထိရောက်ထက်မြက်ခဲ့ သနည်းဆိုလျှင် မြန်မာပြည် လွတ်လပ်ရေးရ ပြီး မကြာမီ လက်နက်ကိုင် ပုန်ကန်ကြသော အင်အားအကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင်များမှာ ခရစ်ယာန်ဘာသာဝင်က အများစု ဖြစ်နေပေတော့သည်။

နောင်နှစ်ပေါင်းများစွာ ကြာသော အခါ ထိုခရစ်ယာန် ဘာသာဝင် တိုင်းရင်းသား လက်နက်ကိုင်အုပ် စုကြီးကို အင်အားချင်း အထိန်း အကာပြုရန် လူမျိုးတူဗုဒ္ဓဘာသာဝင် လက်နက်ကိုင်အုပ်စုကြီး တစ်စု ပေါ်ပေါက်လာသည်။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းဖို့ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် တော်လှန်ရေးကောင်စီ အမည်ခံ စစ် အစိုးရမှအစပြု၍ စစ်အစိုးရ အ ဆက်ဆက်တွင် စစ်ပြိုင်တိုင်းရင်း သားအုပ်စုများနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ အပေး အယူများ လုပ်ခဲ့ကြသည်။ ဃြဗ ခေါ် အပစ်ရပ်အဖွဲ့များ ပေါ်ထွက် လာကြသည်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှစုစည်းထား သော နိုင်ငံရေးဥသျှောင် အဖွဲ့အ စည်းတစ်ရပ်လည်း ပေါ်ထွန်းလာ သည်။ စစ်အစိုးရ အဆက်ဆက် နှင့် ဆွေးနွေးညှိနှိုင်းလာခဲ့ကြသော တိုင်းရင်းသား အဖွဲ့အစည်းများ သည် အရပ်သားဒီမိုကရေစီ အစိုး ရသစ်နှင့် ဆက်လက်ဆွေးနွေးကြ ဦးမည်ဖြစ်သည်။ ယခုအခါ ‘ဖက် ဒရယ် ပြည်ထောင်စုမြန်မာ နိုင်ငံ တော်’ ဟူသော အသုံးအနှုန်းက လေထဲမှာ လွင့်ဝဲလျက်ရှိသည်။ စဉ်းစားစရာရှိသည်မှာ အဆို ပါ ဖက်ဒရယ်ပြည်ထောင်စုမြန် မာနိုင်ငံတော်ဆိုသည်ကို ၂ဝဝ၈ အခြေခံဥပဒေက ခွင့်ပြု၊ မပြု ဖြစ် သည်။ မည်သည့် အစိုးရပင် ဖြစ် စေ အခြေခံဥပဒေက ခွင့်ပြုမှသာ နိုင်ငံကို လိုရာအတိုင်း ပုံသွင်းစီမံ နိုင်မည်။ တပ်မတော်သည် ပြည် တွင်းပဋိပက္ခများချုပ်ငြိမ်း၍ ဖက် ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ တော် ပေါ်ပေါက်ရေးကို လို လားလက်ခံသည်ဆို လျှင် လူသာဓုခေါ် နတ်သာဓုခေါ် အခြေအနေ ကောင်းဖြစ်မည်။ မြန်မာနိုင်ငံ၏ တိမ်ညို တိမ်မည်း အုံ့ဆိုင်းနေသော နိုင်ငံ ရေးမိုးလေဝသသည် စိတ်နှလုံး ချမ်းမြေ့ဖွယ် သာယာကြည်လင် သွားလိမ့်မည်။

လက်ရှိ အခြေအနေကို ရှုမြင် ကြည့်သော် ငြိမ်းချမ်းရေးရဖို့ မဖြစ် မနေလိုအပ်ကြောင်း တွေ့ကြရ လိမ့်မည်။ ငြိမ်းချမ်းရေးအတွက် အပေးအယူမျှတရန် လိုသည်။ အ ပေးအယူ မတည့်၍ ဆွေးနွေးပွဲစား ပွဲဝိုင်းမှ ဆုတ်ခွာပြီး ချထားခဲ့သော လက်နက်တွေကို ပြန်ကိုင်ကြလျှင် ပြည်တွင်း ပဋိပက္ခဇာတ်မျောကြီး သည် ဘယ်တော့မှ မိုးလင်းချိန် ရောက်တော့မှာ မဟုတ်။ မြန်မာ နိုင်ငံသည် ဆင်းရဲတွင်းထဲ နစ် သည်ထက်နစ်မည်။ ဖွတ်လေ ညစ်လေဖြစ်မည်။ အိမ်နီးချင်းနိုင်ငံများ ကြားမှာ လက်ရှိရဲရဲဝံ့ဝံ့ ခေါင်းမော့ နိုင်သည့်ဘဝကနေ ခေါင်းငုံ့ရ သည့် ဘဝသို့ ရောက်သွားမည်။ နဂိုကမှ မြန်မာနိုင်ငံကို စီးပွားရေး အရ ကိုလိုနီပြုသူများသည် ပို၍ လက်ရဲဇက်ရဲ ဖြစ်လာကြသည်။ ရပ်ထဲရွာထဲတွင် မိသားစုတစ်စု ဆင်းရဲဒုက္ခရောက်နေလျှင် ပတ်ဝန်းကျင်က ကရုဏာသက်ဝင် ကူ ညီစောင့်ရှောက်ချင်ကြသည်။ အိမ် နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံ တကာ အသိုင်းအဝိုင်းမှာတော့ ထိုသို့မဟုတ်ပါ။ လောကသဘာဝအရ မနေသာ၍ ကူညီစောင့်ရှောက်ချင် စောင့်ရှောက်မည်။ စာနာထောက်ထား ကရုဏာပွားနေကြလိမ့်မည် မဟုတ်ပါ။ ဆင်းရဲသားအိမ်နှင့် ခြံ စည်းရိုးချင်းထိစပ်နေသော လူချမ်း သာအိမ်မှ အိမ်ကြီးရှင်သည် ဆင်း ရဲသားအိမ်ကို မျက်လုံးဒေါက် ထောက်ကြည့်ပြီး မလိုတမာ အကဲ ခတ်နေလိမ့်မည်။ အိမ်ကြီးရှင်၏ မလိုတမာမျက်လုံးတွေကို မြင်ရရုံ မျှနှင့် သူဆင်းရဲသည် ရှက်ရွံ့အားငယ်မိတတ်သည်။ ရှက်ရွံ့ရာမှ မာနဝင်ပြီး မခံချင်စိတ်ဖြင့် အိမ်ကြီးရှင်ကို စိန်ခေါ်အန်တု၍လည်း မရနိုင်ပါ။

ဆိုခဲ့သော ဘဝမျိုးတွေမှ လွတ်မြောက်အောင် တိုင်းရင်းသား အားလုံး အချင်းချင်းကြားမှာ သံ သယကင်းကြဖို့၊ အာဃာတမထား ကြဖို့၊ သာတူညီမျှ ဆက်ဆံကြဖို့သာ လိုသည်။ မကြာမီ ကျင်းပနိုင်တော့မည့် ဒုတိယပင်လုံညီလာခံကြီးမှာ လည်း တစ်အူထုံ့ဆင်းညီရင်းအစ် ကို စိတ်ဓာတ်တွေ လွှမ်းမိုး စီးပြန့် လာနိုင်ကြပါစေဟု ဆုတောင်းပါ သည်။ တောင်းသည့်ဆုနှင့်လည်း ပြည့်စေချင်ပါသည်။ လျှောက်ခဲ့ရ သော ကန္တာရလမ်း ဆုံးလုပြီဟု လည်း ခံစားနေရပါသည်။

ကြူးနစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*